Part-2

7.8K 332 2
                                    

(Unicode)

စနေနေ့ ကျောင်းပိတ်ရက် ဖြစ်တာကြောင့် ရိပ်
တယောက် အပျင်းကြီးပြီး အိပ်နေမိသည်မှာ
နေ့လည် ၁၂နာရီ ပင် ထိုးသွားသည်အထိ။
ရိပ် က သူမ ကုတင်ဘေးမှ စားပွဲပေါ်ရှိ နာရီလေးအား
တချက်ကြည့်လိုက်ပြီး....

''အော်....၁၂နာရီတောင် ထိုးပြီပဲ''

နေ့လည်၁၂နာရီပင်ရှိနေပြီမို့ အချိန်ဟာလည်း နောက်ကျလှပြီ။ဒါကြောင့် ရိပ်အိပ်ယာထဲမှ ထကာ ရေချိုးပြင်ဆင်ပြီးထမင်းစားခန်းသို့ ဆင်းလာခဲ့သည်။

''ကြီးငွေ... မေမေရောဟင်''

''သမီး မေမေက မနက်ကတည်းက ဆိုင်သွားပြီလေ''

''သြော်''

''သြော်'' တလုံးသာ ရေရွတ်ပြီး ရိပ် သက်ပြင်း ချမိသည်။
ရိပ်စိတ်ထဲတွင် ဘာကြောင့်မှန်းရယ်မသိ ဒေါသအနည်း
ငယ်ဖြစ်မိပါသည်။အိပ်ယာထ ကာစမို့ စိတ်မကြည်၍
ဖြစ်မည်ထင်ပါသည်။ဒေါ်​ငွေက ထမင်းစားပွဲပေါ်တွင်
ရိပ်အတွက် နေ့လည်စာများ အဆင်သင့်ပြင်ဆင်
ပေးထားသော်လည်း ရိပ်ကတော့ စိတ်ပျက်နေသည့်
လေသံဖြင့်....

''ရိပ် မစားတော့ဘူး''

''ဟင်..ဘာလို့လဲ သမီးရဲ့.. ဟင်းတွေ မကြိုက်လို့လား
ကြီးငွေ တခြားဟာစီစဥ်ပေးမယ်လေ''

''မဟုတ်ပါဘူး ရိပ် ဒီအတိုင်းစားချင်စိတ်မရှိလို့ပါ''

''သြော်...အင်းပါ''

''ကြီးငွေ ရိပ် လမ်းထိပ် ခဏသွားအုံးမယ်နော်''

''သမီးလေးက လမ်းတွေရော မှတ်မိရဲ့လားကွယ့်
တော်ကြာ လမ်းတွေပျောက်နေမှာစိုးလို့ပါ''

ရန်ကုန်က မိခင်​ဖြစ်သူ၏ အိမ်ကို ရောက်နေသည်မှာ
၄ရက် ၅ရက်မျှသာ ရှိသေးသည်မို့ ပတ်ဝန်းကျင်နှင့်
ရိပ် သိပ်ပြီး အကျွမ်းတဝင်မရှိသေးပါ။ထို့ကြောင့်
ဒေါ်ငွေမှ စိတ်ပူကာ မေးရခြင်းဖြစ်သည်။

''ရိပ် အဆင်ပြေပါတယ်
ရိပ် နည်းနည်းပါးပါးတော့ သွားလာတတ်နေပါပြီ''

''အင်းပါ ဂရုစိုက်သွားနော် သမီးလေး''

''ဟုတ်''

ရိပ်က သူမ၏ စကိတ်လေး ကို စီးကာ လမ်းထိပ်နားရှိ coffeeဆိုင်လေးတခုသို့ ထွက်လာခဲ့သည်။ ပန်းနုရောင်
Hoodieနှင့် ဒူးဖုံးရုံသာရှိသည့် ဘောင်းဘီတိုလေးကို
ဝတ်ထားသည့်ရိပ်က လူငယ်ဆန်ဆန် ချစ်စရာကောင်းနေသည်။စီးထားသည့် sneaker အဖြူလေးမှာလည်း သူမ၏ ခြေထောက်သွယ်သွယ်လေးနှင့် အလွန်လိုက်
ဖက်နေ၏။လမ်းထိပ်ရှိ ''Green''ဆိုသည့် coffee ဆိုင်လေးဟာ ဝင်လိုက်သည်နှင့် coffeeရနံ့လေးများသင်းနေကာ
coffee ကြိုက်သည့်ရိပ်အဖို့ စိတ်အေးချမ်းစေသည်။သို့သော် ရိပ် စိတ်ထဲ ဘယ်အရာကို ဒေါသဖြစ်လို့
ဖြစ်မှန်းမသိ ဝေခွဲမရကာ  သိပ်ပြီးစိတ်မကြည်ချင်ပါ။
ရိပ်က ice latteတခွက် မှာလိုက်ပြီး မှန်ပြတင်း ပေါက်နား
က စားပွဲဝိုင်းလေးမှာ ဝင်ထိုင်လိုက်သည်။
၅မိနစ်လောက် ငြိမ်သက်စွာ ထိုင်နေပြီးသော်လည်း သူမ၏စိတ်မက အခုထိ အလိုမကျနိုင်။စိတ်ရှုပ်စွာဖြင့်
လက်ကနာရီမှ အချိန်ကိုတချက်ကြည့်ရင်း....

''အချစ်ဟုခေါ်သည်''Where stories live. Discover now