~ ~ ~ ~ ~
( ဒီဇင်ဘာလ ၃၁ ရက် )
စတစ်ကောလံအဖြူရောင်လက်ရှည်လေး ကိုမွ
ယောပုဆိုးအနက်လေးနဲ့တွဲဝတ်ထားတဲ့စောက်ိုကြည့်ပြီး
အသဲယားစွာနောက်ကနေ သိုင်းဖတ်မိလိုက်တယ်
ပုခုံးလေးပေါ်မေးတင်ပြီး လည်ပင်းနားလေး နမ်းရှိုက်မိတော့
စံပယ်ပန်းရနံ့သင်းသင်းလေးကို ရလေသည်ဆံသားလေး
ကစျပီး ခြေဖျားလေးအဆုံးထိကိုမြတ်နိုးရပါတယ် ။"ဟာ ! အကိုအဝတ်အစားပြီးအောင်လဲလေ "
"ပြီးပြီလေဗျာ စော ကိုယ်ကောပုဆိုးဝတ်လိုက်ရမလား
ကိုယ်တို့နှစ်ယောက် ဆင်တူဖြစ်သွားအောင်လေ ""ထူးထူးဆန်းဆန်း ပုဆိုးဆိုလို့ရေဝတ်ချိုးတဲ့အချိန်ပဲ
ဝတ်တဲ့သူက ပုဆိုးဝတ်မယ်ဆိုပဲ ပုဆိုးကောထည့်လာလို့
လား မပါလဲဝတ်ချင်ရင် ကျွန်တော့်ပုဆိုးတွေတော့
ရှိပါတယ် ""အဟွန်း ! စော နဲ့ဆင်တူဖြစ်ချင်လို့ပါ
လိုက်ဖက်ညီသွားအောင်လေ ""အကို . . . ကျွန်တော်တို့က လူတယောက်ကိုချစ်ပြီဆို
သူ့ရဲ့ဖြစ်တည်မှုလေးအတိုင်းကိုပဲ မြတ်နိုးပေးဖို့လိုအပ်တယ်
ကျွန်တော် အခုလိုရိုးရိုးအေးအေးနေတတ်တာကို
ပြောင်းလဲပေးဖို့ လိုတယ်လို့အကိုတွေးဖူးလား ""ဟင့်အင်းတခါမှမတွေးဖူးဘူး စော ဘယ်လိုပုံစံလေးပဲ
ဖြစ်ဖြစ် ကိုယ် ချစ်တယ် မြတ်နိိုးတယ် ""ကျွန်တော်လည်းအတူတူပဲလေ ကျွန်တော့်အတွက်
အကိုဖြစ်တည်မှုတွေကို မပြောင်းလဲလိုက်ပါနဲ့
ကျွန်တော့်အတွက် အကို ဖြစ်နေရင်ကိုရပါပြီ ""ဟုတ်ပါပြီဗျာ သွားမယ်
အောက်မှာ ဟို ၃ ယောက်စောင့်နေကျပြီ "နှစ်ယောက်အဝတ်အစားတွေ ၂ ကန့်ခွဲထည့်ထားတဲ့
ကျောပိုးအိတ်ကို ရောင်နီ က ဆွဲပြီးဆင်းသွားလေတယ်
စော ကလည်း အနောက်ကလိုက်ဆင်းလာလိုက်တယ် ။"ဦးလေး နဲ့ ဒေါ်လေး မမေကာ ကျွန်တော်တခါထဲနှုတ်ဆက်
ခဲ့တယ်နော် ဒီကိုပြန်မလိုက်လာတော့ဘူး ရောက်နေတာလဲ
တလကျော်ပြီဆိုတော့ အိမ်ပဲပြန်လိုက်တော့မယ် "
![](https://img.wattpad.com/cover/327275762-288-k728636.jpg)
YOU ARE READING
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romanceကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙