Part ( 15 ) ( Unicode )

2.1K 91 11
                                    


"စော အိမ်မပြန်သေးပဲ စေတီလေးဘက်ခဏ
သွားထိုင်ကျမလား "

"ဟုတ်ကဲ့ အကိုသွားချင်သွားမယ်လေ "

"စောတို့ရွာလေးက ကထိန်ကအရမ်းစည်တယ်နော်
ရွာသူရွာသားတွေကလည်း တက်ညီလက်ညီနဲ့ကို
ပါဝင်ကျတယ် "

"ဟုတ်တယ်အကို ဒီရွာမှာ ဘာပွဲပဲရှိရှိ စည်းစည်းလုံးလုံး
နဲ့ဝိုင်းကူကျတာဆိုတော့ ပျော်စရာအရမ်းကောင်းတယ်ဗျ "

"ဟိုညောင်ပင်ရိပ်အောက်ကခုံလေးမှာ ထိုင်ကျမယ်နော်
ဒီဘက်ကခုံတန်းတွေက နေပူတယ် "

"ဟုတ်ကဲ့ အကို "

မိုးကုန်ပြီးဆောင်းလရောက်လာပြီမို့ သဘာဝအေလ်ာက္သာ
ပွင့်တဲ့ကြာပန်းတွေသည်လည်း မပွင့်တော့ပါလေ ကြာကန်
ကြီးထဲမှာတော့ ဗေဒါပန်းတွေ ဒိုက်တွေနှင့် ပန်းမရှိတော့တဲ့ကြာပင်များသာ ကျန်ရစ်နေတော့သည် ။

ထိုင်နေရာကနေ ထသွားတဲ့စောရဲ့အနောက်ကို ရောင်နီ
လိုက်သွားမိတယ် စေတီလေးရဲ့အနောက်နားလောက်မှာ
အရမ်းမကြီးပေမဲ့ ရောင်နီ့လက်တဖောင် ( မက်တပ်ရပ်ပြီးလက်မြှောက်ထားသည့်အနေအထား ) စာလောက်ရှိတဲ့
အပင်လေးအောက်ကပြန့်ကျဲနေတဲ့ပန်းလေးတွေကို
စောကတပွင့်ချင်းလိုက်ကောက်ပြီး လက်ဖဝါးထဲထည့်
နေတယ် ရိုးတံနီလေးတွေပါတဲ့ စံပယ်ပန်းနဲ့တူတဲ့
ပန်းလေးတွေ ရောင်နီတော့အခုမှမြင်ဖူးတယ် ။

"အကို ဒီပန်းကို ဆိတ်ဖလူးပန်း လို့ခေါ်တယ်
အကိုတို့မြို့ပေါ်မှာတော့ မရှိလောက်ဘူးဗျ ရွာဘက်တွေ
မှာတောင် အတော်ရှားတယ် တချို့ကဒီပန်းကိုအဆိပ်ရှိ
တယ်လို့ထင်ကျတာလေ တကယ်တော့ ဒီပန်းက
အဆိပ်တွေကိုတောင် ဖြေပေးနိုင်တဲ့ပန်းတမျိုးပါ "

စောက လက်ဖဝါးထဲထည့်ထားတဲ့ပန်းလေးတွေကို ရောင်နီ့
အနားယူလာပေးတယ် နမ်းစေချင်တဲ့ပုံစံမျိုးနဲ့ နွာဖ်ားနား
လေးကပ်ပေးလာတယ် ရောင်နီလည်း စောရဲ့ လက္ဖဝါး
အောက်ကို ရောင်နီ့လက်တွေနဲ့ ထပ်ခံပေးလိုက်ရင်း
ပန်းတွေကိုရှိုက်နမ်းမိလိုက်တယ် အနံ့လေးကတမျိုးပဲ
သင်းပျံ့ပျံ့လေး ။

"လာ အကို ခုံမှာသွားပြန်ထိုင်ကျမယ် "

"စော ကပန်းလေးတွေကိုမြင်ရင် အရမ်းသဘောကျ
တတ္တာပဲ ယောကျၤားလေးအများစုက ပန်းတွေကို
သဘောမကျဘူးလေ "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Dove le storie prendono vita. Scoprilo ora