Part-32

6K 263 5
                                    

(Unicode)

မွေ့ယာဖြူဖြူလေးထက်က တစုံတယောက်၏ ရင်ခွင်ထဲသို့
သံစဥ်တယောက် ရောက်နေလေရဲ့။ ထိုတစုံတယောက်က
တော့ သူမ၏ချစ်ရသူ မိန်းကလေး ရွှန်းလဲ့မေပေါ့။

''ချို''

''ဟင်..ပြောလေ ရွှန်း''

''ပျော်လား''

''ဘာကိုလဲဟင်''

''အခုလိုမျိုး ခရီးထွက်ရတာကိုလေ''

''အင်း ပျော်တယ် ဒါပေမဲ့ ခရီးထွက်ရလို့တော့
မဟုတ်ဘူး။ ရွှန်းနဲ့ အတူတူ ရှိနေရလို့''

ရွှန်းလဲ့ မိမိ၏လက်မောင်းလေးအား အုံးကာ ရင်ခွင်
ထဲမြုပ်နေသည့် သံစဥ်၏ ခေါင်းလေးအား နမ်းရှိုက်လိုက်သည်။ ဝတ်ထားသည့် pajamas ပန်းဆီရောင်လေးဟာတော့ဖြင့် နှစ်ဦးသား ဆင်တူပင်။ အနမ်းတပွင့်ခံစားရပြီးသည့်နောက် ရွှန်လဲ့အား မျက်လုံးဝိုင်းကလေးတို့ဖြင့် သံစဥ်
မော့ကြည့်လာ၏။ ထိုအခါ ရွှန်းလဲ့က သံစဥ့်၏
နှုတ်ခမ်းဖူးဖူးလေးအား တဖန်ထပ်၍ အနမ်းလေးတပွင့်
ခြွေလိုက်ပြန်သည်။

''ချိုတယ်''

''ဟင်''

''ချို့ နှုတ်ခမ်းလေးတွေက သိပ်ချိုတယ်''

''ဟွန်...တကယ်လား''

''အင်း...သကြားလုံးလေးတွေလိုပဲ''

သံစဥ့်မျက်လုံးတို့အား စိုက်ကြည့်ကာ ပြောလာသည့်
ရွှန်းလဲ့၏ စကားကြောင့် သံစဥ် သဘောတကျပြုံးလိုက်၏။

''ရွှန်း...ချိုလေ ရွှန်းနဲ့အတူတူ နေချင်ပြီ ရွှန်းရယ်''

ဒီစကားလေးကြားတော့ ရွှန်းလဲ့ စိတ်တော့မကောင်း။

''ကိုယ် ကြိုးစားပါ့မယ်..ချိုရယ်''

''ချို့မေမေက သဘောတူမယ်မထင်ဘူး ရွှန်း
ချိုကြောက်တယ်..ချို ရွှန်းကို လက်မလွှတ်နိုင်ဘူး''

''ချိုရယ် ကိုယ်လည်း ချို့ကို လက်မလွှတ်နိုင်ပါဘူး။
အများကြီးမတွေးပါနဲ့ ချိုရယ်..အခုလက်ရှိအတူတူရှိနေချိန်လေးမှာ ပျော်ပျော်နေရအောင်ကွာ..ကျန်တာတွေမေ့ထားလိုက်..ဟုတ်ပြီလား''

''ဟုတ်''

သံစဥ် ရွှန်းလဲ့၏ အပြောလေးအား ပြုံးပြကာ ခေါင်းလေးညိတ်ပြလိုက်သည်။ ရွှန်းလဲ့ သံစဥ်၏ ကိုယ်ပေါ်သို့
အုပ်မိုးလိုက်ကာ သံစဥ့်မျက်လုံးများအား အကြင်နာမျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသည်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now