(Unicode)
အလုပ်တွေအမြဲရှုပ်နေသည့် ဒေါ်မေနန်းတယောက်
သမီးဖြစ်သူရဲ့အကြောင်း ဆွေးနွေးရန် ''Green''coffee
ဆိုင်သို့ ရောက်လာခဲ့သည်။ဆိုင်ဝန်ထမ်းလေးမှ
ဒေါ်မေနန်း နှင့် စိမ်းတို့ထိုင်နေသည့် စားပွဲဝိုင်းလေးသို့ coffeeခွက် လေးများလာချပေးလေသည်။''မနန်း... စိမ်း မနန်းကို စိမ်းရဲ့အစ်မတယောက်လို
သဘောထားပြီး သတိပေးချင်တာလေး ရှိတယ်''''အင်း ပြောပါ စိမ်း။ အစ်မ ကို ပွင့်ပွင့်လင်းလင်း
ပြောပါ ရပါတယ်''''စိမ်းအနေနဲ့ မနန်း ရိပ်လေး အပေါ်အချိန်ပေးဖို့
ပြောချင်တယ်။ရိပ်ကို စိမ်း ခံစားခဲ့ရသလိုမျိုး
စိတ်ဒဏ်ရာတွေ မရစေချင်ဘူး။စိမ်း မနန်းကိုလည်း
ကိုယ်ချင်းစာပါတယ်။ မနန်း တယောက်တည်း
မိသားစု စီးပွားရေးကို ဦးစီးနေရတာ မလွယ်မှန်းလည်း
သိပါတယ်။ဒါပေမဲ့ အခုချိန်မှာ ရိပ်က အရမ်းငယ်သေးတယ်။အခုလို သူ ငယ်ရွယ်ချိန်မှာ ခံစားခဲ့ရတဲ့ အဲ့ခံစားချက်တွေက သူအသက်ကြီးတဲ့အထိ အမြစ်တွယ်ပြီးပါသွားနိုင်တယ်။အဲ့ဒါကြောင့်မို့ ဖြစ်နိုင်ရင် ရိပ်ကို နည်းနည်းလောက်ဖြစ်ဖြစ် အချိန်ပေးစေချင်တယ်''''အစ်မ နားလည်ပါတယ်။ရိပ်လေးအပေါ် လစ်ဟင်းခဲ့တာတွေလည်း အစ်မကိုယ် အစ်မ သိပါတယ်။ ရိပ်အစ်မ
အပေါ် ဆက်ဆံပုံတွေက အရမ်းအေးစက်လွန်းတယ်။
အမှန်တိုင်းပြော ရရင် ရိပ် အစ်မကို အခုလို ဆက်ဆံနေတာတွေကိုအစ်မ အရမ်းဝမ်းနည်းမိတယ်။အစ်မ..
အစ်မဘဝမှာလေ....ရိပ်ကို... အချစ်ဆုံးပါ။အစ်မမှာ..
ဒီသမီးလေးတယောက်တည်း..ရှိတာ..အစ်မ..သိပ်..သိပ်ချစ်တာပေါ့ ...ဒါပေမဲ့ ရိပ်လေးကတော့..
အစ်မရဲ့အချစ်..တွေကို....''ဒေါ်မေနန်း ပြောနေရင်းပဲ မျက်ရည်ကျမိလေသည်။စိမ်း ကတော့ ဒေါ်မေနန်းအား ဂရုဏာသက်စွာ ကြည့်နေမိ၏။
''ရိပ် စာမေးပွဲ ဖြေပြီးတဲ့နေ့က... အိမ်ပြန်လာတော့လေ
အစ်မက ''သမီး ဖြေနိုင်ရဲ့လား''လို့ မေးတော့ ရိပ်က
''ရိပ်အကြောင်းတွေကို စိတ်ဝင်စားချင်ယောင်ဆောင်
မနေပါနဲ့''တဲ့။ စိမ်းရယ်...အစ်မ..အစ်မရင်တွေ....ကွဲမတတ်
ခံစားရတယ်။ရင်ထဲမှာလေ...စူးနစ်.နေအောင်..
ခံစားရတယ်။''
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။