(Unicode)
အိပ်ပျော်နေသည့် ရိပ်အား မနှိုးရက်သည်မို့ ချွေးတွေပြည့်နေသော ညဝတ်အကျီလေးအား ကိုယ်တိုင်ပဲ လဲပေးကာ
ရေပတ်တိုက်ပေးခဲ့ရသည်။ အကယ်၍ ရိပ်သာ နိုးနေရင်
တော့ အတော်လေးရှက်နေရှာမှာ။''မမ..ဟင့်..''
''ရိပ်..မမ ရှိတယ်နော် ကလေး''
''အင့်ဟင့်''
ညည်းသံလေးတချက်ချက် ထွက်လာသည်မို့ လက်ကလေးများ ကိုင်ထားပေးရသည်။ ခဏကြာတော့ ဝင်းပပထွန်းလည်း ဆေးအိတ်ကြီးကိုင်၍ ရောက်လာတော့သည်။
စမ်းသပ်စရာရှိသည်များကို စမ်းသပ်ပြီးနောက်....''အင်း ဒီရက်ပိုင်းက မဂ်လာပွဲကိစ္စတွေလည်း စီစဥ်ခဲ့ရတော့
ပင်ပန်းပြီး ဖျားတာပါ အရမ်းတော့ စိတ်မပူပါနဲ့''''အင်းပါ''
''ဟဲ့ နင့်မျက်နှာကြီးကလည်း အဲ့လောက်ဖြစ်မနေစမ်းပါနဲ့ဟယ်''
''ငါက စိတ်ပူနေလို့ပါ''
''အေးပါ ငါနားလည်ပါတယ် အရမ်းကြီးလည်း
စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ ''စိမ်းဘယ်လောက်စိတ်ပူနေလည်း ဆိုတာ မျက်နှာ၌
အထင်းသားပေါ်နေ၏။ အိပ်ချင်စိတ်ရယ်ဆိုသည်မှာ
ဘယ်နားရောက်မှန်းတောင်မသိ။''အခု ငါဆေးတလုံးထိုးပေးခဲ့မယ် ''
အခု ရိပ်လည်း မှိန်းကာ အိပ်ပျော်နေသည်မို့ ဆေးထိုးရန်အရမ်းတော့မခက်ခဲ။ ဆေးထိုးလိုက်သည့်အခါ
ညည်းသံလေးခပ်တိုးတိုးလေးထွက်လာသည်မို့
ကျောလေးအားခပ်ဖွဖွ ပွတ်ပေးလိုက်သည့်အခါ ပြန်၍
အိပ်ပျော်သွားခဲ့သည်။ဝင်းပပထွန်းလည်း လိုအပ်သည့်
ဆေးများပေးကာ မှာစရာရှိသည်များကို မှာပြီးသည်နှင့်
duty ချိန်ရှိသေးသည်မို့ ဆေးရုံသို့ပြန်သွားခဲ့သည်။စိမ်းကတော့ ဖျားနေသည့်ကလေးမလေးအား ပြုစုရင်း
တညလုံးလည်း အိပ်မပျော်နိုင်ခဲ့။ ဖြစ်နိုင်ရင် ချစ်ရသူ
ခံစားနေရသည့် ဝေဒနါအားလုံး ကိုယ်သာလျှင်
ခံစားလိုက်ချင်တော့သည်။••••••••••••••••••••••
စိမ်းဒီနေ့တော့ ကျောင်းလည်းခွင့်ယူလိုက်ရသည်။ တော်ရုံ
သူမကိုယ်တိုင်နေမကောင်းဖြစ်နေရင်တောင် ကျောင်းမပျက်ခဲ့။အခုတော့ သူမရဲ့ ရိပ်လေး နေမကောင်းဖြစ်နေသည်မို့
ခွင့်ယူခဲ့ရပြီ။

YOU ARE READING
''အချစ်ဟုခေါ်သည်''
عاطفيةအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။