Part ( 8 ) ( Unicode )

2K 114 17
                                    


ရောင်နီအိမ်ပေါ်ထပ်ရဲ့ အခန်းထဲကုတင်ပေါ်မှာ
လှဲလိုက်တယ် ယောင်ချာချာကြီးကွာ အထီးကျန်တယ်ဆိုတာဒါမျိုးပဲလှဲနေရာကနေ ထလာလိုက်တယ် ဒီအချိန်ဆို
စော ကဒီစားပွဲခုံလေးမှာ စာထိုင်ဖတ်နေကျ ဘေးမှာရှိတဲ့
စာအုပ်စင်လေးမှာ စီစီညီညီ စီထားတဲ့စာအုပ်လေးတွေကို
လိုက်ကိုင်ကြည့်မိတယ် ဘာရယ်မဟုတ်စာအုပ်လေး
တအုပ်ကိုဆွဲထုတ်လိုက်တာ ပုံလေးတပုံထွက်ကျလာတယ်
ကောင်လေး တစ်ယောက်ပုံ ကျောင်းအဖြူအစိမ်းလေးနဲ့
ကချင်ဆင်လွယ်အိတ်အနီလေးကို ဘေးတစောင်းလေး
လြယ္ထားတာ ရယ်နေလိုက်တာကြည့်ပါအုံး
ပါးချိုင့်လေးတွေကိုပေါ်လို့ မျက်ဝန်းကျယ်လေးတောင်
မှေးနေပြီရောင်နီ ပုံလေးကိုယူလိုက်တယ် ကုတင်ပေါ်ဆီ
ပြန်သွားပြီးခြေပစ်လက်ပစ်လှဲချလိုက်တယ် .
ပုံလေးကတော့ ရောင်နီ့နှလုံးသားနဲ့အနီးကပ်ဆုံးနေရာ
မှာပေါ့ ။

အိမ်အောက်ထပ်ဆီက ကက်ဆက်ဆီမှသီချင်းသံလေးက
အိမ်ပေါ်ထပ်အခန်းထဲထိ ပဲ့တင်ဝင်ရောက်လာတယ် . . .
ဦးစောသာအေးဖွင့်ထားတာ ထင်ပါရဲ့လူကြီးဆိုတော့
အရင်ခေတ်သီချင်းပဲ နားထောင်မှာပေါ့လေ . . .

( . . . )
သူနဲ့အကြည့်ချင်းဆုံ ရင်ခုန်ရတာ ခဏခဏပဲကွယ်
ရွှေသမင်မျက်လုံးလေးနဲ့ စင်ယော်တောင်မျက်ခုံးလေးရယ်
လမင်းပမာ မျက်နှာလေးနဲ့ လိုက်ဖက်ညီပါတယ်
မောင်ချစ်မိနေပြီကွယ် မောင်ကြိုက်မိနေပြီကွယ် . . .
မင်းနဲ့အကြည့်ချင်းဆုံတိုင်း မျက်တောင်လေးခတ်ရမှာလဲ
နှမြောမိပါတယ် ချစ်ခွင့်လေးပေးမယ်ဆိုရင်
အလှကြည့်ရင်း ချစ်ပါရစေနော်ကွယ် . . .

စာနာပါအုံးကွယ် တဖက်သတ်အချစ်သမားလေးဘဝ
မျှော်လင့်ရတာ ရင်မှာဖြေမလွယ် နေ့လဲလွမ်း ညလဲလွမ်းတဲ့
အလွမ်းသမားလေးတော့ ငိုရလိမ့်မယ်
မင်းမချစ်ရင် ရူးရပါလိမ့်မယ် . . .
ကိုရွှေဖူးစာနတ်ရယ် ကူညီစမ်းပါအုံးကွယ်
ပစ်ပေးစမ်းပါ အချစ်မြှားအစင်းတရာ
ရင်ကွဲလို့ အချစ်ပွဲလွဲှလိုက်မယ် . . .
ချစ်တဲ့သူလေးရယ် သနားချစ်တော့ချစ်ဖို့သင့်ပါတယ် . . .

အော်ငါ့နှယ်ကွာ ဒီအတိုင်းတောင်လူကနေလို့ထိုင်လို့မရဘူး
ဒီသီချင်းသံကြားမှ ပိုလွမ်းသွားပြီ ကုတင်ပေါ်လှဲရက်ကနေ
ပဲ့တင်လာတဲ့သီချင်းသံလေးကြောင့် စော ရဲ့ မျက်နှာလေး
ပြေးမြင်မိပါတယ် အရင်ကဆိုဒီလိုအရင်ခေတ်သီချင်းသံတွေ
နားထောင်ဖို့နေနေသာသာ အနားမှာလာဖွင့်တဲ့
သူရှိရင်တောင် ပိတ်ခိုင်းပစ်တာ အခုတော့လဲ မယ်ဒလင်သံလွင်လွင်လေး ဒီသီချင်းလေးက နားထောင်လို့ကောင်းသားလို့တွေးမိသား . . . ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Tempat cerita menjadi hidup. Temukan sekarang