Part ( 1 ) ( Zawgyi )

13.1K 183 0
                                    

💙 ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ 💙

Seme - ရောင်နီသာ
အသက် 25 အရပ် 5"10
အထွေထွေရောဂါကုဆရာဝန်

Uke - စောလေပြေအေး
အသက် 20 အရပ် 5"6
ဥပဒေကျောင်းသား

***************

ခြံဝန်းကျယ်ကြီးရဲ့ အလယ်မှာလှလှပပဆောက်ထားတဲ့
နှစ်ထပ်ခွဲတိုက်ကြီးရဲ့ အောက်ထပ် ဧည့်ခန်းမှာ မိသားစုတွေ
မျက်နှာခြင်းဆိုင်ထိုင်ပြီး တိုင်ပင်နေကျသည် ။

"ဖေဖေ နဲ့ မေမေ သားကိုသွားခွင့်ပြုပါနော် "

ရောင်နီ မေမေ့မျက်နှာကိုကြည့်ပြီး
ကလေးလေးလို ခွင့်တောင်းနေတယ် ။

"သားရယ်မေမေခွင့်မပြုချင်ဘူး ကရင်ပြည်နယ်ထဲက
တောင်ပေါ်ဒေသမှာ တာဝန်ကျတယ်လို့ပဲကွယ်
သားဖေဖေစီစဉ်ပေးသလိုပဲ ဒီရန်ကုန်မြို့ထဲက အထူးကု
ဆေးရုံမှာပဲ ဝင်ထိုင်လိုက်ပါလားကွယ် သားကိုယ်ပိုင်
ဆေးခန်းဖွင့်ချင်တယ်ဆိုလဲ မေမေတို့စီစဉ်ပေးမယ်လေ သားလေးကို ပင်ပန်းမဆိုးလို့ပါအဲ့လိုဝေးလံရှားပါးတဲ့
နယ်ဘက်တွေ မေမေတို့စိတ်မချဘူး "

ဒေါ်ထိပ်ထားခင် မျက်နှာမှာသားကိုစိုးရိမ်တဲ့
အရိပ်အယောင်တွေအပြည့်မို့ ဦးမြတ်သာ ဘာမှဝင်
မပြောတတ်တော့ဘူး . . .ဇနီးဖြစ်သူနဲ့သားဖြစ်သူရဲ့
အရိပ်အခြေကိုပဲ အသာလေးကြည့်နေမိတယ် သားလေးက အလုပ်သင်ကာလပြီးလို့ဘားအံဘက်ကိုတာဝန်ကျတယ်လေ

"မေမေရယ် ဖေဖေမေမေတို့စေတနာကိုသား
နားလည်ပါတယ်ဒါပေမဲ့ သားက ကိုယ့်အရည်အချင်းနဲ့ပဲ တာဝန်ကျတဲ့ဆီကနေပဲ စချင်လို့ပါ နောက် ၁ နှစ် ၂ နှစ်ဆိုရန်ကုန်ဘက်ပြန်လာလို့ရပြီလေ အဲ့အခါကျမှ ဖေဖေမေမေတို့ပြောသလို စီစဉ်ပေးသလို သားလုပ်ပါ့မယ် သားကို
ခွင့်ပြုပေးပါနော် .ဘားအံဘက်ဆိုပေမဲ့ ရန်ကုန်နဲ့
အသွားအပြန်အရမ်းမဝေးပါဘူး
နောက်ပြီးအဆက်အသွယ်လည်း အမြဲရနေမှာပဲလေ "

"ကဲ ! မေကြီးရယ် ကိုယ်တို့သားလေးဆန္ဒကို
လိုက်လျောပေးလိုက်ပါ သားပြောသလို ဟိုမှာတာဝန်ကျပြီးလို့ရန်ကုန်ပြန်ရောက်ရင်မေကြီးစီစဉ်တာကို လိုက်နာ
မယ်လို့ပြောနေပြီပဲ ကိုယ်တို့သားကို
ယုံကြည်ပေးလိုက်ပါနော် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Where stories live. Discover now