Part ( 19 ) ( Unicode )

1.3K 80 4
                                    

~ ~ ~ ~ ~

ကားလေးဟာ ဘားအံ - လှိုင်းဘွဲ့လမ်းပေါ်သို့ရောက်ရှိလာပါပြီ တောင်ကလေးဘုန်းကြီးကျောင်း အုတ်တံတိုင်းနားမှာ
ရှိတဲ့တောမှီရဟန်းလမ်းဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကနေသွားရတာဖြစ်ပါတယ် ကားလမ်းတလျှောက်ဟာ
ကတ္တရာလမ်းပြေပြေလေးခင်းထားတဲ့နေရာတွေရှိသလို
တချို့နေရာတွေမှာတော့မြေနီလမ်းကြမ်းကြမ်းလေးများကိုလည်း ဖြတ်မောင်းရပါသေးတယ်
ဘားအံမြို့ပေါ်ကနေ တောင်ဝိုင်း ကိုရောက်ရှိဖို့အတွက်
၄၅ မိနစ္ကေန တနာရီဝန်းကျင်လောက် မောင်းရပါတယ်
တောင်ဝိုင်းဟာ ဗမာအခေါ် ထူးဂုဏ်ရွာလို့ခေါ်ကျပြီး
ထူးဂုဏ်ဖလုံပညာ့တဝေါင့် လို့ခေါ်တဲ့ကရင်ရွာလေးအနီးက
လိုင့်ဝေါင် တောင်ပေါ်မှာ တည်ရှိတာပဲဖြစ်ပါတယ် ။

တောင်ခြေရောက်တဲ့အခါ ညနေစောင်းအချိန်ဖြစ်နေပြီမို့
ဒီညတောင်ခြေမှာအနားယူကျပြီး မနက်မှတောင်ပေါ်သို့
တက်ရန်စီစဉ်လိုက်ကျသည် ကားသမားဦးလေးကြီးက ဒီနေရာတွေကိုလည်း ပို့ပေးဖူးသည်မို့ ညအတွက်တည်းခိုဖို့ရာ တောင်ခြေမှာ ထမင်းဆိုင်လေးတဆိုင်ရှိပြီး တည်းလို့
ရကြောင်းပြောပြသည် ။
ထူးဂုဏ်ရွာလေးအနီးမှာ ဘုန်းကြီးကျောင်းလဲရှိသည်မို့
တည်းမယ်ဆို ခွင့်တောင်းပြီးလဲ တည်းလို့ရပါသေးသည် ။

ရောင်နီတို့အားလုံးကတော့ ပိုပြီးလွတ်လွတ်လပ်လပ်ဖြစ်
ချင်လို့တောင်ခြေအနီးနားမှာ ရွက်ဖျင်တဲချပြီး တည်းကျဖို့
စီစဉ်ထားသည်ထမင်းဆိုင်လေးက ရွက်ဖျင်တဲ အိပ်ယာတွေကအစ အခကြေးငွေဖြင့်ငှားသည်မို့လာပြီးတပ်ဆင်ပေး
က်မွာ ဒီတညတည်းဖို့အတွက် အဆင်ပြေလေပြီ
ထမင်းဆိုင်လေးနားမှာပဲ ရေချိုးခန်း အိမ္သာ
အသုံးပြုလို့ရသည်မို့ ပိုပြီးအဆင်ပြေလေသည် ။

ရောင်နီ တို့တဖွဲ့လုံးကတော့ ရွက်ဖျင်တဲချဖို့နေရာမရွေး
သေးခင်ခနအမောဖြေပြီး ရေမိုးချိုးကျရန်ပြင်ဆင်လေသည်
ရောင်နီရေချိုးခန်းဝင်ပြီး ထွက်လာတော့ ကားဘေးမှန်တခါးဖွင့်ပြိီးထိုင်နေလေသည် ခဏကြာတော့ စောက ရေချိုးခန်းကထွက်လာလေသည် ရောင်နီလှမ်းကြည့်ပြီး
သဝန်စတိုလေပြိီ ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora