Part ( 23 ) ( Unicode )

1.1K 55 8
                                    


"အကို ထတော့လေ မနက် ၇ နာရီထိုးပြီးပြီဗျ "

"ဟင်း ! ဟုတ်ပါပြီ ထပါပြီဗျာ
ညကေနာက္က်မွ အိပ်တာတောင် ဘယ်အချိန်ကတည်း
ကမ်ားထသြားတာလဲ စော ရယ် "

"ညည့်နက်မှအိပ်လည်း မနက္ဆို နိုးနေကျအချိန်နိုးတာပဲဗျ "

ရောင်နီ အိပ်မှုန်စုံမွှားနဲ့ထထိုင်လိုက်ပြီး စော ကိုကြည့်မိ
တယ်မနက်ခင်းတိုင်းရဲ့ လေပြေအေးလေး ကိုယ့်ဘဝရဲ့
ရှင်သန်ရာလေး ။

"စော သနပ်ခါးလူးထားလို့ပါလား "

ဟုတ်ပါတယ် စော ကသနပ်ခါးလေးလူးထားတာ
ဝင်းနှစ်တဲ့အသားအရည်နဲ့ ပါးဖောင်းဖောင်းလေးထက်မှာ
ဘယ်ညာလူးထားတဲ့ အရွယ်တော်ဝလုံးလေး တကယ်ပါပဲ
ကို််ယ့်ရဲ့စောကလေ ပြီးပြည့်စုံတဲ့မြတ်နိုးရာလေး
ဒီအသက် ၂၀ ကျော်အရွယ် ကောင်ငယ်လေးဟာလေ
အထက်တန်းကျောင်းသားလေးလိုကို ဖြစ်နေတာ ။

"ကိုယ့်ရဲ့ စော က သနပ်ခါးလေးနဲ့လှလိုက်တာဗျာ
သနပ်ခါးလေးတော့ မျက်နှာငယ်နေရှာပြီ "

"ယောကျၤားလေးတယောက်ကို လှတယ်လို့ပြောခံရတာ
နားထောင်လို့မကောင်းလိုက်တာဗျာ မသကာ
ကြည့်လို့ကောင်းတယ်ဆို ရျပီ "

"အင်း ! ကိုယ့်မှာလဲ ခနခနကို ပြစ်မှုတွေမြောက်နေတာပဲ
နှလုံးသားခုံရုံးမှာ အယူခံဝင်ချင်လို့ စွဲချက်တင်လိုက်ပါဗျာ
ပုဒ္မ ။ ၁၅၀၀ "

"အကိုကေလ ဆရာဝန်မလုပ်ပဲ ရှေ့နေလုပ်ခဲ့ရမှာသိလား
ကဲပါဗ်ာ ထပါ ဆေးပေးခန်းသွားဖို့ပြင်ဆင်တော့ "

"ပြောပါအုံး သနပ်ခါးကဘယ်လိုကဘယ်လိုလူးဖြစ် "

"အဟင်း ! တောင်ဝိုင်းမှာတုန်းက အကို ပဲပြောတယ်လေ
ကျွန်တော့်ကို သစ်ရွက်ပုံသနပ်ခါးလေးလူထားတာမြင်ချင်
တယ္ဆို သစ်ရွက်ပုံတော့မဟုတ်ဘူး ဝလုံး မနက်ကမေကြီး
သနပ်ခါးလူးနေတာတွေ့လို့ ဝင်လူးလာတာ
မေကြီးကတောင်ပြောနေတာ ဒီကလေးဘာတွေ
စိတ်ကူးပေါက် နေတာလဲတဲ့ "

"ကိုယ့်ရဲ့စောက သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာဗျာ လာပါအုံး သနပ်ခါးလေးမွှေးလားမွှေးကြည့်ချင်လို့ "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora