Part ( 20 ) ( Unicode )

1.5K 67 11
                                    


"ရောင်နီ ရောင်နီ ထတော့လေ "

"ဟင် . . . အင်း "

အိပ်မှုန်စုန်မွှားနဲ့ထထိုင်လိုက်တဲ့ရောင်နီ့ကို ကောင်းမြတ်ဦးကသေသေချာချာစိုက်ကြည့်နေတယ် ။

"မင်း ရဲ့ စောကော "

"ဟင် ! စောကမနက်ဆိုအစောကြီးထနေကျကွ ခါတိုင်းဆို
သူနိုးရင်ငါလည်းနိုးပါတယ် ဒီမနက်တော့ဘယ်အချိန်ထသွား
လိုက်လည်းတောင် မသိလိုက္ဘူး "

"မင်းနှယ်ကွာ ငါတို့ကခုနလေးကတည်းကနိုးနေတာ
မင်းတို့နှစ်ယောက်လုံးမနိုးသေးဘူးထင်လို့ ငါလာနှိုးတာ "

"ငါ့ခ်ာတိတ္က အစောကြီးထနေကျကွ "

"နေပါအုံး မင်းတို့ညကအခြေအနေဘယ်လိုရှိလဲ
မင်းရဲ့စော ကောအခြေအနေကောင်းရဲ့လား မင်းသူ့ကို "

"ဘာတွေလာပြောနေတာလဲကွာ ရှင်းရှင်းလင်းလင်းပြော "

"မင်းကလည်းတုံးလိုက်တာ မင်းတို့ညကဘာညာဘာညာ "

"ပေါက်ကရတွေကွာ တိုးတိုးပြော စော ပြန်လာတာနဲ့
တိိုးလို့ရှက်ပြီးထွက်ပြေးနေအုံးမယ် "

"ဒါဆိုမင်းတို့နှစ်ယောက်က အခုထိဘာမွ
မဖြစ်ကြသေးဘူးပေါ့ "

"ဟင့်အင်း ဘာမှမဖြစ်ကျသေးဘူး "

"မင်း တခုခု ဖြစ်လို့လား "

"မဟုတ်ပါဘူးကွာ ငါတို့နှစ်ယောက်က ချစ်သူဖြစ်တာ
အခုမွ တလကျော်လောက်ရှိသေးတာလေ အဲ့အဆင့်ထိ
မရောက်သေးပါဘူး နောက်ပြီး စော ကငါ့ထက်လည်း
အသက်အများကြီးငယ်တယ်လေကွာ အချိိန်ပေးရအုံးမှာပေါ့"

"မင်း စိတ်ကိုမင်းထိန်းနိုင်တယ်ပေါ့လေ ဟုတ္လား "

"ဒီလိုပဲပေါ့ကွာ ငါ စော ကိုတန္ဖိုးထားတာပါ ငါချစ်မိတဲ့
သူကမိန်းကလေးမဟုတ်ပဲ ယောကျၤားလေးဖြစ်နေလည်း
ငါတန္ဖိုးထားရမွာပဲ သူဝမ်းနည်းရမဲ့အဖြစ်မျိုး ငါလုပ်မှာ
မဟုတ်ဘူးနောက်ပြီး ငါတို့နှစ်ယောက် ချစ်သူဖြစ်တဲ့ညက လိုအတင်းချည်းငါထပ်မလုပ်တော့ဘူးလို့
ကတိပေးထားတယ် "

( ရောင်နီလည်း တန်ဆောင်မုန်းလပြည့်ညက မူးပြီး
စောအပေါ်ပြုမူခဲ့တာတွေကို ကောင်းမြတ်ကိုပြန်ပြောပြလို်က်တယ် )

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Место, где живут истории. Откройте их для себя