Part-55(Final)

16.9K 348 22
                                    

(Unicode)

ကောင်းခန့် စွမ်းသုတရဲ့ သင်္ချာအဖြေများအား စစ်နေ
ရင်း အလိုမကျဖြစ်နေ၏။ဒီကလေးက သင်္ချာဘာသာမှာ
ညံ့တာမျိုး မဟုတ်ပေမယ့် အရမ်းရှမ်းတတ်သည်လေ။
၁၀တန်းကျောင်းသား တယောက်ဖြစ်နေပြီမို့ ကောင်းခန့်ကိုယ်တိုင် သေချာလေးကြပ်မတ်ပေးနေရသည်။

''သုတ မင်းက အရမ်းရှမ်းတာပဲကွာ''

''.................''

''ဒီမှာကြည့်အုံး ဒါတွေက မှားသင့်ရဲ့လား''

စွမ်းသုတ အရှေ့ စာအုပ်လေးထိုးပေးလိုက်တော့
မှင်နီဖြင့်ဝိုင်းထားသည့် အမှားတွေအား သေချာလေးပြန်
ကြည့်နေ၏။

''သားတောင်းပန်ပါတယ် ဖေဖေ''

''စာမေးပွဲမှာ ''သားတောင်ပန်ပါတယ်'' ဆိုတဲ့
စကားမျိုး ပြောလို့မရဘူး သုတ''

''...............''

''စာလုပ်ရင် နမော်နမဲ့နဲ့....နောက်အဲ့လို မရှမ်းနဲ့စမ်း
ဖေဖေ မကြိုက်ဘူး သုတ''

''ဟုတ်''

''ကဲ...အခု မနေ့က ကျက်ခိုင်းထားတဲ့
ခက်ဆစ်တွေ ပြန်နွှေး''

''ဟုတ် ဖေဖေ''

ကောင်းခန့် အင်္ဂလိပ် မေးခွန်းဟောင်းစာအုပ်ထဲမှ
grammar အပုဒ်လေးများအား ရွေးပေးနေ၏။
မျက်မှန်လေးတပ်ထားပြီး ရှပ်လက်တို မိုး​ပြာရောင်လေး
ကို ပုဆိုးနီညိုရောင်အကွက်လေးနဲ့တွဲဝတ်ထားသော
ကောင်းခန့်ဟာ ခန့်ခန့်ညားညားနှင့်ကြည့်ကောင်းနေဆဲ။
ယခုချိန်ထိလည်း ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီး
ဖြစ်နေဆဲပေါ့။ ကောင်းခန့်ကို သဘောကျသည့်
မိန်းကလေးများလည်း ဝိုင်းဝိုင်းလည်လို့။ သို့ပေမယ့်လည်း
ကောင်းခန့်တယောက်ရဲ့ နှလုံးသားထဲဝတ်ရည်ငယ်
တယောက်သာရှိသည်မို့ ဘယ်မိန်းကလေးအပေါ်မှ
စိတ်မယိုင်ခဲ့။

''ဖေဖေ''

''အင်း...​ပြောလေ သား''

ကောင်းခန့် စာအုပ်အား ကြည့်နေရင်းပင် မေးငေါ့ပြကာဖြင့်
ပြောလိုက်သည်။

''ဖေဖေက သိပ်ချောတာပဲ သိလား
ဆုပေးပွဲနေ့က ဖေဖေကျောင်းကို လာတော့လေ
သားရဲ့ မိန်းကလေးသူငယ်ချင်းတွေက
ပြောကြတယ်သိလား.....
''နင့်အဖေက ခန့်ချောကြီးပဲ''တဲ့''

''အချစ်ဟုခေါ်သည်''Where stories live. Discover now