(Unicode)
''ရိပ်''
''ရှင်...မမ''
''ဘာပြောမလို့လဲဟင်''
''အော်...ဟို အောက်မှာ မနက်စာပြင်ပြီးပြီလေ
အဲ့ဒါကြောင့် မမကို လာခေါ်တာ''''အင်း...မမခဏနေ လာခဲ့မယ်နော်''
''ဟုတ်''
ရိပ်လည်း ထိုအခန်းမှ ခပ်သုတ်သုတ်သာပြန်ထွက်လာခဲ့သည်။ စိမ်းအနားရောက်ရင် နှလုံးခုန်သံ တွေကို မည်သို့မျှထိန်းချုပ်မရ။ ထို့ကြောင့်လည်း ရိပ် အမြန်ထွက်လာခဲ့ခြင်းဖြစ်သည်။ခဏကြာသည့်အခါ စိမ်းလည်း ထမင်းစားခန်းဆီသို့ ဆင်းလာခဲ့သည်။ ထို မနက်စာ ဝိုင်းလေးဟာတော့ ပြည့်ပြည့်စုံစုံ လေးနှင့် ကြည်နူးစရာကောင်းနေခဲ့တာပေါ့။
ဒေါ်သန္တာကတော့ မိမိတူမ ဘဝထဲကို ပျော်ရွှင်ခြင်းတွေ
ပြန်ယူဆောင်လာပေးသော ရိပ်အား ကျေးဇူးတင်မဆုံးပေ။နေ့လည် ၁၂နာရီခွဲလောက် အချိန်၌ ရိပ်နှင့် စိမ်းတို့
ပန်းချီပစ္စည်းရောင်းသည့် ဆိုင်လေးတခုဆီသို့ ထွက်လာခဲ့သည်။ ပန်းချီပစ္စည်းများ ရှိရာနေရာသည် ရိပ်အတွက်တော့
သိပ်ကိုမှ စိတ်ပျော်ရွှင်ဖွယ်ရာ နေရာဖြစ်သည်။
ရိပ်၏ ပြုံးရွှင်နေသော မျက်နှာလေးကြောင့် စိမ်းမှာလည်း
အတော်လေး ပီတိဖြစ်နေရသည်။''ရိပ်''
''ရှင်''
''လိုချင်တာ မှန်သမျှ ဝယ်နော်
မမ ဝယ်ပေးမယ်''''ဟုတ်..မမ''
ရိပ်လည်း စိမ်းအား အလွန်ကျေနပ်သည့် မျက်နှာလေးဖြင့်
ပြုံးကာ တုန့်ပြန်လိုက်သည်။ခဏအကြာ ရိပ်လည်း
လိုအပ်သည့် ပစ္စည်းအနည်းငယ်အား ဝယ်ကာ
ဆိုင်မှာ ပြန်ထွက်လာခဲ့သည်။''ရိပ်...ရုပ်ရှင်ကြည့်ကြမလား''
ကားမောင်းနေရင်း ရိပ်အား လှမ်းမေးလိုက်ခြင်းဖြစ်သည်။
ထိုစကားလည်း ကြားရော ရိပ်ရဲ့မျက်လုံးလေးတွေဟာ
အရောင်လတ်လာခဲ့သည်။ အမြဲ စာချည်းပဲ လုပ်နေရင်လည်း ဒီကလေး ငြီးငွေ့ရောပေါ့။''တကယ်လားဟင်''
''အင်း တကယ်ပေါ့''
''ဟုတ် ကြည့်မယ်လေ မမ''
![](https://img.wattpad.com/cover/326435404-288-k254141.jpg)
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။