(Unicode)
သံစဥ် အခန်းထဲက ထွက်သွားမှပဲ ရိပ် သူမလွယ်အိတ်ဘေးအိတ်ထဲက နှင်းဆီပန်းနီနီလေးအား ထုတ်လိုက်သည်။
ရိပ်ရဲ့ ခြေလှမ်းတို့ဟာတော့ စိမ်းရှိရာ နားနေခန်းလေးဆီသို့ပေါ့။ သို့သော် ရိပ်၏ ခြေလှမ်းတို့ဟာ နားနေခန်း အနောက်ဘက်အပေါက်သို့ အရောက်မှ ရုတ်တရက် ရပ်တန့််သွားခဲ့သည်။ထိုခြေလှမ်းတို့ရပ်တန့်သွားရခြင်းမှာ နားနေခန်းအတွင်း ရိပ်မြင်လိုက်ရသည့် မြင်ကွင်းတခုကြောင့်ပင်ဖြစ်သည်။စိမ်း သည် ကျောင်းသူလေးတဦးနှင့် ရယ်ရယ်
မောမော စကားပြောနေခြင်းဖြစ်သည်။ စိမ်း၏ လက်ထဲတွင်လည်း ထိုကျောင်းသူလေး ပေးထားသည်ဟုထင်ရသည့် သစ်ခွပန်းလေးတပွင့်ကို ကိုင်ထားလေ၏။ ထိုကျောင်းသူလေးနှင့် ရယ်ရယ်မောမော စကားပြောနေသည့် စိမ်းကြောင့်
ရိပ်မျက်ဝန်းတို့၌ ဝမ်းနည်းမှု အရိပ်ယောင်များ လွှမ်းမိုးသွားခဲ့သည်။ခဏကြာသည့် အခါ ထိုကျောင်းသူလေး
နားနေခန်းအရှေ့ပေါက် မှ ထွက်သွားခဲ့သည်။ ကျောင်းသူလေး ထွက်သွားသည့်တိုင် ရိပ်ထိုနေရာ၌ ရပ်နေမိသည်။
ရိပ်ခြေလှမ်းတို့ဟာလည်း ပြန်လှည့်ထွက်မည်အပြု ကြားလိုက်ရသည့် ခေါ်သံလေးတခု....''ရိပ်''
သိပ်ကိုမှ မျှော်လင့်နေရသည့် သူတယောက်၏ ခေါ်သံလေးမို့
ရိပ် မျှော်လင့်ကာဖြင့် လှည့်ကြည့်မိသည်။ သို့သော် ရိပ်
မျှော်လင့်နေရသူ စိမ်း၏ လက်ထဲတွင် ခုနက ကျောင်းသူ
ပေးခဲ့သည့် သစ်ခွပန်းလေးအား ကိုင်ထားဆဲ။
ထိုသစ်ခွပန်းလေးအား မြင်လိုက်ရသည့်နှင့် ရိပ်စိတ်ထဲ၌
ဝမ်းနည်းစိတ်တို့ တဖန်ဖြစ်တည်လာခဲ့တော့သည်။''ကိစ္စရှိလို့လား ရိပ်''
''ဟင့်အင်း မဟုတ်ပါဘူး...မမ....ဟို..''
''အင်း ပြောလေ ရိပ်''
''ရိပ် ဘုရားပန်းလဲတုန်းက ဒီပန်းလေး ပိုနေလို့
အဲ့ဒါ..မမကို လာပေးတာပါ''''မမ ပန်ဖို့ ''ဆိုသည့် စကားကိုတော့ စိမ်းလက်ထဲမှ
သစ်ခွပန်းလေးကြောင့် မပြောဖြစ်ခဲ့ပေ။ ရိပ်ပေးခဲ့သည့်
ထိုပန်းလေးအား မြတ်နိုးပါက ပန်လိုလျှင်ပန်ပါ။
မပန်လိုတဲ့အခါလည်း အသုံးမလိုတဲ့ အရာတခုလို လွှင့်ပစ်ခဲ့ပေါ့ မမရယ်။
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။