ကားလေးဟာ ဘားအံ - လှိုင်းဘွဲ့လမ်းပေါ်သို့ရောက်ရှိလာပါပြီ တောင်ကလေးဘုန်းကြီးကျောင်း အုတ်တံတိုင်းနားမှာ
ရှိတဲ့တောမှီရဟန်းလမ်းဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကနေသွားရတာဖြစ်ပါတယ် ကားလမ်းတလျှောက်ဟာ
ကတ္တရာလမ်း ပြေပြေလေးခင်းထားတဲ့နေရာတွေရှိသလို
တချို့နေရာတွေမှာတော့မြေနီလမ်းကြမ်းကြမ်းလေးများကိုလည်း ဖြတ်မောင်းရပါသေးတယ်
ဘားအံမြို့ပေါ်ကနေ တောင်ဝိုင်း ကိုရောက်ရှိဖို့အတွက်
၄၅ မိနစ်ကနေ တနာရီဝန်းကျင်လောက် မောင်းရပါတယ်
တောင်ဝိုင်းဟာ ဗမာအခေါ် ထူးဂုဏ်ရွာလို့ခေါ်ကျပြီး
ထူးဂုဏ်ဖလုံပညာ့တဝေါင့် လို့ခေါ်တဲ့ကရင်ရွာလေးအနီးက လိုင့်ဝေါင် တောင်ပေါ်မှာ တည်ရှိတာပဲဖြစ်ပါတယ် ။တောင်ခြေရောက်တဲ့အခါ ညနေစောင်းအချိန်ဖြစ်နေပြီမို့
ဒီညတောင်ခြေမှာအနားယူကျပြီး မနက်မှတောင်ပေါ်သို့
တက်ရန်စီစဉ်လိုက်ကျသည် ကားသမားဦးလေးကြီးက ဒီနေရာတွေကိုလည်း ပို့ပေးဖူးသည်မို့ ညအတွက်တည်းခိုဖို့ရာ တောင်ခြေမှာ ထမင်းဆိုင်လေးတဆိုင်ရှိပြီး တည်းလို့ရ
ကြောင်းပြောပြသည် ။
ထူးဂုဏ်ရွာလေးအနီးမှာ ဘုန်းကြီးကျောင်းလဲရှိသည်မို့
တည်းမယ်ဆို ခွင့်တောင်းပြီးလဲ တည်းလို့ရပါသေးသည် ။ရောင်နီတို့အားလုံးကတော့ ပိုပြီးလွတ်လွတ်လပ်လပ်ဖြစ်
ချင်လို့တောင်ခြေအနီးနားမှာ ရွက်ဖျင်တဲချပြီး တည်းကျဖို့
စီစဉ်ထားသည် ထမင်းဆိုင်လေးက ရွက်ဖျင်တဲ အိပ်ယာတွေကအစ အခကြေးငွေဖြင့်ငှားသည်မို့လာပြီးတပ်ဆင်ပေးကျမှာ ဒီတညတည်းဖို့အတွက် အဆင်ပြေလေပြီ ထမင်းဆိုင်
လေးနားမှာပဲ ရေချိုးခန်း အိမ်သာ
အသုံးပြုလို့ရသည်မို့ ပိုပြီးအဆင်ပြေလေသည် ။ရောင်နီ တို့တဖွဲ့လုံးကတော့ ရွက်ဖျင်တဲချဖို့နေရာမရွေး
သေးခင်ခနအမောဖြေပြီး ရေမိုးချိုးကျရန်ပြင်ဆင်လေသည်
ရောင်နီရေချိုးခန်းဝင်ပြီး ထွက်လာတော့ ကားဘေးမှန်တခါးဖွင့်ပြီးထိုင်နေလေသည် ခဏကြာတော့ စောက ရေချိုးခန်းကထွက်လာလေသည် ရောင်နီလှမ်းကြည့်ပြီး
သဝန်စတိုလေပြီ ။
أنت تقرأ
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
عاطفيةကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙