Part ( 24 ) ( Zawgyi )

322 11 2
                                    


မမမြတ်မွန်လာပို့ပေးတဲ့ ချိုင့်ထဲကထမင်းကိုစားနေရင်း
ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေလေသူ ရောင်နီသာ
အဟွန်း ! ကိုယ့်ဖုန်းထဲလည်း စော ပုံတွေချည်းပဲ
ဓာတ်ပုံရိုက်မယ်ဆိုတိုင်း အရိုက်မခံချင်တဲ့ စော ကို
လစ်ရင် လစ်သလို တိတ်တိတ်လေးခိုးရိုက်ထားမိသည်
ဒီမနက်လည်း ကိုယ်က သနပ်ခါးလေးလူးထားတာမြင်
ချင်တယ် ပြောလို့လူးထားပါတယ်ဆိုတဲ့ စော ကို
မသိအောင် ဓာတ်ပုံခိုးရိုက်ထားသေးသည် ကိုယ့်ဖုန်းကို
ယူမကြည့်တတ်သူမို့ ကိုယ့်ဖုန်းထဲမှာ စောဓာတ်ပုံတွေ video အတိုလေးတွေ ရှိနေတာကိုတောင် သိမှာမဟုတ်
ဘူး ကိုယ့်မှာတော့အချိန်ရရင်ရသလို အားတာနဲ့သူ့ပုံလေး
တွေ လှုပ်ရှားမှုလေးတွေ ကို ပြန်ကြည့်ပြီး အလွမ်းဖြေနေ
ရတယ် ချာတိတ်ကတော့လွမ်းရကောင်းမှန်းတောင် သိရဲ့လားမသိဘူး တခါတခါ ခပ်ဆတ်ဆတ်လေးရိုက်ပြီး
မေးမိချင်တယ် ! အဟွန်း။

& မလွန်ဆန်နိုင် နှလုံးသားနဲ့ရစ်နှောင်တွယ် ပတ်လို့ဖြင့်
ထားတော့လည်း အတွေးခက်တယ်သံယောဇဉ် &

ဖုန်းသံမြည်လာတာတောင်ချက်ချင်းမကိုင်သေးပဲ
ဖုန်း Ringtone သံထည့်ထားတဲ့သီချင်းကို ခဏနား
ထောင် မိနေသေးသည် မြင်ယောင်နေသည်က စော ပုံရိပ်
လေး ဖုန်း Wallpaper မှာပေါ်နေသည်က ဝလုံးပုံ
သနပ်ခါးလေးနဲ့ငေးနေတဲ့မျက်နှာပိုင်ရှင်
ကိုယ့် နှလုံးသားလေး ။

"ဟယ်လို မေမေ "

"ရောင်နီသာ အခုချက်ချင်းပြန်လာခဲ့စမ်း "

"မေမေကလည်းဗျာ ဟိုနေ့ကလည်းပြောပြီးပြီ
တာဝန်ကျတာမပြီးမချင်းပြန်မလာပါဘူးလို့ "

မေမေ့အသံက တင်းမာနေသယောင် မခေါ်စဖူးနာမည်ကို
အပြည့်အစုံခေါ်လို့ပါလား ရောင်နီတို့မောင်နှမတွေကို
သားကြီး သားငယ် သမီးငယ်လေး လို့သာ ခေါ်တတ်တဲ့
မေမေက အပြစ်တခုခုလုပ်မိလို့ ဆုံးမတဲ့အချိန်ဆိုရင်တော့
နမည်ကိုသာ ခေါ်တတ်လေသည် ။

"အေး ! မင်းပြန်မလာလို့ မေမေကိုယ်တိုင်လိုက်လာတာ
အခုချက်ချင်းမင်းတည်းတဲ့အိမ်ကို လာခဲ့စမ်း မဟုတ်ရင်
မင်း မေမေ့အဆိုးမဆိုနဲ့နော် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Où les histoires vivent. Découvrez maintenant