ဆောင်းမနက်ခင်းရဲ့အငွေ့အသက်လေးရနေပြီ . . .
နေ့တာတိုပြီး ညတာရှည်တဲ့ဆောင်းတွင်းရဲ့သဘောတရားအတိုင်းမနက်ဆို တော်တော်နဲ့မိုးမလင်းပဲ ညနေဘက်ဆို
ရင်တော့အစောကြီးကို မှောင်နေတာ နွေရာသီ မိုးရွာသီတွေမှာ ၇ နာရီလောက်မှ မိုးချုပ်တတ်ပေမဲ့ ဆောင်းတွင်း
ရောက်လာရင်တော့ညနေ ၆ နာရီလောက်ဆို မှောင်ရီပျိုးလို့နေပါပြီ ။ခါတိုင်းနေ့ရက်တွေလိုပဲလေ စော ကမနက်ဆိုအမြဲတမ်း
အစောနိုးနေကျပါပဲ အိပ်ယာနိုးလို့မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့အိပ်မောကျနေဆဲဖြစ်တဲ့ အကို့မျက်နှာကိုမြင်နေ
ရတယ် အမြဲဖြီးတင်ထားတတ်တဲ့ဆံပင်တွေက နဖူးထက်ဆီကျနေပါရဲ့ညကတည်းကကိုင်ထားတဲ့ ကျွန်တော့်လက်ကိုအခုထိ မလွှတ်သေး ညတုန်းက ကျွန်တော်အိပ်ပျော်နေပြီ
ထင်ပြီး လက်ကိုလှမ်းဆွဲပြီးအိပ်တာကို ကျွန်တော်သိပါတယ် အကိုက ဘယ်လိုလူပါလိမ့် ။"ဟင် ! စော နိုးနေပြီလား အစောကြီးရှိသေးတယ်
မဟုတ်ဘူးလား ""ဘယ်စောတော့မလဲအကိုရဲ့ မနက် ၆ နာရီထိုးနေပြီ
ဆောင်းတွင်းရောက်လာတော့ မိုးလင်းတာနောက်ကျနေလို့ပါ ""စောက ညကအစောကြီးအိပ်ပျော်သွားတာပဲ
အကိုက တော်တော်နဲ့အိပ်မပျော်ဘူးသိလား ""အကိုက အိပ်မပျော်ရအောင် ဘာတွေတွေးနေလို့လဲ
အိပ်ခါနီးရင် ဘာမှလျှောက်မစဉ်းစားရဘူးဗျ
ဟိုလေ . . . ကျွန်တော့်လက်ကိုလွှတ်ပေးလို့ရပြီလား ""Sorry ပါစောရယ် ကိုယ်ကလေ ဘေးနားမှာ
တယောက်ယောက်ရှိနေမှ အိပ်တတ်တဲ့အကျင့်ဖြစ်နေတာ
အိမ်မှာဆိုလဲ အဲ့လိုပဲသိလား ကိုကိုမရှိကတည်းက
ညဘက်ဆိုအိပ်ခါနီးရင်လေ မေမေကကိုယ့်အနားလာ
နေပေးတာကိုယ်ကလေ မေမေ့လက်ကိုအခုလိုကိုင်ပြီး
စကားပြောနေကျ ကိုယ်အိပ်ပျော်သွားမှ မေမေကအသာလေးလက်ကိုလွှတ်ပြီးမေမေ့အခန်းဆီပြန်သွားတာ သိလား "လိမ်လိုက်စမ်းကွာရောင်နီ မေမေကြားရင်ရယ်မှာသေချာ
တယ်ရောင်နီဆိုတာ ၂ ထပ်ခွဲတိုက်ကြီးရဲ့အပေါ်ထပ်မှာ
အခန်း ၃ ခန်းရှိတဲ့ထဲကမှ ( Master Room ) မှာ
တယောက်ထဲနေတာကောင်းမြတ်ဦး ညအိပ်လာလည်ရင်
တောင် မလွတ်လပ်ဘူးဆိုပြီးဘေးအခန်းမှာပဲ အိပ်ခိုင်းတာ ကိုယ့်ဘေးနားမှာအတူအိပ်ခိုင်းတာမဟုတ်ဘူး
ကောင်းမြတ်ဦး များကြားရင် ထိုင်ရယ်မှာသေချာတယ် ။
![](https://img.wattpad.com/cover/327275762-288-k728636.jpg)
DU LIEST GERADE
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romantikကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙