ရင်ခုန်သံအစပျိုးရာ ဒေါနတောင်ခြေဆီသို့
______________________________နေ့ရက်တွေတိုင်းမှာ ချစ်ရသူနဲ့အတူဖြတ်သန်းခွင့်ရပြီး
မနက်ခင်းတွေတိုင်းမှာ အတူနိုးထခွင့်ရခြင်းက ပြီးပြည့်စုံတဲ့
နေ့ရက်တွေပါပဲ . . .မျက်လုံးတွေမဖွင့်သေးပဲ ဘေးဖက်ဆီ စမ်းလိုက်တယ်
အနားမှာမရှိတော့တဲ့ လွတ်နေတဲ့ နေရာလေးကိုစမ်းမိလိုက်
တာနဲ့ ချက်ချင်းအိပ်ယာကနေ ငုပ်တုတ်ထထိုင်လိုက်တယ် ။"ကျစ် ! ဒီကောင့်မှာလည်း ရတနာသိုက်စောင့်တဲ့ဘိုးဘိုးကြီး
ဖြစ်တော့မယ် မိုးလင်းတာနဲ့ ရတနာသိုက်ကြီးပျောက်သလိုပဲ၇ နာရီတောင်မထိုးသေးတာကို ဘယ်အချိန်ကတည်းက
အိပ်ယာကနေ ထ , ထသွားတယ်မသိဘူး "တစ်ယောက်ထဲရေရွတ်ရင်း အခန်းထဲကသုတ်တိသုတ်ပြာ
ထွက်လာလိုက်တယ် ဒီအချိန်ဆို ဘုရားခန်းရောက်နေပြီနေမှာအိမ်ပေါ်ထပ်မှာ ဘုရားခန်းက သက်သက်တစ်ခန်းထားတာမို့ရောင်နီ သွက်သွက်လျှောက်လာလိုက်တယ် ။"သံဗုဒ္ဓေ အဌဝိသဉ္စ , ဒွါဒသဉ္စ ဿဟသာကေ
ပဉ္စသတ သဟာဿနိ , နမာမိ သိရသာမဟံ "တွေ့ပါပြီ ဒီကောင့်အိမ်သား ကိုယ့်နှလုံးသား
ဘုရားခန်းထဲမှာ ဘုရားရှိခိုးနေတာ အေးချမ်းနေကော
ကိုယ့်မှာတော့မိုးလင်းရင် မျက်နှာလေးမြင်ချင်တာ"သားငယ် ဘုရားခန်းအပေါက်ဝနား ဘာရပ်လုပ်နေတာတုန်း
ညဝတ်ဝမ်းဆက်နဲ့ အခုထိမျက်နှာမသစ်ရသေးဘူးလား "ဘုရားခန်းအပေါက်ဝနားလေးကနေ ဘုရားရှိခိုးနေတဲ့သူကို
ချောင်းနေပါတယ်ဆို မေမေကလည်း အနားရောက်လာပြီး
မေးနေပါပြီ သူခိုး လူမိတာ ကျနေတာပဲ ။"အခုမှအိပ်ယာနိုးလာတာ မေမေ ,
စောကိုမတွေ့လို့ လိုက်လာတာ ""ဖြစ်မှဖြစ်ရတယ် ရောင်နီသာရယ်
သားလေးက ဒီအချိန်ဆိုဘုရားရှိခိုးနေကျလေ မင်းနဲ့လည်း
ဒုက္ခပါပဲ မနက်တိုင်း အခုလိုချည်းပဲနော် ဘယ်ကိုမှ
ထွက်မပြေးပါဘူး တကတည်း ဘုရားရှိခိုးတဲ့သူ
မဖြောင့်အောင် ""သူကဖြောင့်တယ်မေမေရေ ကျွန်တော်ကမဖြောင့်တာဗျ
မိုးလင်းရင် မျက်နှာလေးအရင်မြင်ချင်တာ ဘုရားခန်းကို
ပြေးပြေးလာရတယ် အခန်းထဲရောက်မှ ဆုံးမထားအုံးမယ် "
ESTÁS LEYENDO
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romanceကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙