Part ( 14 ) ( Zawgyi )

529 20 2
                                    


ထန်းရည်ထဲကိုဝီစကီရောထည့်ထားသည်ကို မသိပဲ
ထည့်ပေးသမျှခွက်တိုင်းသောက်မိသည်ကြောင့် ရောင်နီ
သတိလက်လွတ်ဖြစ်နေသည် ကျော်မျိုး နဲ့ ရဲခေါင်ကလည်း
ပြန်သွားကျပြီ ကျော်ပြည့်ကတော့ အရင်ဦးဆုံး
မှောက်တဲ့သူမို့အိမ်ပေါ်မတက်နိုင်တော့ဟုဆိုကာ
အိမ်အောက်ထပ်ကွပ်ပစ်စင်ပေါ်မှာသာ သွားခွေအိပ်နေ
တော့သည် စောကတော့ပန်းကန်တွေသိမ်းခြံတံခါးတွေ
ပိတ် အိမ်အောက်ထပ်တံခါးကိုလည်း စေ့လိုက်ပြီး
ရောင်နီ့ကို အိမ်ပေါ်ထပ်ဆီ တွဲခေါ်ဖို့ပြင်နေပါသည် ။

"အကို အကို သတိထားပါအုံး လှေကားကိုတက်ရမှာနော်
အကို့ကိုယ်လုံးကြီးကိုကျွန်တော်မထိန်းနိုင်ဘူး ပြုတ်ကျမယ် "

"အင်း အင်း စော ကိုယ့်ရဲ့စော ကိုယ်လေ ကိုယ် "

အကို့စကားတွေသည် ရှေ့နောက်မညီစွာဖြင့် တိုးတိုးလေး
ရေရွတ်နေလေသည် အိမ်ပေါ်ထပ်အခန်းထဲထိ တွဲလာပြီးပြီမို့အကို့ကို ကုတင်ပေါ်ဆီ လှဲလို့ရအောင်
တင်ပေးလိုက်သည် ။

"မသွားနဲ့ မသွားပါနဲ့ ကိုယ့်အနားကထွက်မသွားပါနဲ့ကွာ
ကိုယ်စော ကို အရမ်းချစ်တယ် အရမ်းချစ်တယ်
ချစ်လွန်းလို့ ကိုယ်ရူးတော့မယ် "

"ဟာ ! အကို အကို ကျွန်တော့်ကိုလွှတ်ပါ "

ကုတင်ပေါ်ကို တင်ပေးပြီး နေရာရွှေ့ပေးဖို့ပြင်ပေးနေတဲ့
အချိန်မှာပဲ ရောင်နီ  စောကိုအတင်းဖက်တွယ်ထားလေသည်
စောရဲ့ ကိုယ်လုံးလေးကို လှမ်းဆွဲဖက်ထားရာကနေ
ဆတ်ခနဲ ပြန်ဆွဲချလိုက်လေသည် စောကိုယ်လုံးလေးဟာ
အိပ်ယာပေါ်နှင့် ကျောချင်းကပ်အနေအထားဖြစ်သွားပြီး
ရောင်နီ့ ကိုယ်လုံးကြီးက စော ကို အုပ်မိုးထားလေသည် ။

"စော ကို ကိုယ်အရမ်းချစ်တယ် စော ဟိုကောင်မလေးနဲ့
စကားတွေပြောနေတာလည်း ကိုယ် မကြိုက်ဘူး
သဝန်တိုတယ် ကိုယ့်ကိုရူးအောင်မလုပ်ပါနဲ့ကွာ နော် "

ဝမ်းနည်းသံတွေနဲပြောနေတဲ့ ရောင်နီ့ရဲ့စကားသံတွေကို
နားထောင်ရင်း စောကတော့ ရောင်နီ့ရဲ့ကိုယ်လုံးကြီးကို
အတင်းတွန်းထုတ်နေတယ် ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin