Part ( 13 ) ( Unicode )

1.7K 90 14
                                    


အိမ်ဆီမှာသဲ့သဲ့သာကြားနေရသော အသံချဲ့စက်မှ
သီချင်းသံများသည် တဖြည်းဖြည်းနီးကပ်လာသည်နှင့် ပို၍
မြိုင်မြိုင်ဆိုင်ဆိုင်ကြားနေရသည် စောလေပြေအေး တို့နေတဲ့လမ်းနှင့် ပွဲတော်ကျင်းပရာဘုရားဝင်း နေရာသည်
၁၅ မိနစ်လောက်လမ်းလျှောက်ရသည့်နေရာဖြစ်ပါတယ်
ဒီဘုရားဝင်းလေးအတွင်း ပတ်ပတ်လည်မှာ ပွဲဈေးလေး
လိုဖြစ်နေပါသည်ဘုရားသုံးဆူရုပ်ပွားတော်များသည်
လေးထောင့်စက်စက်ကျယ်ဝန်းသော ဘုရားနယ်မြေ
ပုရဝဏ်၏ အလယ်တည့်တည့်တွင် တည်ရှိပါသည်
ဘုရားပုရဝဏ်အုတ်တံတိုင်း၏ ဘေးတလျှောက်မှာတော့
မုန့်သည်များ / အရုပ််များဖြန့်ခင်းရောင်းချနေသည့်
ဈေးသည်များသွားလာလှုပ်ရှားနေကျသော ကျေးရွာသူ
ကျေးရွာသား များအပြည့်ဖြင့်စည်ကားလှပါသည်
လျှပ်စစ်မီးမရရှိသေးသည့် ကျေးလက်ဒေသ
ဖြစ်ပေမဲ့ အခုလိုပွဲတော်ရက်မျိုးတွင်တော့ မီးစက်များဖြင့် လင်းထိန်နေအောင် ထွန်းထားသည်မို့ တကယ့်ကို
စည်ကားလှပါသည် ။

ကထိန်ခင်းရာနေရာသည် ရွာရဲ့( သမာဓိလမ်း ) အတွင်းမှာရှိသောဘုန်းကြီးကျောင်းမှာဖြစ်ပေမဲ့ ပွဲတော်ကျင်းပရာ
နေရာကတော့ရွာရဲဲ့တောင်ဘက်ထိပ်မှာတည်ရှိသော
ဘုရားသုံးဆူ ပုရဝဏ်အတွင်းမှာ ကျင်းပကျတာပဲဖြစ်ပါတယ် ကပြဖျော်ဖြေသူတွေဖျော်ဖြေရမဲ့နေရာကတော့ ဘုရားသုံးဆူရုပ်ပွားတော်များ၏ အရှေ့ဘက် မျက်နှာစာ ကွင်းပြင်ကျယ်
ကြီးမှာဖြစ်ပါသည် ဝါးတိုင်များကိုစိုက်ကာ ဖန်ချောင်းများ
ထွန်းထားသောကြောင့် လင်းထိန်နေပါတော့တယ်
အသဲချဲ့စက် ဆောင်းဘောက်များမှတဆင့် ထွက်ပေါ်
လာသော မြူးမြူးကြွကြွတေးသံများနှင့်အတူ ရွာရဲ့
ကထိန်ပွဲတော်လေးသည် အသက်ဝင်ကာ ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်နေပါတော့သည် ။

"ကိုကြီးရောင်နီ ပွဲဈေးတန်းဖက်လျှောက်ကြည့်မလား
လေပြေမင်းတို့ကမဲ့သူတွေလည်း မတွေ့သေးဘူးနော် "

"အေး ဟုတ္တယ္ကြ ခဏနေလောက်ကျမှစမယ်ထင်တယ်
ပွဲဈေးတန်းလျှောက်ပတ်ကြည့်ချင်ကြည့်လေ ငါမလိုက်
တော့ဘူးထိုင်တော်မူဘုရားကြီး အောက်မှာပဲ ထိုင်နေ
လိုက်တော့မယ် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Tempat cerita menjadi hidup. Temukan sekarang