(Unicode)
'' ချို''
''ဟင် ရွှန်းပြောလေ''
''အဆင်ပြေပါ့မလားဟင်''
''ရွှန်းကလည်း မေမေက ခေါ်ခိုင်းလိုက်တာပဲကို
ဘာတွေ ကြောက်နေတာလဲ''၁၀တန်းကျောင်းသူဘဝကတည်းက သံစဥ့်၏ အိမ်သို့
ခဏခဏ လာတတ်သော်လည်း သံစဥ်နှင့် ရွှန်းလဲ့
ချစ်သူတွေ ဆိုတာကို မိဘတွေ သိပြီးကတည်းက သံစဥ်တို့အိမ်ဘက် မရောက်ဖြစ်တော့ပေ။ ယခုလည်း အိမ်ထဲသို့
ဝင်ရမည်ကို ရွှန်းလဲ့တယောက် တွန့်ဆုတ် တွန့်ဆုတ်
ဖြစ်နေ၏။အခြေနေကို နားလည်သည့်သံစဥ်က ရွှန်းလဲ့၏
လက်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး....''ချို ရှိတယ်လေနော်''
အပြုံးလေးတခုဖြင့် ပြောလာသော သံစဥ့်ကြောင့် ရွှန်းလဲ့လည်း ပြန်၍ ပြုံးပြလိုက်သည်။ ချစ်ရသူ၏ အပြုံးတပွင့်နဲ့
အရာအားလုံးကို ရင်ဆိုင်ပါ့မည်။ဧည့်ခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ အပြုံးလေးတခုနှင့်
ကြိုဆိုနေသော သံစဥ့်၏ အမေ။''လာလေ သမီးတို့''
ရွှန်းလဲ့နှင့် သံစဥ်လည်း ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။
ရွှန်းလဲ့ကတော့ အလွန်ပင် စိတ်လှုပ်ရှားနေရ၏။
ရိပ်မိသည့် သံစဥ့်၏ အမေဖြစ်သူက ပြုံး၍.......''မကြောက်ပါနဲ့ ရွှန်းလဲ့ရဲ့...အရင်လိုပဲ
လွတ်လွတ်လပ်လပ် နေပေါ့''''ဟုတ် အန်တီ''
''မေမေ့သမီးကိုတောင် ချစ်သူတော်ထားပြီး
အန်တီတဲ့လား''''ရှင်''
မျက်ခုံးလေးပင့်ကာ ပြောလာသည့် သံစဥ်၏ အမေဖြစ်သူကြောင့် ရွှန်းလဲ့ မျက်လုံးလေးပြူးကာဖြင့် ပြန်ကြည့်မိသည်။
သံစဥ်ကတော့ ပြုံးစိစိနှင့်ပေါ့။''မေမေလို့ပဲခေါ်''
ထိုစကားကြောင့် ရွှန်းလဲ့တယောက် အလိုလိုပြုံးလိုက်မိ၏။
''ဟုတ်.. အန်တီ...အာ..မေမေ''
''ဒီလိုမှပေါ့....သမီးတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို
မေမေနားလည်ပါတယ်။ ကန့်ကွက်ဖို့လည်း ဆန္ဒမရှိပါဘူး။
ဒါပေမဲ့ မေမေတခုတော့ မေးချင်တယ်...ရွှန်းလဲ့''
![](https://img.wattpad.com/cover/326435404-288-k254141.jpg)
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။