ဆန်ဖရန်စစ္စကိုမြို့ဟာ အမေရိကန်နိုင်ငံ
ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသရဲ့
စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အချက်အချာ
ကျတဲ့မြို့ နယူးယောက်မြို့ပြီးလျှင် ဒုတိယလူဦးရေ
အများဆုံးမြို့ကြီးဖြစ်ပါတယ် ။San Francisco မြို့မှာ ခေတ်မှီပြီးထူးဆန်းသော
အဆောက်အဦးများသာမက မိုးမျှော်တိုက်ကြီးများပါ
ရှိလေတယ် ဒီမြို့ရဲ့ထူးခြားချက်က ပင်လယ်ကနေလာတဲဲ့
မြူခိုးတွေဆိုင်းနေတတ်တယ် ဒါကြောင့် မြူနှင်းမြို့တော်
( Fog City ) လို့လည်း ခေါ်ကျပါသေးတယ် ။မြန်မာနိုင်ငံကနေထွက်လာတာကြာခဲ့ပါပြီ . . .
ကျွန်တော်ဆေးကျောင်းစတက်တဲ့အချိန် ကိုကိုကကျောင်းပြီး
လို့ Practical ဆင်းပြီးတာနဲ့ Ph-D ဆက်တက်ဖို့
America ကို ထွက်သွားခဲ့တာပါ ကေလးအထူးကုပါရဂူ
ကြီးဖြစ်ဖစ်နေပြီဖြစ်တဲ့ကိုကိုက မြန်မာနိုင်ငံပြန်မလာသေးပဲ
SanFrancisco မြို့ရဲ့ Specialist Hospital
တခုမှာအလုပ်ဝင်နေပါပြီ . . .
San Francisco မြို့မှာ အခြေချမိနေတယ်ဆိုပါတော့
ကိုကိုရှိနှင့်ပြီးသားဖြစ်လေသည်မို့ ကျွန်တော့်အတွက်
အများကြီးအဆင်ပြေပါတယ် ညီအကိုနှစ်ယောက် မိုးမျှော်
တိုက်ကြီးတခုရဲ့ အထပ်မြင့် အခန်းတခန်းမှာ နေကျတယ်
ကိုကိုအလုပ်သွားတယ် ကျွန်တော်က စာတမ်းပြုစုဖို့အတွက်
လေ့လာတယ် သွားတယ် ညီအကိုနှစ်ယောက်တည်းနေတဲ့
ဒီအထပ်မြင့်အဆောက်အဦးကြီးရဲ့အခန်းထဲမှာ ကိုကို
Night duty ကျတဲ့ရက်တွေဆို ကျွန်တော်တယောက်
ထဲပေါ့ ။စားတာသောက်တာကတော့ ကိုကိုချက်ကြွေးတာ
ကျွန်တော်စားပါတယ် ဒါမှမဟုတ်လည်း နီးရာဆိုင်ဝင်စား
လိုက်ရုံ ဒီနှစ်တွေထဲ အဆင်ပြေလားဆိုရင် အင်း !
အသက်ရှင်နေသေးတာကို အဆင်ပြေတယ် ပြောလို့ရရင်
ပြေတယ်ပေါ့ဗျာ ! ဟက်နာကျင်နေသေးလားဆို ပြောမပြတတ်အောင်ပါပဲ . . .
"ညီညီ မင်းသောက်နေပြန်ပြီလား "
အခန်းထဲဝင်လာသည်နှင့် ဝရံတာဘက်မှာ
ထိုင်သောက်နေတဲ့ ရောင်နီသာကို ကြည့်ပြီး ရောင်နီဦး
သက်ပြင်းချမိပါသည် ။
![](https://img.wattpad.com/cover/327275762-288-k728636.jpg)
VOCÊ ESTÁ LENDO
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romanceကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙