Part ( 8 ) ( Zawgyi )

762 22 0
                                    


ရောင်နီအိမ်ပေါ်ထပ်ရဲ့ အခန်းထဲကုတင်ပေါ်မှာ
လှဲလိုက်တယ် ယောင်ချာချာကြီးကွာ အထီးကျန်တယ်ဆိုတာဒါမျိုးပဲလှဲနေရာကနေ ထလာလိုက်တယ် ဒီအချိန်ဆို စော က
ဒီစားပွဲခုံလေးမှာ စာထိုင်ဖတ်နေကျ . . . ဘေးမှာရှိတဲ့
စာအုပ်စင်လေးမှာ စီစီညီညီ စီထားတဲ့စာအုပ်လေးတွေကို
လိုက်ကိုင်ကြည့်မိတယ် ဘာရယ်မဟုတ်စာအုပ်လေးတအုပ်
ကို ဆွဲထုတ်လိုက်တာ ပုံလေးတပုံထွက်ကျလာတယ်
ကောင်လေး တစ်ယောက်ပုံ ကျောင်းအဖြူအစိမ်းလေးနဲ့
ကချင်ဆင်လွယ်အိတ်အနီလေးကို ဘေးတစောင်းလေး
လွယ်ထားတာ ရယ်နေလိုက်တာကြည့်ပါအုံး
ပါးချိုင့်လေးတွေကိုပေါ်လို့ မျက်ဝန်းကျယ်လေးတောင်
မှေးနေပြီ ရောင်နီ ပုံလေးကိုယူလိုက်တယ် ကုတင်ပေါ်ဆီ
ပြန်သွားပြီး ခြေပစ်လက်ပစ်လှဲချလိုက်တယ်
ပုံလေးကတော့ ရောင်နီ့နှလုံးသားနဲ့အနီးကပ်ဆုံးနေရာ
မှာပေါ့ . . .
အိမ်အောက်ထပ်ဆီက ကက်ဆက်ဆီမှသီချင်းသံလေးက
အိမ်ပေါ်ထပ်အခန်းထဲထိ ပဲ့တင်ဝင်ရောက်လာတယ်
ဦးစောသာအေးဖွင့်ထားတာ ထင်ပါရဲ့လူကြီးဆိုတော့
အရင်ခေတ်သီချင်းပဲ နားထောင်မှာပေါ့လေ . . .

( 📼📼📼 . . . )
သူနဲ့အကြည့်ချင်းဆုံ ရင်ခုန်ရတာ ခဏခဏပဲကွယ်
ရွှေသမင်မျက်လုံးလေးနဲ့ စင်ယော်တောင်မျက်ခုံးလေးရယ်
လမင်းပမာ မျက်နှာလေးနဲ့ လိုက်ဖက်ညီပါတယ်
မောင်ချစ်မိနေပြီကွယ် မောင်ကြိုက်မိနေပြီကွယ် . . .
မင်းနဲ့အကြည့်ချင်းဆုံတိုင်း မျက်တောင်လေးခတ်ရမှာလဲ
နှမြောမိပါတယ် ချစ်ခွင့်လေးပေးမယ်ဆိုရင်
အလှကြည့်ရင်း ချစ်ပါရစေနော်ကွယ် . . .
 
စာနာပါအုံးကွယ် တဖက်သတ်အချစ်သမားလေးဘဝ
မျှော်လင့်ရတာ ရင်မှာဖြေမလွယ် နေ့လဲလွမ်း ညလဲလွမ်းတဲ့
အလွမ်းသမားလေးတော့ ငိုရလိမ့်မယ်
မင်းမချစ်ရင် ရူးရပါလိမ့်မယ် . . .
ကိုရွှေဖူးစာနတ်ရယ် ကူညီစမ်းပါအုံးကွယ်
ပစ်ပေးစမ်းပါ အချစ်မြှားအစင်းတရာ
ရင်ကွဲလို့ အချစ်ပွဲလွှဲလိုက်မယ် . . .
ချစ်တဲ့သူလေးရယ် သနားချစ်တော့ချစ်ဖို့သင့်ပါတယ် . . .

အော်ငါ့နှယ်ကွာ ဒီအတိုင်းတောင်လူကနေလို့ထိုင်လို့မရဘူး
ဒီသီချင်းသံကြားမှ ပိုလွမ်းသွားပြီ ကုတင်ပေါ်လှဲရက်ကနေ
ပဲ့တင်လာတဲ့သီချင်းသံလေးကြောင့် စော ရဲ့ မျက်နှာလေး
ပြေးမြင်မိပါတယ် အရင်ကဆိုဒီလိုအရင်ခေတ်သီချင်းသံတွေ
နားထောင်ဖို့နေနေသာသာ အနားမှာလာဖွင့်တဲ့သူရှိရင်
တောင်ပိတ်ခိုင်းပစ်တာ အခုတော့လဲ မယ်ဒလင်သံလွင်လွင်
လေး ဒီသီချင်းလေးက နားထောင်လို့ကောင်းသားလို့
တွေးမိသား . . . ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora