Part-9

6.4K 275 0
                                    

(Unicode)

''ဟို..မနက်က..ရိပ်..စာမရတာကို..စိတ်ဆိုးနေတုန်းလားလို့''

''ဟင့်အင်း..စိတ်မဆိုးပါဘူး..ရိပ်ရဲ့...ဘာလို့လဲ''

''မနက်က ရိပ်တို့ အတန်းကို ဝင်တော့လေ
ဆရာမ မျက်နှာက စိတ်ဆိုးနေသလို ဖြစ်နေလို့ပါ။

''အော်...ဟုတ်လား..အဲ့လိုဖြစ်နေတာလား''

''ဟုတ်''

''ဆရာမ စိတ်ဆိုးမှာကို ကြောက်တာလား''

''ဟုတ်ကဲ့''

''အဲ့ဒါဆို စာကို သေချာလုပ်ပေါ့ရှင့်
မဟုတ်ရင် ကျွန်မက ကြိမ်လုံးစာ ကျွေးမှာ''

စိမ်း၏ အပြောအား ရိပ်က နှုတ်ခမ်းလေးဆူကာဖြင့်....

''ဟွန့်...ဆရာမကလည်း...ရိပ်..အခုစာသေချာရသွားပါပြီ''

''ဟုတ်ပါပြီ မနက်မှတလွဲလုပ်လို့ကတော့ တွေ့မယ်''

ရိပ်အား ပြောရင်း ပြုံးပြလိုက်သည့် စိမ်း၏ အပြုံးကြောင့်
ရိပ် ရင်တွေခုန်နေမိပြန်သည်။စိမ်း၏ အပြုံးတပွင့်က
ရိပ်၏ ရင်ခုန်သံတွေကို အပိုင်သိမ်းခဲ့လေပြီ။
ရိပ်ကတော့ ဘာမှပင်မပြောနိုင်သေးပဲ ငေးသာကြည့်နေမိတော့သည်။

''ရိပ်''

''ရှင်..ရှင်''

''ဘာတွေတွေးနေတာလဲ ရိပ်ရဲ့''

''အော်... ဘာမှမတွေးပါဘူး ဆရာမရဲ့...
ဒါနဲ့လေ.. ဒီအိမ်မှာ ဆရာမတယောက်တည်း
နေတာလားဟင်''

''ဟင့်အင်း..ဆရာမ အဒေါ်နဲ့နေတာ... သူကအခု
ဘုရားဖူးထွက်နေလို့''

''အော်...ဆရာမ မိဘတွေကရော''

''ဆရာမ မိဘတွေက စင်ကာပူမှာလေ''

''အဲ့ဒါဆို လောလောဆယ်အိမ်မှာ ဆရာမ
တယောက်တည်းပဲ ရှိတာပေါ့''

''အင်းပေါ့''

''ဆရာမ မကြောက်ဘူးလားဟင်''

''ဟင်..ဘာကိုလဲ ရိပ်ရဲ့''

''သရဲလေ''

ရိပ်၏ အ​ပြောကြောင့် စိမ်းသ​ဘောတကျ ရယ်မိလေသည်။

''မကြောက်ပါဘူး ရိပ်ရယ်
ဘာလဲ ရိပ်က ကြောက်လို့လား''

''အာ...ဆရာမကလည်း..ဘာလို့ ကြောက်ရမှာလဲ''

''အချစ်ဟုခေါ်သည်''Where stories live. Discover now