Part ( 25 ) ( Zawgyi )

327 11 2
                                    


ပြာလွင်လွင်ကောင်းကင်ကြီးက သိပ်လှသည် သိပ်လှတဲ့
ကောင်းကင်ကြီးအောက်က တိမ်စိုင်လေးတွေကလည်း
ဟိုတစု ဒီတစုနှင့် သဘာဝတရားကြီးက ဆေးစက်ချပေးထား
သည့်နှယ် ကျွန်တော်ငယ်ငယ်ကတည်းက ကောင်းကင်နဲ့
တိမ်စိုင်တွေကို ငေးကြည့်ပြီး အဖြူရောင် နဲ့ မိုးပြာရောင်
ကို အရမ်းသဘောကျမိခဲ့တာလေ သိပ်လှတာပဲဗျာ . . .

ကျွန်တော်လိုက်ငေးနေရင်းတွေ့မိတာက ယာတဲရှေ့က
ကလေးလေး ၃ ယောက် ခပ်လှမ်းလှမ်းမှာက စပါးလှေ့နေတဲ့အမျိုးသားကြီးနဲ့ အမျိုးသမီးကြီးက ကျောပေးထားရက်နဲ့
ကလေးတွေရဲ့ မိဘတွေဖြစ်မယ်ထင်ပါတယ် ။

ကျွန်တော်ငယ်ငယ်ကအကြောင်းပြန်အမှတ်ရမိတယ်ဗျ
ငယ်ငယ်ကဆို မိုးအကုန်ဆောင်းအကူး စပါးတွေရိတ်ပြီးရင်
စပါးတွေဖြန့်ခင်းထားတဲ့ တလင်းပြင်မှာ ကျွဲ နွား တွေနဲ့
နယ်ကျရတာကိုး လသာတဲ့ညတွေဆို လှည်းကောက်ပြီး
ဖေကြီးက စပါးနယ်တယ် ကျွန်တော်တို့မောင်နှမတွေက
လှည်းပေါ်မှာပက်လက်အိပ်ရင်း သာနေတဲ့ လမင်းကြီးဘေးက ကြယ်တွေကိုရေတွက်နေတာဗျ ကြယ်စင်တန်းပုံပြင်လေး
တောင်ဖေကြီးကပြောပြလိုက်သေးတယ် လှည်းကအရှေ့ကိုသွားနေတာမျက်စိလေးများမှိတ်ထားကြည့်ရင်
နောက်ပြန်ကြီးသွားနေသလိုလို . . .

အယ် ! စပါးနယ်လို့ပြီးချိန် ကောက်ရိုးပုံတွေပုံထားလို့
ကတော့အဲ့ကောက်ရိုးပုံတွေကို ကျွန်တော်တို့မောင်နှမတွေကဘို့အိမ်လုပ်ပြီး ဆော့ပြီပဲဗျ ငယ်ဘဝကတကယ်ပျော်ဖို့
ကောင်းတာ ကောက်ရိုးတွေနဲ့မီးလှုံရင်း ကောက်ညှင်းစပါးနှံ
လေးတွေကို ပေါက်ပေါက်ဖောက်စားကျသေးတာ တခါသား အကိုလေးမီးအမွှေးကောင်းတာ ဖေကြီး ကောက်ရိုးပုံတပုံ
ကုန်တာပဲ ကျွန်တော်တို့မောင်နှမတွေတောင် အပြေးမြန်
လို့မီးကလွတ်တာ ဖေကြီးကတော့ အိမ်လည်းရောက်ကော အကိုလေးကိုကြိမ်လုံးကြွေးတာပဲဗျာ ပြောလည်းပြောသေး
တယ် ယောင်္ကျားဆိုတာအပြစ်မလုပ်ရင် မငိုရဘူး
အပြစ်လုပ်လို့ ရိုက်ရင်လည်း မငိုရဘူးတဲ့ ကျွန်တော်နား
ထောင်ပြီး တွေးမိတယ် ယောင်္ကျားလေးလည်း
နာတတ်တာပဲ ငိုမှာပေါ့လို့လေ ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Onde histórias criam vida. Descubra agora