Part-30

6.2K 259 2
                                    

(Unicode)

''တွေ့လားဆရာမ... သမီးတို့သူငယ်ချင်းရိပ်က
သတ္တိရှိပါတယ်ဆို''

ဝတ်ရည် ရိပ်၏ ပခုံးအား လှမ်းပုတ်ကာဖြင့် ပြောလာသည်။
ထိုအခါ စိမ်းလည်း ရိပ်အား မျက်ခုံးလေးပင့်ကာ
ပြုံးဆဆဖြင့် ကြည့်၍....

''ဒါဆို အားကိုးမယ်နော် ရိပ်''

''ဟုတ် မမ''

ဝတ်ရည် စိတ်ထဲတွင်တွေးလိုက်သည့် အတွေးက...

*သရဲအိမ်ထဲဝင်ရင် ဆရာမက ​ကြောက်ပြီး
ရိပ်လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားမယ်။
အဲ့ခါကျရိပ်ကလည်း ဆရာမကို ရင်ခွင်ထဲထည့်ပြီး
ရိပ်ရှိတယ် ဘာမှမကြောက်နဲ့ ဘာညာ ဆိုပြီး.....
အမလေး...ပြီးပြီကွာ...တော်လိုက်တဲ့ငါ....
ရိပ်ကတော့ ငါက ကျေးဇူးအကြီးကြီးတင်နေတော့မှာပဲ
ငါဟဲ့ .....ဝတ်ရည်ငယ်တဲ့*

ဝတ်ရည်ငယ် စိတ်ထဲတွင် အားရကျေနပ်စွာ
ကြုံးဝါးနေပေမယ့် တဖက်တွင်တော့.....

ရိပ် စိမ်း၏ လက်အား တင်းကြပ်စွာ မလွှတ်တန်း
ဆုပ်ကိုင်ထားသည်။ စဝင်ကတည်းက တကိုယ်လုံး အေးစိမ့်ပြီး ကြက်သီးများပင်ထနေသည်။ ကြားရသည့် အသံတို့က
ကြောက်စိတ်တို့အား ပို၍ ပင်တိုးစေ၏။ သို့သော်လည်း
စိမ်းအရှေ့တွင်တော့ အရှက်မကွဲလိုသောကြောင့်
မကြောက်သည့်ပုံသာ တင်းခံထားရန် တွေးနေသည်။
သို့ပေမယ့် ရုတ်တရက် ဖွားခနဲပေါ်လာသည့် အရာကြောင့်
ရိပ် ကြောက်အားလန့်အားဖြင့် စိမ်းအနောက်သို့ ပြေးပြီး
စိမ်းခါးကို တုန်ရီနေသောလက်တို့ဖြင့် တင်းတင်းကြပ်ကြပ်
ဖက်ထားလိုက်သည်။ ကြောက်စိတ်ကြောင့် နှုတ်မှထွက်လာသည့် စကားတို့ကိုပင် သတိမပြုမိ။

''အားး.....မမကြောက်တယ်... ကယ်ပါအုံး
အီးဟီး...ကြောက်တယ်လို့...မခြောက်ပါနဲ့...ဟင့်
အင့်ဟင့်.... မမရေ.....လုပ်ပါအုံး.... အဲ့ဟာကြီးကို
...ကြောက်တယ်လို့...''

မိမိခါးအားဖက်ကာ ကလေးတယောက်လို ငိုယိုပြောနေသည့်ရိပ်ကြောင့် စိမ်းမှာ ရယ်ရခက် ငိုရခက်နှင့်ပင်​။ စိမ်း ရိပ်ဘက်သို့ လှည့်လိုက်ပြီး.....

''အရုပ်တွေပါ ရိပ်ရဲ့...မကြောက်ပါနဲ့''

''ဟင့်အင်း..ကြောက်တယ်...ဟင့်..
မမ အိမ်ပြန်ချင်တယ်...''

''အချစ်ဟုခေါ်သည်''Where stories live. Discover now