( …… ) မြို့နယ်တရားရုံးကြီးအတွင်း အပ်ကျသံမျှပင်
မကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေပါသည် ။
တရားခွင်အတွင်းနေရာအသီးသီးမှာ နေရာယူထားပြီး
လေသော တရားလိုရှေ့နေ တရားပြိုင်ရှေ့နေ နှင့် အသီသီး
သောလူများငြိမ်သက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရ
ပါလေသည် ။"တရားသူကြီးမင်း ရောက်ပါပြီ "
ဆိုသည့် ပြောပေးသံကြားသည်နှင့် တရားခွင်တစ်ခုလုံးမှ
လူအများသည်လည်း တရားသူကြီးကို အရိုအသေပေးလိုက်
ကျပါသည် ။"ကဲ ! ဒီနေ့ နောက်ဆုံးအမိန့်မချခင်
တရားလိုရှေ့နေကြီးဘက်က ဘာများပြောချင်ပါသေးလဲ "တရားသူကြီးမင်း၏ သြဇာကြီးမားသော အသံသည်
တိတ်ဆိတ်ငြိမ်သက်နေသော တရားခွင်တခုလုံးကို
ပဲ့တင်သည် ။
တရားသူကြီး၏ ပြောကြားသံအပြီးမှာ ရှေ့နေဝတ်ရုံအပြည့်
ဝတ်ဆင်ထားသော တည်ငြိမ်အေးချမ်းမှုအပြည့်နှင့်
လူတစ်ဦးသည် တရားသူကြီးရှေ့ဆီကို ဦးညွှတ်လိုက်ပြီး
လေးနက်စွာ ပြောလာလေသည် ။"ကျွန်တော် တရားလိုရှေ့နေ ဦးစောလေပြေအေး
ဖြစ်ပါတယ် ဒီအမှုနှင့်ပတ်သတ်သော သက်သေများနှင့်
တစ်ကွ သက်သေခံ အချက်အလက်များ / စာရွက်စာတမ်းများကို ရုံးတော်မှာ တင်သွင်းခဲ့ပြီးဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကျွန်တော်၏ အမှုသည်
မိန်းကလေးသည် အသက်မပြည့်သေးတဲ့ သူဖြစ်ပါတယ် ဒါကြောင့် တရားခံဟာရိုးသားပြီး အသိပညာ နည်းပါးနေတဲ့
အခြေခံလူတန်းစားတွေရဲ့ အားနည်းချက်ကိုအသုံးချပြီးတရားမဝင်စာချုပ်နဲ့ ပုဒ်မ ။ ၃၇၂ အရအရွယ်မရောက်သေးသူကို ပြည့်တန်ဆာကိစ္စ စသည်များအလို့ငှာ ချုပ်ဆိုမှုဟာ
ထင်ရှားနေခဲ့ပြီးဖြစ်ပါတယ်
ဒါကြောင့် အခုလို အခြေခံလူတန်းတွေရဲ့ ရိုးသားမှု
ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်မှု
လူ့ဘောင်အဖွဲ့အစည်းကို ညစ်ညမ်းစေမှုတွေကိုကျုးလွန်
ခဲ့တဲ့သူကို တရားရုံးတော်က ထိုက်တန်သောအပြစ်ပေးဖို့
တောင်းဆိုအပ်ပါတယ်ခင်ဗျာ တရားသူကြီးမင်းခင်ဗျာ
အပြစ်ရှိသူတစ်ဦးကို ထိထိရောက်ရောက်အပြစ်ပေးခြင်းဟာ နောင်အပြစ်လုပ်နိုင်မဲ့သူတွေကို ဆက်မလုပ်နိုင်အောင်
လမ်းပြမှုဖြစ်ပါလိမ့်မယ်ခင်ဗျာ "
![](https://img.wattpad.com/cover/327275762-288-k728636.jpg)
ESTÁS LEYENDO
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romanceကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙