ကိုယ့်နှလုံးသားနှင့်အတူ
__________________"သားတို့နှစ်ယောက်အတွက် မင်္ဂလာဦးလက်ဖွဲ့
ဒီခြံလေးက အဖေဝယ်ထားတာကြာပြီ
( သစ္စာလမ်း ) ကေန ( မေတ္တာလမ်း ) ထိ ကျောချင်းကပ် နှစ်ခြံတွဲ မျက်နှာသာ ပေ ၅၀ အရှည် ပေ ၁၀၀ရှိတယ် သားတို့နေသည်ဖြစ်စေ မနေသည်ဖြစ်စေ မင်္ဂလာဦး
လက်ဖွဲ့ပေးချင်လို့ပါ သားအလတ်တုန်းကလည်း သူလက်ရှိ
နေတဲ့ခြံကို အေဖ မင်္ဂလာဦးလက်ဖွဲ့ဝယ်ပေးတယ်
သမီးကြီးကတော့ မိဘတွေနဲ့အတူနေတဲ့သူဆိုတော့
အဖေတို့မရှိတော့ရင် ဒီဝိုင်းလေး သမီးကြီးအပိုင်ပေါ့ "ဦးစောသာအေးက စာချုပ်လေးကိုကမ်းရင်းဆိုလေတယ် ။
"သားအတြက္က မလိုပါဘူး , ဖေကြီး မေကြီးတို့က
ပညာအမွေပေးထားပြီးပြီပဲ ရပ်တည်နိုင်ဖို့ကြိုးစားပါ့မယ် ""သားသမီး ၃ ယောက်ရှိတာ အတူတူပေါ့သားလေး
ပညာအမွေဆိုတာလည်း အားလုံးကိုပေးခဲ့တာပဲလေ
ယူချင်တဲ့သူက ပိုရတာပဲကြာသြားတာပါ မိဘဝတ်ထဲမှာ
မွေခံထိုက်စေ ဆိုတာပါပြီးသား နောင်တစ်တချိန်မိဘတွေ
မရှိရင်လည်း ကျန်ခဲ့တာ သားသမီးတွေညီတူညီမျှပဲ ""ကဲ ! ဖေဖေလည်း မိသားစုတွေရှေ့မှာတစ်ခါထဲပြောမယ်
သားတို့အမြဲတမ်းဘယ်မှာနေချင်ကျတယ်ဆိုတာကို
သေချာတိုင်ပင်ကြ ရန်ကုန်မှာနေမယ်ဆိုလည်း လက်ရှိ
ဖေဖေတို့နဲ့မှမဟုတ်ဘူး သာတို့အိမ်ခွဲနေချင်တယ်ဆိုလည်း
ဖေဖေတို့က စီစဉ်ပေးဖို့ သားတို့မေမေနဲ့တိုင်ပင်ထားပြီးသား ဘယ်မှာအခြေချချင်တယ်ဆိုတာကိုသေချာတိုင်ပင်ကြ "ဦးမြတ်သာ ဝင်ပြောလေသည်မို့ စကားဝိုင်းကမိသားစု
တွေမျက်နှာစုံညီစွာ တိုင်ပင်ဖို့ဖြစ်လာကျလေပြီ ။"အကို "
"စော ပျော်ရာအရပ်မှာနေ
ကိုယ္က စော ရွိရာ အရပ်မှာနေမယ် "အကိုခေါ်တာနှင့် အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီးသားမို့
ကိုယ့်နှလုံးသား ဆန္ဒအတိုင်းပါဆိုတာကို အတိအလင်း
ပြောပေးမိသည် တစ်ကယ်လည်းအခုချိန်ထိ အလုပ်လုပ်ဖို့
တိုင်ပင်အုံးမယ်ဆိုတဲ့အထဲမှာ ဒီကိစ္စလည်းအဓိကပင်
အေးအေးချမ်းချမ်းနေချင်သည့် စော က ရန်ကုန်မှာ
အခြေတကျနေနိုင်မှာမဟုတ်ဘူးဆိုတာ ကိုယ်သိပြီးသားပါ ။
![](https://img.wattpad.com/cover/327275762-288-k728636.jpg)
YOU ARE READING
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romanceကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙