Marriage ( Unicode )

2.2K 73 22
                                    


( 1 . 1 . 2021 ) မှှတ်မှတ်ရရ Date လွလွေလး
ရောင်နီသာရဲ့ အသက် ၃၀ ပြည့်မွေးနေ့နှင့် မင်္ဂလာပွဲ
ကိုယ့်ဘဝမှာ တန်ဖိုးမဖြတ်နိုင်ဆုံးသော မွေးနလက်ဆောင်
အဖြစ် စော က ကိုယ့်ဘဝထဲကို အတိအလင်းဝင်လာမဲ့ရက်
ကိုယ်တို့နှစ်ဦး နှှလုံးသားခြင်း ထပ်တူကျမဲ့နေ့ရက် ။

နှစ်ဖက်မိဘတွေရဲ့တွေ့ဆုံမှု တောင်းပန်ခြင်းနှင့်
ခွင့်လွှတ်ပေးခြင်းရဲ့ အဆုံးသတ်မှာ ကိုယ်တို့နှစ်ဦးရဲ့
လက်ထပ်ခြင်းမင်္ဂလာရက်ကိုပါ သတ်မှတ်ခဲ့ပြီ ။

တကယ်ပါ ဝေးကွာခဲ့ရတဲ့ နှစ်လရက်တွေကလေ
ရှည်ကြာခဲဲ့လွန်းလို့ တစက္ကန့်လေးတောင်ထပ်မဝေးချင်
တော့တဲ့ကိုယ့်ကို အိမ်ပြန်လွှတ်တာဗျာ
ထိုညေနက ကိုယ့်မှာ ရန်ကုန် အိမ်ပြန်ခဲ့ရပါတယ် ။

နောက်ရက်မှာ ရန်ကုန်ပြန်လာတဲ့ စော ကို သွားတွေ့ပေမဲ့
ကိုယ့်နှလုံးသားက စိမ်းကားနေသေးတယ် ရုံးအလုပ်
ကိစ္စတွေနှင့်မို့ အစိုးရလိုင်းခန်းမှာသာဆက်နေပါတယ်
ကိုယ်သွားတွေ့ရင်လည်း ညေနဘက္ခဏသာ တွေ့ရသည်မို့
ရုံးဆင်းချိန် နွမ်းလျလျဖြစ်နေတဲ့ မျက်နှာလေးကိုသာငေးရင်း ကိုယ့်မှာ အလွမ်းတွေနှင့် အိမ်ပြန်ခဲ့ရပါတယ် ။

{ မင်္ဂလာလက်မှတ်ရေးထိုးခြင်းနှင့် ဧည့်ခံပွဲ }
____________________________

မြန်မြန်ဆန်ဆန်စီစဉ်လိုက်ရပေမဲ့ Hotal ရဲ့ဝန်ဆောင်မှု
ကြောင့် အဖက္ဖက္က ပြီးပြည့်စုံနေတဲ့ ဧည့်ခံပွဲတစ်ခု
Hotal ရဲ့အချိန်ဇယားအရ ညေနဘက္သာ အချိန်ရသည်မို့
ခန်းမထဲမှာ မကျင်းပပဲ သဘာဝဆန္စြာ မြတ်ခင်းစိမ်းစိမ်း
ကွင်းပြင်ကျယ်ကြီးဆီမှာ လှလှပပပြင်ဆင်ပေးထားလေတယ် ။

လျှောက်လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ ဧည့်သည်တွေ အတွက် စားပွဲဝိုင်းများစီစဉ်ပေးထားပြီး လျှောက်လမ်းအတိုင်း ကန်ရေပြင်ကို ကျောပေးထားတဲ့ မင်္ဂလာစင်မြင့်လေးထက်မှာ

"ရောင်နီသာ နှင့်
____________________
စောလေပြေအေး တို့၏
_________________________________
မင်္ဂလာလက်မှတ်ရေးထိုးပွဲ နှင့် ဧည့်ခံပွဲ "
_________________________________

ဆိုသည့်စာတန်းလေးကို အဖြူရောင်ကန့်လန့်ကာထက်မှာ
အပြာရောင်ဖောင်းကြွစာလုံးများဖြင့် လှလှပပရေးထားသည်
ရှေ့ဆီမှာတော့ မင်္ဂလာလက်မှတ်ရေးထိုးဖို့အတွက်
အသင့်ပြင်ပေးထားတဲ့ စားပွဲကလေးလည်းရှိနေတယ် ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Where stories live. Discover now