(Unicode)
ရိုးရိုးရှင်းရှင်း ထုံးဖွဲ့ထားသည့် ဆံထုံးလေးထက်က
နှင်းဆီပန်းလေးဆီ အကြည့်ရောက်မိတော့ ဟိုး၁၀တန်းကျောင်းသူဘဝက စိမ်းအတွက်ရည်ရွယ်ထားတဲ့ နှင်းဆီပန်းလေးကိုင်ကာ နားနေခန်းရှေ့ကစောင့်ခဲ့ရသည့် အချိန်လေးကိုပြန်၍ အမှတ်ရမိသည်။ ကျောင်းစိမ်းဝတ်စုံ အဖြူအစိမ်းလေးနှင့်သူမဟာ ရိပ်အမြင်မှာတော့ ဟိုးတချိန်
စတွေ့ခါစကလိုပင် လှမြဲလှနေဆဲ။ မိမိဆီသို့ လျှောက်လာ
သည့်စိမ်းအား ငေး၍သာကြည့်နေမိသည်။''ရိပ်''
''ရှင်''
''ဘာလို့ အဲ့လောက်တောင်ကြည့်နေရတာလဲ''
''............''
ရိပ် ဘာမှပြန်မပြောပဲ ပြုံး၍ သာစိုက်ကြည့်နေသည်။
ထိုအကြည့်တို့ကြောင့် စိမ်းမှာလည်း မျက်လုံးကလေး အဝိုင်းသားနှင့် ပြန်၍ ကြည့်နေမိသည်။လေးနက်စွာ
ကြည့်လာသည့် ထိုအကြည့်တို့ကိုလည်း စိမ်း အကြိမ်ကြိမ်အခါခါပင်တောင်းတမိသည်။ ဘယ်လောက်ပဲ အချိန်တွေကြာသွားပါစေ ထိုအကြည်တို့နှင့် ကြုံဆုံမိသည့်အခိုက်
ရင်ခုန်သံတွေ မထိန်းချုပ်နိုင်အောင်ပဲ။''ရိပ်....မမကို ဘယ်အချိန်ထိ ကြည့်နေမှာလဲ''
''ဘာလို့လဲမမ...ကြည့်လို့မရဘူးလား''
မိမိအား အကြည့်မလွှဲပဲ ပြောလာသည့်ထိုစကားကြောင့်
စိမ်း မျက်လွှာလေးချထားမိ၏။ ထို ညှို့မျက်ဝန်းတွေကိုလည်း စိမ်းမလွန်ဆန်ဝံ့ပါ။''ရိပ်ကလေ မမရဲ့ နှုတ်ခမ်းလေးတွေကိုတောင်
နမ်းပစ်လိုက်ချင်တာ''ထိုအပြောလေးကြောင့် စိမ်းအလန့်တကြား မျက်လုံးကလေး
ပြူးကာ မော့ကြည့်လာသည်။ ထိုအခါရိပ် သဘောကျစွာပြုံးလိုက်ပြီး ''ပြောလေ''ဆိုသည့် သဘောဖြင့် မျက်ခုံးလေးပင့်လိုက်၏။ ထိုအခါ စိမ်း၏ မျက်လုံးကလေးတွေဟာ
စိတ်လှုပ်ရှားဟန် ထင်ဟပ်လို့နေ၏။''ဟို...ရိပ်...အဲ့ဒါက....''
''အင်း....ဆက်ပြောလေ..''
စိမ်း...ရိပ်အား မဝံ့မရဲလေး ကြည့်ကာ.....
''ဟို...ကျောင်းရှေ့မှာ ကလေးတွေလည်း...ရှိနေတော့''
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။