ရောင်နီနိုးနေပေမဲ့ မျက်လုံးတွေမဖွင့်လိုက်သေး မျက်နှာပေါ်ကိုတို့ထိနေတဲ့ လက်ချောင်းလေးတွေကို ဖမ်းကိုက်ချင်
မိသည် ။လက်ညှိုးထိပ်လေးနဲ့ ရောင်နီ့နဖူးဆီမှ နှာတံ
တလျှောက် နှုတ်ခမ်းပါးတွေ ထိတိုင် လျှောဆင်းလာတဲ့ အထိအတွေ့လေး ရောင်နီအိပ်ချင်ယောင်သာဆောင်နေလိုက်သည် ။ လက်ချောင်းလေးတွေနဲ့ ထိတွေ့အပြီးမှာ နဖူးထက်ဆိီသို့ခပ်နွေးနွေးအထိအတွေ့လေးကို ရလိုက်သည် ။
တယောက်ယောက်တော့ ရောင်နီ့ကိုသေသေချာချာစိုက်ပြီး
ကြည့်နေလေသည် ။ ရောင်နီမျက်လုံးတွေ မှိတ်ထားရက်
ကနေပဲ ဘေးနားက ကိုယ့်လုံးလေးကို ဆတ်ကနဲ
ဆွဲဖက်လိုက်တယ် ။"မိပြီကွ ကိုယ့်ချစ်သူကိုနမ်းတာတောင်
ခိုးနမ်းတဲ့ကောင်လေး ""ဟာ ! အကို မကောင်းဘူးဗျာ နိုးနေတာကို "
"အဲ့လိုအိပ်ချင်ယောင်ဆောင်နေလို့လည်း အနမ်းသူခိုးလေး
ကိုမိလိုက်တာလေ ဟုတ်တယ်မလား ကိုယ့်ကိုစောပိုင်တာပဲ
ဘာလို့တိတ်တိတ်လေး နမ်းနေတာလဲ ဟင် ""တော်ပြီ မပြောနဲ့တော့ ဖယ်ပေး "
"ဒီလို လွယ်လွယ်နဲ့တော့ လွှတ်ပေးလို့ဘယ်ရမလဲ အပြစ်ပေးရမယ် ကိုယ်ကနမ်းရမှာလား ကိုယ့်ကိုနမ်းမှာလားရွေး"
"အကို နစ်နာမဆိုးလို့ တခုမှမရွေးတော့ဘူး ဟင်း ဟင်း "
ရင်ခွင်ထဲဆွဲချုပ်ထားတာတောင် အဲ့နှုတ်ခမ်းလေးတွေက
ပြောချင်တာတွေ ပြောနေတဲ့ ဒီအသည်းယားစရာလေးကို
ပြန်ကို မလွှတ်ပေးချင်တာ ။ ရင်ခွင်ထဲဖက်ထားရင်းက
ကိုယ့်ကလေးရဲ့ မျက်နှာအနှံ့ဆီ အနမ်းမိုးတွေရွာစေ
လိုက်တယ် ။"! ရွှတ်! ရွှတ် ! ရွှတ် "
"အကိုလွှတ်ပေးပါတော့ နောက်မလုပ်တော့ဘူး "
"အဲ့လိုနောက်မလုပ်တော့ဘူးပြောလို့ကို ထပ်နမ်းအုံးမှာ "
"ရွှတ် ! ရွှတ် ! ရွှတ် "
"ဟာဗျာ ! အကို လူလည်ကြီး
အသက်ရှုကျပ်လာပြီ လွှတ်ပေးတော့ "ရောင်နီလည်း ဒီအခါမှကပြာကယာ လွှတ်ပေးလိုက်မိတယ်
နှစ်ယောက်အတူ ထထိုင်လိုက်တော့ စောမျက်နှာလေးက
ပန်းရောင်လေးသမ်းနေလို့လေ ကိုယ်ဒီလောက်ဖက်နမ်း
ထားတာပဲ ရှက်နေပြီနေမှာပေါ့ မှတ်ထား နမ်းတယ်ဆိုတာ
အဲ့လိုနမ်းရတယ်ဗျ လို့ကို ပြောပြစ်ချင်သေးတယ် အဟွန်း ။
ESTÁS LEYENDO
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romanceကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙