Part-10

6.6K 272 5
                                    

(Unicode)

''ခြူး ရိပ်တို့ ဘာစားကြမလဲ''

''ပီဇာ စားမယ်လေ''

''okလေ ပီဇာစားကြတာပေါ့''

ပီဇာ ဆိုင်ထဲဝင်တော့ ရိပ်မှန်တံခါးလေးအား ဆွဲဖွင့်၍ ခြူးအားအရင်ဝင်စေသည်။ ခြူးကတော့ ရိပ်ရဲ့ အပြုအမူလေး
ကြောင့် သိပ်ကိုမှကျေနပ်နေမိသည်။ထို့နောက် ထိုင်ခုံလေးနှစ်ခုနှင့် စားပွဲဝိုင်းလေးမှာ တယောက်နှင့်တယောက် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကြသည်။
ထိုအချိန် ဆိုင်ဝန်ထမ်းလေးလည်း menu စာအုပ်လေးကိုင်ကာ ရိပ်တို့ စားပွဲလေးဆီရောက်လာသည်။ခြူးက menu စာအုပ်လေး ဖွင့်ပြီး တချက်ကြည့်ကာ...

''ရိပ် ဘယ်ဟာစားမလဲဟင်''

''ခြူး အဆင်ပြေတာပဲမှာလိုက်လေ
ရိပ်က အဆင်ပြေပါတယ်''

''okလေ အာ့ဆို ခြူးရွေးလိုက်မယ်နော်''

ခြူးmenu ထဲမှ ရွေးလိုက်ပြီး ဝန်းထမ်းကောင်လေးကို ကြည့်ကာ....

'' Double cheese shirmp pizza လေးမှာမယ်နော် အစ်ကို''

''ဟုတ်ကဲ့ ခင်ဗျ။ ဆိုဒ်ကရော ဘယ်လောက်ဆိုဒ်လေး
ယူမလဲ ခင်ဗျ''

'' 10'' ပဲ အစ်ကို''

''ဟုတ်ကဲ့ ခင်ဗျ''

''အင်း ပြီးတော့  ရိပ် ဘာသောက်အုံးမလဲ''

''Blueberry Soda ပဲ သောက်မယ် ခြူး''

''ဟုတ်ပြီ အာ့ဆို Blueberry Soda နှစ်ခွက်ရယ်
ဒါပဲနော် အစ်ကို''

''ဟုတ်ကဲ့ ခင်ဗျ''

ဝန်ထမ်းလေး ထွက်သွားတော့မှ ခြူး ရိပ်အားကြည့်ကာ...

''ရိပ်က Blueberry Soda  ကြိုက်တာလားဟင်''

''အင်း အဲ့လိုတော့လည်း အရမ်းအကြိုက်ကြီး
မဟုတ်ပါဘူး''

''အော်''

''ဒါနဲ့လေ ခြူး ရိပ်တို့ကျောင်းမှာ လပတ်စာမေးပွဲဖြေရတော့မယ်။ခြူးတို့ရော ဘယ်တော့ဖြေရမလဲ''

''အင်း ခြူးတို့လည်း ဖြေရတော့မှာ...
သိပ်တောင်မလိုတော့ဘူး''

''ခြူး စာတွေရနေပြီလား''

''ရသင့်သလောက်တော့ ရနေပါပြီ ဟီးဟီး...ရိပ်ရော''

''အချစ်ဟုခေါ်သည်''Where stories live. Discover now