Part ( 1 ) ( Unicode )

10.2K 359 14
                                    

           ကိုယ့်နှလုံးသားတည်နေရာ စော ရွိရာ

Seme - ရောင်နီသာ
အသက် 25 အရပ် 5"10
အထွေထွေရောဂါကုဆရာဝန်

Uke - စောလေပြေအေး
အသက် 20 အရပ် 5"6
ဥပဒေကျောင်းသား

***************

ခြံဝန်းကျယ်ကြီးရဲ့ အလယ်မှာလှလှပပဆောက်ထားတဲ့
၂ ထပ်ခွဲတိုက်ကြီးရဲ့ အောက်ထပ် ဧည့်ခန်းမှာ မိသားစုတွေ
မျက်နှာခြင်းဆိုင်ထိုင်ပြီး တိုင်ပင်နေကျသည် ။

"ဖေဖေ နဲ့ မေမေ သားကိုသွားခွင့်ပြုပါနော် "

ရောင်နီ မေမေ့မျက်နှာကိုကြည့်ပြီး
ခလေးလေးလိုခွင့်တောင်းနေမိတယ် ။

"သားရယ်မေမေခွင့်မပြုချင်ဘူး ကရင်ပြည်နယ်ထဲက
တောင်ပေါ်ဒေသမှာ တာဝန်ကျတယ်လို့ပဲကွယ်
သားဖေဖေစီစဉ်ပေးသလိုပဲ ဒီရန်ကုန်မြို့ထဲက အထူးဆေးရုံမှာပဲ ဝင်ထိုင်လိုက်ပါလားကွယ်သားကိုယ်ပိုင်ဆေးခန်းဖွင့်ချင်တယ်ဆိုလဲ မေမေတို့စီစဉ်ပေးမယ်လေ .သားလေးကို ပင်ပန်းမဆိုးလို့ပါအဲ့လိုဝေးလံရှားပါးတဲ့ နယ်ဘက်တွေ မေမေတို့စိတ်မချဘူး "

ဒေါ်ထိပ်ထားခင် မျက်နှာမှာသားကိုစိုးရိမ်အရိပ်အယောင်တွေအပြည့်မို့ ဦးမြတ်သာ ဘာမှဝင်မပြောတတ်တော့ဘူး
ဇနီးဖြစ်သူနဲ့သားဖြစ်သူရဲ့ အရိပ်အခြေကိုပဲ အသာလေးကြည့်နေမိတယ် . . . သားလေးက အလုပ်သင်ကာလပြီးလို့ ကရင်ပြည်နယ်ဘက္ကို တာဝန်ကျတယ်လေ ။

"မေမေရယ် ဖေဖေမေမေတို့စေတနာကိုသားနားလည်ပါတယ်ဒါပေမဲ့ သားက ကိုယ့်အရည်အချင်းနဲ့ပဲ တာဝန်ကျတဲ့ဆီကနေပဲ စချင်လို့ပါ နောက် ၁ နှစ် ၂ နှစ်ဆိုရကုန်
ဘက်ပြန်လာလို့ရပြီလေ အဲ့အခါကျမှ ဖေဖေမေမေတို့ပြောသလို စီစဉ်ပေးသလို သားလုပ်ပါ့မယ် သားကိုခွင့်ပြုပေးပါနော် .ဘားအံဘက်ဆိုပေမဲ့ ရန်ကုန်နဲ့အသွားအပြန်အရမ်းမဝေးပါဘူးနောက်ပြီးအဆက်အသွယ်လဲ အမြဲရနေမှာပဲလေ "

"ကဲ ! မေကြီးရယ် ကိုယ်တို့သားလေးဆန္ဒကိုလိုက်လျောပေးလိုက်ပါ သားပြောသလို ဟိုမှာတာဝန်ကျပြီးလို့ရန်ကုန်ပြန်ရောက်ရင်မေကြီးစီစဉ်တာကို လိုက်နာမယ်လို့ပြောနေပြီပဲ ကိုယ်တို့သားကိုယုံကြည်ပေးလိုက်ပါနော် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin