Part ( 2 ) ( Unicode )

4.9K 215 9
                                    


ရောင်နီ အိမ်ပေါ်ထပ်ဆီတက်လာခဲ့သည် . . .
လေးပင်ပတ်လည်အိမ်ဆိုပေမဲ့ ရှေ့တခန်းလုံးက
လှေကားဆောင်ကို သေသေချာချာအဖီထုတ်ပြီး
တည်ဆောက်ထားတာမျိုးဖြစ်သည် ။ရန်ကုန်မြို့လိုနေရာမျိုးမှာ ရှာမတွေ့နိုင်လောက်တဲ့ အိမ်ကြီးမျိုးတွေတအိမ်လုံးကို သစ်သားတွေနဲ့ဆောက်ထားပြီး အအေးခံအောင်
အုတ်ကြွပ်တွေမိုးထားတယ် လှေကားလက်ရန်းမှာ
တပ်ထားတဲ့ပွတ်လုံးတွေဆို ချောမွတ်ပြီး
အရမ်းကြည့်ကောင်းတယ် ။

အိမ်ပေါ်ထပ်ဆီတက်လာလိုက်တာနဲ့ ခေါင်းရင်းဘက်ဆီမှာ
ဘုရားကျောင်းဆောင်ကိုသေသေချာချာလုပ်ထားတာ
သပ္ပာယ်လိုက်တာ အိမ်ပေါ်ထပ်မှာက အခန်းကျယ်ကြီး
တစ်ခန်းပဲရှိတယ် မိသားစုတွေသိပ်မများဘူးထင်ပါတယ်
ရောင်နီ့ကိုလာကြိုတဲ့အကိုတယောက်ရယ် ထမင်းစားတုန်းက ပြင်ဆင်ပေးတဲ့အမရယ် နဲ့ ဦးလေးနဲ့အဒေါ်ကိုပဲ
တွေ့တယ် ။

ရောင်နီသိပ်စဉ်းစားမနေတော့ဘူး လက်မှာပတ်ထားတဲ့
နာရီကိုတချက်ငုံ့ကြည့်လိုက်တယ် ၂ နာရီတောင်ထိုးနေပြီ
အခန်းကျယ်ထဲဝင်လာပြီး အနောက်ဘက်ကပိတ်ထားတဲ့
ပြတင်းပေါက်ကိုဖွင့်လိုက်တယ် လေအေးလေးတွေဝင်လာပါကောအခန်းထဲတချက်ကြည့်လိုက်မိတယ်
နှစ်ယောက်အိပ်ကုတင်တလုံးရယ် ပုတင်းပေါက်နားက
စာကြည့်စားပွဲလေးနဲ့ထိုင်ခုံလေးတလုံးရယ်
စာအုပ်လေးတွေ အစီအရီတင်ထားတဲ့ စာအုပ်စင်လေးရယ်
အဝတ်ဗီဒိုတလုံးရယ် ဒါပဲတွေ့တယ်
ရိုးရိုးရှင်းရှင်းလေးပါပဲ ။

( ! Ringtone )

"ဟယ္လို မေမေ "

"သားငယ်ရောက်ပြီလား နေရထိုင်ရတာကော
အဆင်ပြေရဲ့လား "

"ဟုတ်ကဲ့ မေမေ အားလုံးအဆင်ပြေပါတယ်
နေ့လည် ၁၁ နာရီခွဲလောက်ကရောက်တယ် အခုသား
ရေမိုးချိုး ထမင်းစားပြီး ခနနားနေတာ မေမေတို့ဆီလဲ
ဖုန်းခါ်မလို့ပဲသားအခုခနတည်းနေတာက ဒီရွာရဲ့လူကြီး
အိမ်မှာလေ ဆေပေးခန်းရယ် ဘယ်မှာနေရမလဲဆိုတာတော့
သေချာမပြောပြကျသေးဘူး သားကိုအနားယူစေချင်သေးလို့
နဲ့တူပါတယ် ညနေမှသေသေချာချာမေးလိုက်တော့မယ် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora