(Unicode)
''အဲ့ဒီ ဘေးနားပတ်ဝန်းကျင်က မြင်လိုက်တဲ့သူတွေပြောတာကတော့ တဖက်က ယာဥ်မောင်းက စိမ်းကားရှေ့တည့်တည့်ကို လမ်းပြောင်းပြန်ကို မောင်းလာတာတဲ့...သူတို့ခန့်မှန်းချက်အရတော့ တမင်လုပ်ကြံတယ်လို့ထင်တာပဲတဲ့''
ထိုစကားကြောင့် ရိပ်ဒေါသအတော်လေး ဖြစ်သွားပြီး အံကြိတ်ထားသည်မှာမေးရိုးများပင် ထင်းလာခဲ့လေသည်။ ဘယ်သူ့ရဲ့လက်ချက်လည်း ဆိုတာလည်း ရိပ်အသေချာပင် သိပြီးသား။ သို့ပေမယ့်လည်း အသက်အန္တရာယ်အထိ ထိခိုက်အောင် လုပ်လိမ့်မည်ဟု ရိပ်မထင်ထားမိခဲ့။
''သက်ဆိုင်ရာဘက်ကတော့
တရားခံကို ရှာနေဆဲပဲတဲ့''''ဟုတ်ကဲ့ အခုလို ရိပ်တို့ကိုအများကြီးကူညီပေးခဲ့လို့ကျေးဇူးတင်ပါတယ် ကိုကြီး''
''ရပါတယ် ရိပ်ရယ်...ကျေးဇူးတင်ဖို့မလိုပါဘူး''
ရိပ်နှင့် ရဲနောင်တို့ ဆေးရုံအခန်းအပြင်ဘက်တွင် ခဏမျှ
စကားပြောပြီးသည့်နောက် ရိပ်အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ အခန်းထဲတွင်တော့ ကလျာနှင့် ဝင်းပပတို့လည်း
စိမ်းအနားတွင် ရှိနေ၏။''မမ ရိပ် အပြင်ခဏသွားအုံးမယ်နော်''
'' ဘယ်ကိုသွားမလို့လဲဟင် ရိပ်''
''အာ...ဒီအတိုင်း ကိစ္စလေးရှိလို့ ခဏပါပဲ''
ထိုအခါ စိမ်းက ရိပ်၏ လက်လေးအား လှမ်း၍ ကိုင်လိုက်ပြီး...
''မသွားပါနဲ့လား ရိပ်ရယ်...မမအနားမှာပဲ နေပေးပါလားဟင်''
စိမ်းက အရည်လဲ့နေသော မျက်လုံးကလေးဖြင့် ကြည့်ကာ
ငိုသံနှောနေသော အသံကလေးဖြင့် ပြောလာ၏။ ထိုအခါ ရိပ်က စိမ်း၏ ပါးလေးအား နူးညံစွာကိုင်ကာ ခပ်ရေးရေးလေးပြုံးပြ၍...''ရိပ် ခဏလေးပဲ သွားမှာပါမမ...ရိပ်ကို ယုံကြည်ပေးပါ
ရိပ် မမဆီသေချာပေါက် ပြန်လာခဲ့ပါ့မယ်...
နောက်ဆုံးတခေါက် အနေနဲ့ ခွင့်ပြုပေးပါနော်
ဒီတခါ ပြီးရင် အဲ့ဒီအရပ်ကို ဘယ်တော့မှ ခြေမလှမ်းတော့ဘူး။ မမနဲ့ အတူထာဝရ ရှိနေပါ့မယ်''''သေချာပေါက် မမဆီပြန်လာရမယ်နော် ရိပ်''
''ပြန်လာမှာပေါ့ မမရယ်.... သေချာပေါက်ပြန်လာမှာပေါ့''

YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။