(Unicode)
''မောင် အဲ့ဒီပန်းအိုးလေးက ဒီနားမှာထားမှာ''
''ဒီနားလား''
''အင်း''
ဝတ်ရည်သဘောကျ ပန်းအိုးလေးအား လက်ညှိုးညွှန်ရာသို့
မငြီးမငြူ ရွှေ့ပေးနေသည်။ တကိုယ်လုံးချွေးများစိုရွှဲကာ
မောနေသော်လည်း ဝတ်ရည်၏ အပြုံးလေးကြောင့်
မငြင်းရက်ရှာ။ကောင်းခန့်မိဘများက အိမ်လေးတလုံးအပြင်
တိုက်ခန်းလေး တခန်းပါလက်ဖွဲ့သည်။
အခုကတော့ ကောင်းခန့်မိဘများလက်ဖွဲ့ထားသည့် တိုက်ခန်းလေးတခုတွင်ဖြစ်၏။ ဝရံတာမှာ ပန်းအိုး
ကလေးတွေထားချင်ပါတယ်ဆိုသည့် ဝတ်ရည်၏
ဆန္ဒကြောင့် သူမ ကြိုက်တတ်သည့် ပန်းလေးများအား
သေချာတယုတယ ပြင်ဆင်ပေးနေခြင်းဖြစ်သည်။''ရော့ မောင်...ရေသောက်''
ဝတ်ရည်ကမ်းပေးလာသည့် ဖန်ခွက်လေးအား လှမ်းယူ၍
တကျိုက်တည်း မော့ချလိုက်သည်။''အမောကိုပြေသွားတာပဲကွာ...ရေကြောင့်တော့
မဟုတ်ဘူး...မောင့်အိမ်သူရဲ့ အပြုံးလေးကြောင့်''ဝတ်ရည်၏ပါးလေးအား ကိုင်ကာ ပြောလာသည့်
ကောင်းခန့်ကြောင့် ဝတ်ရည် ကျေနပ်ပီတီဖြစ်ကာ
တပြုံးပြုံးဖြင့်။''မောင်ကလေ ပိုကိုပိုတယ် သိလား''
''မပိုပါဘူးကွာ လိုတောင်လိုနေသေးတာ''
''ကဲပါ...အခုတော့ နားတော့''
''ခဏလေး ငယ်...မောင်လုပ်စရာရှိသေးတယ်''
ကောင်းခန့်က luggage ထဲက ဗီနိုင်းလိပ်တခုအားထုတ်လာသည်။ဝတ်ရည်ရှေ့တွင် ထို ဗီနိုင်းအလိပ်လေးအား ဖြည်ချပြလိုက်သည်။ ထိုအချိန် မြင်လိုက်ရသည့် ပုံလေးတခုကြောင့်
ဝတ်ရည်မျက်နှာလေး ညှိုးသွားခဲ့ရ၏။''ချစ်စရာလေး မို့လား ငယ်။ မောင်က ကလေးသိပ်ချစ်တတ်တာ ငယ်ရဲ့။ တကယ်လို့ ငယ်ကလေးလေးယူဖို့
ဆန္ဒရှိလာခဲ့ရင်လေ မောင်နဲ့တူတဲ့ ကလေးလေးမွေးပေးနော်''ထိုပုံလေးအား ကြည့်၍ အပြုံးပန်းဝေနေသော မျက်နှာလေးဖြင့် ပြောလာသည်။ မျှော်လင့်ချက်လေးများဖြင့် အရောင်လဲ့နေသော ချစ်ရသူ၏ မျက်ဝန်းလေးအား ကြည့်၍
ဝတ်ရည် မျက်ရည်ဝဲလာရသည်။
သို့သော် ကောင်းခန့်ထိုအရာအား သတိမထားမိခဲ့။
![](https://img.wattpad.com/cover/326435404-288-k254141.jpg)
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။