Part ( 16 ) ( Zawgyi )

492 21 2
                                    


ဒီဇင်ဘာ ( ၂၅ ရက် ) ခရစ်စမတ်နေ့

ဒီနေ့တော့ စောလေပြေအေး မွေးနေ့မို့ ဘုရားဝန်းထဲမှာ
စတုဒီသာကြွေးကျလေသည် ကြက်သားဆန်ပြုတ် နဲ့ သာကူ
တရွာလုံး ခလေးမှစ လူကြီးအဆုံး လာကျလေသည်
ရွာမှာစတုဒီသာကြွေးကျတယ်ဆို ကိုယ့်အိမ်မှာကြွေး
ကျတာထက်
ဒီဘုရားဝန်းလေးထဲတွင် ကြွေးကျတာများလေသည်
ရွာသူ ရွာသားတွေအပြင် လမ်းသွားလမ်းလာ ကြုံတဲ့သူပါ
ဝင်စားလို့ရတာမို့ ပိုပြီးပျော်စရာကောင်းပေသည် ။

"အဝစားကြနော် အိမ်ပြန်ရင် ပါဆယ်ပါယူသွားလို့
ရတယ်ဗျို့ "

နှုတ်သွက် လျှာသွက်ဖြင့်ပြောနေကျသည်ကတော့
ကျော်ပြည့်နဲ့ကျော်မျိုးတို့နှစ်ယောက်ပင်ဖြစ်လေသည်
ဒေါ်ခင်အေးဦးဆောင်တဲ့အမျိုးသမီးကြီးများအဖွဲ့က
ချက်ပြုတ်ရေးတာဝန်ယူလေသည် ဦးစောသာအေးကတော့ ထိုင်တော်မူဘုရားကြီးအောက် အတွင်းမှာဘုရားဂေါပက
လူကြီး ကျေးရွာလူကြီးတွေနှင့် စကားပြောနေကျသည်
စတုဒီသာ လာစားကြသူများ အိမ်အပြန် ချိုင့်လေးများနှင့်
ပါဆယ်သယ်သွားကြသူများနှင့် ဘုရားဝန်းလေးထဲတွင်
စည်ကားနေသည် ဧည့်ခံသူ ကာလသားလူပျိုလေးများ
ကလည်း အားတက်သရောလုပ်ကူကျလေသည်
ပကာသနမပါ တဲ့ မွေးနေ့ကုသိုလ်လေးပင် ။

"ကိုယ့် ကလေးလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ နောက်ပြီး
ကိုယ့်ကိုလည်း အများကြီးချစ်ပါစေဗျာ "

"အကို မနက်ကအိပ်ယာနိုးတော့လည်း
ဆုတောင်ပေးပြီးပြီလေ "

"အခု နောက်တခါထပ်ဆုတောင်းပေးတာလေ
ကိုယ့်ကလေး ရယ့် "

"ခေါ်ပြန်ပြီ ချာတိတ်ခေါ်လိုက် ကလေး ခေါ်လိုက်နဲ့
ကျွန်တော်က ကလေးလေးမဟုတ်တော့ဘူးဗျ "

"ဟောဗျာ စောက ဒီနေ့မှအသက် ၂၀ ပြည့်တာလေဗျာ
ကိုယ့်ထက် ၅ နှစ်တောင်ငယ်တယ် ကိုယ့်ကလေးပေါ့ဗျာ "

"အကိုနော် . . .  "

"အောင်မလေးနော် သာယာနေလိုက်ကျတာ ဆရာတို့
လာ လာ လူရှင်းပြီ မနက် ၆ နာရီထိုးပြီးကတည်းက
ဧည့်ခံနေရတာအခုမှအမောဖြေရတော့တယ် ၉ နာရီလည်းထိုးပြီ တရွာလုံးလည်းကုန်ပြီထင်ပါတယ် လာလည်း
ဟိုမှာအိုးထဲကသူတို့ဘာသာ ကြိုက်ရာ ထည့်သွား
လိမ့်မယ် လာ ငါတို့ဝိုင်းလိုက်ရအောင် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Where stories live. Discover now