(Unicode)
ရိပ်အိမ်သို့ ပြန်ရောက်သည့်အခါ အခန်းထဲသို့ဝင်ကာ
ကုတင်ပေါ်မောက်ရက် လှဲချလိုက်ပြီး ခေါင်းအုံးနှင့် မျက်နှာအပ်ကာ ငိုလေတော့သည်။စိမ်းအား ဒေါသဖြစ်စေခဲ့သည့်
လုပ်ရပ်ကြောင့် ကိုယ်ကိုကိုယ်သာ အကြိမ်ကြိမ် အပြစ်တင်နေမိတော့သည်။ ည(၇) နာရီလောက် မှာညစာ ထမင်းစားရန်အတွက် ဒေါ်မေနန်း ရိပ်အားလာခေါ်လေသည်။''ဒေါက်...ဒေါက်....ဒေါက်..''
''ရိပ် ထမင်းစားရအောင်လေ''
အထဲမှ တံခါးဖွင်လိုက်သည်နှင့် မြင်လိုက်ရသည့်ရိပ်၏နီမြန်းနေသောမျက်လုံးများအား ဒေါ်မေနန်း
သတိထားမိသည်။ရိပ်ကတော့ ဒေါ်မေနန်းအား တင်းကြပ်စွာဖက်ထားလိုက်ပြီး ကလေးတယောက်လိုသာ ငိုချ ပြန်သည်။''ရိပ်.... သမီး ဘာဖြစ်လို့လဲ သမီးရယ်''
''.......''
ရိပ်ကတော့ ငိုသာငိုနေဆဲပင်။
''ရိပ်ရယ် မေမေစိတ်ပူလိုက်တာ ဘာဖြစ်တာလဲ''
ထိုအခါမှ ရိပ်လည်း ဖက်ထားသောလက်များအား
လွှတ်လိုက်ကာ...''မေမေ... မမက ရိပ်ကို... စိတ်ဆိုးသွားပြီ။
ရိပ်ကို စာသင်မပေးတော့ဘူးထင်တယ် ဟင့်''''ဟင်...ဘာလို့လဲ သမီးရဲ့''
''မေမေ..ရိပ်..ဒီနေ့..ကျောင်းမတက်ပဲ ကျောင်းပြေးခဲ့တာ။
အဲ့ဒါ မမက...အင့်.. သိသွားတယ်။ ရိပ်က အိမ်မှာပဲ စာလုပ်နေတာပါလို့ လိမ်လိုက်မိတာ။ မမ... ရိပ်ကို..အရမ်းစိတ်ဆိုးသွားပြီ...အင့်ဟင့်..''''ရိပ်ရယ်..ဘာလို့များ အဲ့လိုလုပ်ရတာလဲကွယ်''
''ရိပ် မမဆီမှာ အရိုက်ခံပြီးပါပြီ။ ဒါပေမဲ့ မမက..
စိတ်ဆိုးနေတုန်း ထင်တယ်...ရိပ်..ရိပ်....
ဘယ်လိုလုပ်ရမလဲဟင်'''' စိမ်းက အကြာကြီးတော့ စိတ်မဆိုးလောက်ပါဘူး''
''ဟင့်..မေမေ...ရိပ်မှားတာပါ။
ရိပ်..အသုံးမကျလို့.. ဖြစ်ရတာ''''ကဲပါ..အမှားကိုသိတာ ကောင်းပါတယ်။
စိမ်း ကိုနောက်ထပ် တောင်းပန်လိုက်ပါ။
စိမ်းက အဲ့လောက် ရက်စက်တတ်တဲ့သူမျိုး မဟုတ်ပါဘူး။
အခုတော့ မေမေဆေးလိမ်းပေးမယ်နော်''
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။