မနက် ၆ နာရီလောက်ဆို စောလေပြေအေးအိပ်ယာထနေကျ
ဖြစ်သည် အိပ်ယာကိုခေါက်ပြီးခုတင်ဘေးက ခေါင်းရင်း
ဘက်ခြမ်းမှာကပ်ထားလိုက်သည် ဟိုလူကိုကြည့်မိတော့
အိပ်နေတုန်းပဲအခန်းထဲကနေထွက်ဖို့ဟန်ပြင်လိိုက်သည် ။"ဟင် ! ချာတိတ် နိုးပြီလား "
ရောင်နီလဲအိပ်မှုန်စုန်မွှားနဲ့ထထိုင်ရင်း ပြောလိုက်သည်
"ဟုတ်ကဲ့ ကျွန်တော်ကဒီအချိန်ဆိုထနေကျမို့လို့ပါ
ဧည့်သည်ဒေါက်တာ အနှောင့်အယှက်ဖြစ်သွားလားမသိဘူး ""မဖြစ်ပါဘူး ချာတိတ်ရဲ့ ကိုယ်လဲအစောထတဲ့အကျင့်
ရှိပါတယ်မနေ့ကကားစီးလာရတော့ နဲနဲခရီးပမ်းသလို
ဖြစ်သွားလို့ပါ "ရောင်နီကုတင်ကနေထရပ်ရင်းပြောလိုက်သည်
ဟိုကောင်လေးကရောင်နီ့အိပ်ယာကို လာသိမ်းပေးတယ် ။"ရပါတယ် ကိုယ်လုပ်လိုက်ပါ့မယ် "
"အားမနာပါနဲ့ဗျ ကျွန်တော့်ဘာသာလုပ်လိုက်ပါမယ် "
ရောင်နီတို့၂ယောက်လုံး အိမ်ပေါ်ထပ်မှဆင်းလာခဲ့
ကျတယ်ရောင်နီမျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်
ပြီးမှစောလေပြေအေး ရေကန်ရှိရာဆီရောက်လာတယ်
မလွတ်လပ်မှာဆိုးလို့ ရှောင်ပေးနေတာထင်ပါတယ် ။"ကဲ ! လာကြ အဆာပြေစာစားကြတော့ သားငယ်
ဒေါက်တာလေးကိုလိုအပ်တာတွေ သေချာလုပ်ပေးနော် ""ဟုတ်ကဲ့ မေကြီး "
ထမင်းကြော်ပူပူလေးနဲ့ ကြက်ဥကြော် ရေနွေးကြမ်း
ဒီလိုမနက်စာမျိုးက ဒီလိုကျေးလက်ဒေသတွေမှာ
အကောင်းဆုံးမနက်စာပေါ့ဗျာ ရန်ကုန်မြို့မှာနေတဲ့
ရောင်နီ့လို မိုးလင်းလာရင် ဘာစားမလဲ
ဘာသောက်မလဲ လိုတာရခဲ့တဲ့သူအတွက် အိမ္ကို
ခနေတာ့ လွမ်းမိသွားသလိုပါပဲ ။"ဒေါက်တာလေးရဲ့ မိဘများကကောဘာတွေလုပ်ကျလဲကွဲ့ "
ဦးစောသာအေး ရေနွေးကြမ်းလေးမှုတ်သောက်ရင်း
မေးလိုက်သည် ။"ကျွန်တော့်ဖေဖေက နှလုံးအထူးကုပါရဂူကြီးပါ ဦး
မေမေကတော့ ရတနာဆိုင်ဖွင့်ထားပါတယ်
ကျွန်တော့်ကိုကိုက ကလေးအထူးကုဆရာဝန်ပါ
ညီမလေးလဲရှိပါတယ် သူကအခုမွ ၁၀ တန်းပါ ဦး "
ESTÁS LEYENDO
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romanceကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙