(Unicode)''ငယ်''
ရိပ်နှင့် အတူ ကျန်သူငယ်ချင်းသုံးယောက်ပါ ကောင်းခန့်ရှိရာ
ပြတင်းပေါက် ဘက်ဆီသို့ အကြည့်များရောက်လာလေသည်။သုံးနှုန်းလိုက်သည့် ''ငယ်''ဆိုသော နာမ်စားလေး
ကြောင့် ရိပ်တို့ လေးယောက်လုံး မျက်လုံးလေး အပြူးသား။
ကောင်းခန့် က ဝတ်ရည်ငယ်အား ကြည့်ကာ...''ငယ့် အတွက် နှင်းဆီပန်းလေး မောင်ကိုယ်တိုင်
ခက်ခက်ခဲခဲ ခူးလာခဲ့တာ''ရွှန်းလဲ့က ဝတ်ရည်အား ''ဘာလဲဟ'' ဆိုသည့် နားမလည်
သည့် သဘောမျိုးဖြင့် ကြည့်လာသည်မို့ ဝတ်ရည်ငယ်က
အံ့သြသွားဟန်ဖြင့် ပန်းကလေးအားလက်ခံလိုက်ပြီး....''ဟယ် မောင်ရယ် နှင်းဆီပန်းလေးက လှလိုက်တာ''
သိုပေမယ့် ဝတ်ရည်ငယ် စိတ်ထဲတွင်တော့..
*ဘယ်ကို ခက်ခက်ခဲခဲ ခူးလာတာလဲ။ဆိုင်က ဝယ်လာရင်ဝယ်လာတယ်ပေါ့။ စောက်ပိုတွေ ကျက်သရေတုံး
မျက်နှာတုံး ကောင်းခန့်...ဟွန့်*
ဝတ်ရည်ငယ် တယောက် မသိခဲ့သည့် အမှန်တရား တခုမှာတော့ အဲ့ဒီနှင်းဆီပန်းလေးဟာ ကောင်းခန့်ကိုယ်တိုင်
တယုတယ ပျိုးထောင်ခဲ့တဲ့ နှင်းဆီပင်လေးမှ သူကိုယ်တိုင်ခူးဆွတ်ခဲ့ခြင်းဖြစ်၏။''ငယ်....စာကိုဂရုတစိုက်လုပ်နော်...ကြားလား''
''ဟုတ်မောင်..မောင်လည်း စာသေချာလုပ်နော်''
ထိုအခြေနေအား မျက်မှောင်ကျုံ့ကြည့်နေသူမှာ ရွှန်းလဲ့ပင်။သံစဥ်ကတော့ ထိုနှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်အား ကြိတ်ကာ ချီးကျူးနေတော့သည်။ထိုအချိန် ''ခွီ''ခနဲ
ထရယ်လိုက်သော ရိပ် ကြောင့် ရွှန်းလဲ့၏ အကြည့်တို့က
ရိပ်ဆီရောက်လာ၏။ ထိုအခါမှ ရိပ်က အံ့သြဟန်ဖြင့် ဝင်ကာ သရုပ်ဆောင်ရတော့သည်။''ဝိုး...နင်တို့... နှစ်ယောက်က''
ဝတ်ရည်က ခေါင်းလေးငုံ့ကာ ရှက်နေဟန်ဖြင့်....
''ဟို..ရိပ်..ငါခဏနေကျရင် ပြောပြမယ်လေ
မောင်လည်း ပြန်တော့နော် ဆရာမတွေ တွေ့သွားမှာစိုးလို့''''အင်းပါ မောင်ပြန်တော့မယ်နော် ငယ်''
''ဟုတ် မောင်''
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။