(Unicode)
ရိပ် ခြံရှေ့တွင် ရပ်နေပြီး အပင်လေးများအား ရေလောင်းနေသော စိမ်းအား ခဏမျှငေးကြည့်နေမိသည်။ ခြံအတွင်း
သို့ ဝင်လိုက်သည်နှင့် မြေးသင်းရနံ့နှင့်အတူ စံပယ်ပန်းအနံ့လေးများလှိုင်နေသည်။ ရိပ် စိမ်းအနားသို့ တိတ်တိတ်လေး
လျှောက်သွားလိုက်သည်။ ထိုအချိန် ရလိုက်ရသည့် စိမ်း
ကိုယ်မှ ကိုယ့်သင်းရနံ့လေးက ရိပ်ကို အလွန်ပင် စွဲဆောင်နေတော့သည်။''မမစိမ်း''
''အမလေး... ပလုတ်တုတ်''
နောက်မှ ရုတ်တရက် ခေါ်လိုက်သည်မို့ စိမ်းတယောက်လန့်သွားရတော့သည်။
''ရိပ်ရယ်..လန့်လိုက်တာ''
''မမ လန့်တဲ့ပုံလေးကလည်း ချစ်စရာလေး..ဟီးဟီး''
''ဟွန့်....အကျင့်ပုတ်လေး''
မျက်စောင်းလေးထိုးကာ ပြောလာသည့်စိမ်း၏ အမူအရာလေးကြောင့် ရိပ် ရင်တွေခုန်နေမိသည်။
''ကဲ အထဲမှာ ဝင်စောင့်နေ မမပြီးရင်လာခဲ့မယ်''
''မမ ရိပ်လုပ်ပေးမယ်လေ''
''ရတယ် ရိပ်ရဲ့ ရိပ်ရေတွေစိုကုန်မယ်
အထဲမှာပဲ စောင့်နေပါ ကလေးရဲ့''''မမကလည်း ပေးပါဆို''
စိမ်းလည်း ပြောမရသည့်အဆုံး ရိပ်လက်ထဲသို့ ရေပိုက်လေး
လှမ်းပေးရတော့သည်။ ရိပ်လည်း စိမ်းကဲ့သို့ အပင်လေးများအား တယုတယ ရေဖြန်းပေးနေသည်။ အပင်တွေအားလုံး
ရေလောင်းပေးပြီးနောက် စိမ်းဘက်သို့ ရေပိုက်လေးဖြင့်လှမ်းဖြန်းကာစလိုက်၏။''ဟာ...ရိပ်..ဟွန့်...ဒီကလေးမလေး တော်တော်ဆိုးနေပါ့လား
တွေ့မယ်''စိမ်းလည်း ရိပ်လက်ထဲမှ ရေပိုက်လေးအား လှမ်းလုကာ
ရိပ်ဆီသို့ ရေများဖြင့်ပတ်ကာ စနောက်နေတော့သည်။''မမ...ရေစိုကုန်တော့မယ်...တော်ပြီလေ...''
''မသိဘူး စိုရင်စိုပါလိမ့်စေ...ရှင်လေး ကျွန်မကို
အရင်လာစတာလေ..မဟုတ်ဘူးလား..''''ဟာ...အဲ့လိုလား..ရတယ်လေ.....မမတကိုယ်လုံး
ရေစိုသွားအောင် လုပ်ပြမယ်''
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။