Part ( 11 ) ( Zawgyi )

622 16 0
                                    


ဆောင်းမနက်ခင်းဝေတီဝေလင်းနှင့်အတူ မြူခိုးတွေရစ်သိုင်း
ပြီးပတ်ဝန်းကျင်ကိုတောင် သဲသဲကွဲကွဲမမြင်ရသေးပေမဲ့
နှင်းမှုန်တွေကြားထဲ ဓာတ်မီးဆီမှလာတဲ့အလင်းရောင်လေးနဲ့ တရွေ့ရွေ့ လျှောက်လမ်းလာတဲ့ ရောင်နီ နဲ့ စော ။

"ဒီနေ့ အအေးပိုနေသလိုပဲနော် စော "

"ဟုတ်တယ် အကို . အရမ်းအေးနေလားဟင် "

"အဲ့လောက်လည်း မဟုတ်ပါဘူး နဲနဲပါ "

ပြောသာပြောလိုက်ရပေမဲ့ တဆတ်ဆတ်တုန်နေသော
နှုတ်ခမ်းသားတွေကတော့ ညာလို့မရဘူးထင်ပါတယ် ။

"ဒီနေ့ကျွန်တော်တို့ထွက်လာတာလဲ နဲနဲစောတယ်
လမ်းထိပ်က အကြော်ဆိုင်လေးဖွင့်ပြီဆို အချမ်းသက်သာ
အောင်မီးလှုံရင်းအကြော်ထိုင်စားကျမယ်နော် အကို "

အကို့ကိုကြည့်ပြီး ကျွန်တော်အားနာမိသွားတယ်
မနက်ဆိုကျွန်တော်ထတာနဲ့သူပါလိုက်ထတယ်
လမ်းလျှောက်ဖို့အဖော်လုပ်ပေးတယ် အခုလည်း
ကြည့်ပါအုံး မအေးဘူးသာ ပြောနေတယ် နှုတ်ခမ်းတွေ
တဆတ်ဆတ်တုန်နေပြီး နားလေးတွေပါ နီနေပြီလေ ။

"အကိုလာ ဟိုမှာအကြော်ဆိုင်ဖွင့်နေပြီ အရီးလှ
အကြော်ရပြီလား မီးလှုံရင်းအကြော်ထိုင်စားမယ်ဗျာ "

"ဒေါက်တာလေးနဲ့လေပြေပါလား ဘာလဲလမ်းလျှောက်
ထွက်လာကျတာလား ဆောင်းတွင်းကြီးချမ်းရအေးရတဲ့ကြားထဲ အိပ်ယာထဲအေးဆေးမကွေးကျဘူးကွယ် လာ . လာ
ထိုင်ကြအကြော်ကတော့ ဆီအိုးထဲရောက်နေပြီ
ခနနေရပြီကွဲ့ရေနွေးကြမ်းသောက်ရင်း ထိုင်စောင့်ကျအုံး "

"အရီးလှကလည်းဗျာ ဆောင်းတွင်းကြီးလမ်းလျှောက်
ထွက်တာအဆန်းမှမဟုတ်တာ ကျွန်တော်အရင်ကတည်းက လျှောက်နေကျဒီမနက်ကအအေးပိုပြီး ထွက်လာတာလဲနဲနဲ
စောသွားလို့ပါဗျာ "

ရောင်နီနဲ့စောတို့ ဝါးတိုင်လေးနဲ့ဆောက်ထားပြီးအင်ဖတ်မိုးထားတဲ့ တဲလေးထဲဝင်ထိုင်လိုက်ကျသည် မိုးပြဲဒယ်
အကြော်အိုးကိုထိုးထားတဲ့ထင်းမီးအရှိန်ကြောင့် နဲနဲတော့အနွေးဓာတ်ရလာပါပြီ သစ်သားစားပွဲခုံလေးမှာ
သစ်သားခုံပုလေးတွေ ချခင်းထားတဲ့ပကာသနကင်းတဲ့
လမ်းထိပ်က အကြော်ဆိုင်လေးလေ ရောင်နီဘေးဘက်တွေ ဝေ့ကြည့်လိုက်တော့ ဒီလိုတဲလေးတွေမလှမ်းမကမ်းမှာ
ထပ်တွေ့ရပါသေးတယ် စောကတော့စားပွဲခုံပေါ်က
အကြမ်းအိုးလေးထဲက ရေနွေးကိုငှဲ့နေပါတယ် ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Where stories live. Discover now