ဇာတ်သိမ်းမဟုတ်တဲ့ ဇာတ်သိမ်း
_______________________အချိန်ကာလအားဖြင့် ၅ နှစ်နီးပါးကြာခဲ့ပြီမို့
အတော်လေးပြောင်းလဲခဲဲ့လေပြီ ဖောက်လုပ်ပြီးစီးခဲ့တဲဲ့
အာရွ လမ်းမကြီးကလည်း မြဝတီမြို့ထိတိုင် ထိုင်းနိုင်ငံ
နယ်စပ်ဂိတ်ထိတိုင် လမ်းပမ်းဆက်သွယ်ရေးတွေပိုပြီး
ကောင်းမွန်လာခဲ့လေပြီ ။ အာရွ လမ်းမကြီးရဲ့ဘေး
သင်္ကန်းညီနောင် ကေန လမ်းခွဲလေးအတိုင်းဝင်လာခဲ့မယ်
ဆိုရင်တော့ ဒေါနတောင်ခြေ တစ်နေရာက မြိုင်သာယာ
ရွာလေးကိုရောက်မှာပါ ။ ( ကားနဲ့ဆိုနာရီဝက်မကြာပါ )
မြိုင်သာယာရွာဆိုတာကို မမှတ်မိရင်တောင်
သစ္စာ မေတ္တာ မုဒိတာ ပညာ သမာဓိ လမ်းသွယ်လေးတွေတွေ့ရင် စောလေပြေအေး တို့ရွာလေးရောက်ပါပြီ ။မြိုင်သာယာရွာလေးလည်း အရင်လိုမဟုတ်တော့ပါ
လျှပ်စစ်မီးတွေရနေလေပြီ လမ်းမီးတိုင်လေးတွေစီစီရီရီ
ဖွံ့ဖြိုးတိုးတက်စွာ ပြောင်းလဲလာတာနှင့်အတူ မပြောင်းလဲ
သွားတဲ့ ရွာဓလေ့တွေ မြေနီလမ်းလေးအတိုင်းဆက်သွားရင်
မျှော်ကြည့်လို့ရနေတဲ့ တောင်တန်းတွေ ယာခင်းတွေ
ကလည်းအရင်အတိုင်း သက်ဝင်လှုပ်ရှားနေဆဲပါပဲ ။ဒီနေ့လည်း ရွာရဲ့ ဘုရားသုံးဆူ ပုရဝဏ်အတွင်းမှာ
စည်ကားနေပါတယ် မွေးနေ့ရောက်တိုင်း စတုဒီသာကြွေးမြဲ
ဖြစ်တဲ့ စောလေပြေအေးရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ပါပဲ ။( 25 . 12 . 2020 )
! တီ ! တီ ! တီ
ဘုရားသုံးဆူ ပုရဝဏ်ရှေ့ တဖက်ခြမ်းမှာထိုးရပ်လိုက်ပြီး
Higet ခဲရောင်လေးပေါ်ကဆင်းလာတဲ့ စောလေပြေအေး
ထပ်ဝတ်ထားတဲ့ တိုက်ပုံအနက်ရောင်လေးကို ချွတ်ပြီး
ထားခဲ့ရင်း မုန့်ပုံး လေးဆွဲရင်း လှမ်းဝင်လာခဲ့လိုက်တယ် ။
သူ့ပုံစံလေးအတိုင်းပါပဲ စတစ်ရှပ်လက်ရှည်လေးနဲ့
ယောပုဆိုးလေးတွဲဝတ်ထားတဲ့ ခရမ်းရောင်လွင်ပြင်လေး ။"ဟော! မွေးနေ့ရှင်ကြီး ရောက်လာပါပြီဗျာ
မနက်ပိုင်းမအားဘူးဆိုလို့ နေ့လည်ပိုင်းမှ စကြွေးတာ
အခုပဲ ၃ နာရီတောင်ထိုးနေပြီကွာ
မွေးနေ့ရှင်မရှိတဲ့ မွေးနေ့စတုဒီသာကြွေးခြင်းကလည်း
ပြီးပါပြီခင်ဗျာ သိမ်းဆည်း ဖို့ပဲကျန်တော့တယ်
လာသမ်ွ ကြွေး ပိုသမျှဝေလို့လည်း ပြီးပြီ "
KAMU SEDANG MEMBACA
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romansaကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙