Part-27

6.1K 262 5
                                    

(Unicode)

ကောင်းခန့်လင်းနှင့် ဝတ်ရည်ငယ်တို့ အိမ်သို့အမြဲလိုလိုပင်
အတူတူပြန်ကြသည်။ သို့ပေမယ့်လည်း အခုထိတော့
မတည့်အတူနေ စလိုက်နောက်လိုက်နှင့်ပေါ့။

''ဝတ်ရည်''

''အင်း.....ပြော''

''အချစ်က ဘာလဲဟင်''

ထိုအမေး ကြောင့် ဝတ်ရည် အားရပါးရရယ်လေတော့သည်။
ကောင်းခန့်ကတော့ ထိုအမေးအား စနောက်၍ မေးခြင်း
မဟုတ် အတည်မေးလိုက်ခြင်းဖြစ်၏။

''ငါ အတည်မေးနေတာ ဝတ်ရည်ရ''

ကောင်းခန့်၏ ပုံမှာ အလေးနက်ထားမေးနေသည့် ပုံဖြစ်နေသည်မို့ ဝတ်ရည်လည်း ထပ်၍ မရယ်တော့။

''အင်း... ဟုတ်ပါပြီ...ဒါနဲ့ ဘာလို့မေးတာလဲ''

''ငါ မိန်းကလေး တယောက်ကိုချစ်နေမိပြီထင်တယ်''

ထိုစကားကြောင့် ဝတ်ရည်ငယ် အမည်မသိ ခံစားချက်တခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်၏ အဓိပ္ပါယ်ကို
ဝတ်ရည်လည်း မပြောပြတတ်ပေ။ ထိုအချိန် ဝတ်ရည်
ကောင်းခန့်၏ မျက်ဝန်းလေးအား ငေးကြည့်မိသည်။
သေချာသွားသည့်တခုက ကောင်းခန့်၏ မျက်ဝန်းတွေဟာ
တကယ်ကို အလေးအနက်ထားနေသည့် မျက်ဝန်းမျိုးပင်။
ကောင်းခန့်လည်း ဝတ်ရည်အား ပြန်ကြည့်သည့်အခိုက်
ဝတ်ရည် မျက်နှာလွှဲလိုက်သည်။

''အဟမ်း...ကောင်းတာပေါ့ဟ..
ဒါဆို ငါလည်း နင်နဲ့ ဟန်ဆောင်တွဲပြနေစရာမလိုတော့ဘူး''

ထိုစကားကြောင့် ကောင်းခန့် ရင်ထဲ အတော်လေး ခံစားလိုက်ရသည်။ ဒီရင်ထဲက ခံစားချက်တွေကို
မင်းမသိလေရော့လား။ ပြောရက်လိုက်တာ အချစ်ရယ်။
ကောင်းခန့်၏ မျက်ဝန်း၌ မျက်ရည်စတို့ ဝိုင်းလျှက်ပေါ့။
ထို မျက်ရည်စတို့အား တဖက် မိန်းကလေး မမြင်ခင်
မသိမသာလေး သုတ်လိုက်လေသည်။

''အင်းပေါ့ဟ...နင်လည်း လွတ်လပ်တာပေါ့''

''အင်း..အမှန်ပဲ''

မျက်ရည်များ မကျမိအောင် ကောင်းခန့် အံကြိတ်ကာ
တင်းထားရသည်။ ချစ်ရသူ ရှေ့မှာတော့ အရှက်မဲ့စွာ
မကျဆင်းလာပါနဲ့လား မျက်ရည်စတို့ရယ်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now