Part-21

6.4K 272 2
                                    

(Unicode)

''အဲ့ဒီအချိန် မာမီပြောလာတဲ့ စကားလေးက
''သားလေး ဘာဖြစ်သွားသေးလဲ''တဲ့လေ။ ပြီးတော့ ကိုကို့
ကိုကားပေါ် တွဲခေါ်သွားခဲ့တယ်။ မမ ဘက်ကို တချက်တောင်
မကြည့်ခဲ့ဘူး။ တချက်လေးတောင်မှ လှည့်မကြည့်ခဲ့ဘူး။
မမ ဒဏ်ရာလေးကို လက်နဲ့ပဲ ဖိထားလိုက်တယ်။
အနာရဲ့ဒဏ်ရော ခံစားရတဲ့ ရင်ထဲက နာကျင်မှုရောကြောင့်
မမ အဲ့ဒီနေရာမှာတင် မေ့လဲသွားခဲ့တယ်လေ။မမ သတိရလာတဲ့ အချိန်ဆေးရုံ ကုတင်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဒယ်ဒီကလွဲလို့ မာ့မီအရိပ်အယောင်လေးတောင် မတွေ့ခဲ့ရဘူး။ အဲ့ဒီအချိန်ကတည်းက မမ မမျှော်လင့်တော့ဘူး။ မာ့မီဆီက ဂရုစိုက်မှုတွေကို မမျှော်လင့်တော့ဘူး။ အသက်အရွယ် တခုရောက်လာတော့ မမျှော်လင့်တော့ဘူးဆိုတာထက် မလိုအပ်တော့တာ။မမ နေနိုင်သွားပြီလေ။
ဒါကြောင့်မို့ မလိုအပ်တော့ဘူး''

စကားဆုံးသည့်အခါ စိမ်း၏ မျက်ဝန်းထက်မှ ဝေ့ဝဲနေသော
မျက်ရည်စတို့ဟာ ပါးပြင်ထက်သို့ ကျဆင်းလာတော့သည်။
ငယ်စဥ်အခါကတည်းက နာကျင်စွာ ကျဆင်းခဲ့ရသည့်
ဒီမျက်ရည်တွေဟာ အခုထိပင်မကုန်နိုင်သေး။
ပြန်တွေးမိသည့်အခါတိုင်း နာကျင်ရသည်။

ရိပ်ကတော့ စိမ်းမျက်နှာလေးအား ဂရုဏာသက်စွာ ကြည့်နေဆဲ။ စိမ်း၏ ပါးပြင်ထက်မှ မျက်ရည်စတို့ကို လက်ဖြင့်ဖွဖွ သုတ်ပေးလိုက်သည်။

''မမ ဘာမှမဖြစ်ဘူးနော် ရိပ်ရှိတယ်လေ''

ရိပ်က စိမ်းအား ရင်ခွင်ထဲသို့ထည့်ကာ တင်းကြပ်စွာဖက်ထားပေးလိုက်သည်။စိမ်း၏ လက်လေးများသည်လည်း
ရိပ်၏ကျောပြင်ဘက်သို့ အားကိုးတကြီးပြန်၍ ဖက်တွယ်မိသည်။ ရိပ်၏ ရှေ့တွင်မထုတ်ပြခဲ့ဖူးသော စိမ်း၏
အားငယ်စွာ ငိုမိသည့် အခိုက်အတန့်လေးပေါ့။
မင်းရင်ခွင်ထဲမှာ ကိုယ် ကလေးတယောက်လို ငိုလိုက်
ပါရစေ။တခါတလေ လူ့လောကကြီးမှာ ရှင်သန်ရတာ သိပ်ကိုမှပင်ပန်းလွန်းလို့ ခဏလောက်ဖြစ်ဖြစ် ပြိုလဲခွင့်ပြုပါ။

''ငိုလိုက်နော် မမ။ အားရပါးရ ငိုချလိုက်။
ရိပ် မမအနားမှာ ရှိနေပေးမယ်။ ဒါကြောင့်မို့
ရင်ထဲမှာကြိတ်ခံစားမနေပဲ ငိုလိုက်နော်''

''အချစ်ဟုခေါ်သည်''Where stories live. Discover now