Part-12

6.2K 276 3
                                    

(Unicode)

ပုံမှန်အားဖြင့် စာလိုက်နိုင်သည့် ကျောင်းသားတယောက်အတွက် အဂ်လိပ်စာ၏ အောင်မှတ်ဝင်ရန် လွယ်ကူသော်လည်း စာမလိုက်နိုင်သည့် ကျောင်းသားများအတွက်တော့ အနည်းငယ်ခက်ခဲနိုင်သည်။အဂ်လိပ်စာဘာသာရပ်တွင်အောင်မှတ်ဝင်ရန် Grammarအပိုင်း ဟာလည်း အတန်သင့်အရေးပါလှသည်။ထို့ကြောင့် Grammar နှင့်ပတ်သက်သည့်အပိုင်းကို ကလေးများ လွယ်ကူစွာနားလည်နိုင်ရန်
ကဗျာတိုလေးများဖြင့်သော်လည်းကောင်း၊ မှတ်စုလေးများဖြင့် သော်လည်းကောင်း သီးသန့်ထုတ်နေခြင်းဖြစ်သည်။

စိမ်းကတော့ စာတော်သည့်အခန်းဖြစ်စေ၊ စာညံ့ သည့်အခန်းဖြစ်စေ အောင်မှတ်ရရန်သာ အရင်သင်လေ့ရှိသည်။အဘယ်ကြောင့်ဆိုသော် အောင်မှတ်ဆိုသည့်အရာကသာ
ပထမဦးစားပေးမဟုတ်လား။(A)ခန်းဖြစ်လို့ (I)ခန်းဖြစ်လို့ဟူ၍ခွဲခြားမသင်။ အတန်းတိုင်းကိုပင် ဤနည်းစနစ်အတိုင်း
သင်ကြားသည်။နာရီဝက်လောက် ကြာသည့်အခါ စိမ်းလည်း
အလုပ်တွေ ပြီးပြီဖြစ်လို့ ဝင်းပပ ဆီသို့ ဖုန်းပြန်ခေါ်လိုက်သည်။

''ပပ ပြောလို့ရပြီ''

''စိမ်း နင်ခုနကမအားလို့လား''

''အေး ကလေးတွေအတွက် Grammar note လေးတွေ ထုတ်ပေးနေလို့''

''ဟွန်း...နင်ကလည်း duty ချိန်တွေကြား မနည်းအချိန်လုနေရတဲ့ ငါ့ကိုကျနည်းနည်းလေး တောင်ဦးစားမပေးဘူး''

''ပပရယ်..ငါက ဆရာမတ​ယောက်လေဟယ်။
ငါ့ကျောင်းသားတွေကသာ ငါ့အတွက်
နံပါတ် (၁)ဖြစ်နေရမှာပေါ့''

''အေးပါ..ကလေးများရဲ့ မိခင်ကြီးရဲ့
နင်နဲ့ကလျာလည်းနော် အမြဲ အဲ့ကလေးတွေအတွက်ပဲ
တွေးပေးနေကြသိလား။ ကိုယ်မွေးထားတာလည်း
တယောက်မှ မပါပဲနဲ့''

''အေးပါ.. ပပရယ်..စိတ်မဆိုးပါနဲ့တော့။ ပြောမယ်ဆိုတဲ့ အကြောင်းလေး ပြောပါအုံးဟ''

''အော် အဲ့ဒါက ရဲနောင် ရန်ကုန်ပြန်လာမယ်တဲ့
ကလျာ့ကိုတော့ မပြောနဲ့အုံးနော်
သူ့ချစ်ချစ် Suprise ဖြစ်သွားအောင်လို့တဲ့လေ
သူ့ညီက ကျောင်းပြီးပြီဆိုတော့ ပြင်ဦးလွင်က
ခြံကိစ္စတွေ သူ့ညီနဲ့ လွှဲထားခဲ့တော့မယ်တဲ့။ သူ့မိဘတွေလည်း အသက်ကြီးနေပြီဆိုတော့ ရန်ကုန်က ဆိုင်အလုပ်တွေလည်း မလုပ်စေချင်တော့တာနဲ့ သူပဲ ပြန်လာပြီးဦးစီးတော့မယ်တဲ့''

''အချစ်ဟုခေါ်သည်''Where stories live. Discover now