Part ( 10 ) ( Unicode )

2.1K 121 7
                                    


"စော အစောကြီးထပြန်ပြီလား ဘာလုပ်မလို့လဲ "

ရောင်နီအသံကြားလို့နိုးလာပြီး ထကြည့်လိုက်တော့ စော
တယောက်အိမ်ခန်းအတွင်းမှာ ဘာတွေလုပ်နေတယ်မသိ။

" အကို အိပ်ရေးမဝသေးဘူးမလားပြန်အိပ်အုံးလေ
ကျွန်တော်က လမ်းလျှောက်ထွက်မလို့ဗျဆောင်းတွင်းဆို
ညတာရှည်တော့မနက်ဘက်တွေ အစောနိုးတယ်
အဲ့တော့ လမ်းထလျှောက်မလို့ဗျ "

"ကိုယ်လည်း လိုက်မယ်လေ အတော်ပဲ ရန်ကုန်မှာဆို
ကိုယ်ပိုင်အချိန်တွေထဲကနေ တပတ္ကို ၄ / ၅ ရက်လောက် Gymသွားနေကျ အခုလဲလမ်းလျှောက်ရမယ်ဆိုတော့ ကိုယ်လက်လှုပ်ရှားပြီးသား ဖြစ်တာပေါ့ "

"ဒါဆိုလဲ အကို့သဘောလေ "

ရောင်နီလည်းအိပ်ယာထဲကထလာပြီးမှ စောကိုကြည့်မိ
လိုက်တယ် ။

"စော . ထူးထူးဆန်းဆန်းဘောင်းဘီရှည်ဝတ်လို့ပါလား "

ဘောင်းဘီရှည်နဲ့ တီရှပ်အပွကိုမှ အပေါ်ကလည်း
အပေါ်ထပ်အကျီ ၤဝတ်ထားသေးတယ် ဒီလိုကျတော့လည်း တကယ့်လူငယ်ပုံစံလေးလိုပါပဲ ။

"အကိုကလည်း လမ်းလျှောက်မယ် ပြေးမယ် ဆိုမွေတာ့
ဘောင်းဘီနဲ့မှအဆင်ပြေမှာပေါ့ဗျ ပုဆိုးကြီးနဲ့ဆို
ဘယ်လိုလုပ်လွတ်လပ်ပါ့မလဲ "

ကျွန်တော်ဘောင်းဘီဝတ်တာကို မမြင်ဖူးလို့တော်တော်
ထူးဆန်းနေတယ်ထင်ပါတယ်အကြည့်ကလဲအခုထိမခွာဘူး။

"အကို . . . အကို လိုက်မယ်ဆိုထတော့လေ
တခါထဲအောက်ရောက်ရင် မျက်နှာသစ်ပြီးတခါထဲသွားလို့
ရတယ် ဒါနဲ့အကို့မှာ ( Walking Shoe ) မပါဘူး
မလားကျွန်တော့်မှာအကိုနဲ့တန်လောက်မဲ့
ဖိနပ်တရံအပိုရှိတယ် "

"စော ဖိနပ္လား အာ့ဆိုရင်တော့မတန်လောက်ဘူးနော် "

"မဟုတ်ပါဘူးအကိိုရယ် မနှစ်တုန်းက ခရစ်စမတ်မှာ
အကိုလေးဝတ်ဖို့ဆိုပြီးဝယ်ပေးခဲ့တာလေ အဲ့လိုမျိုးတွေ
မစီးတတ္ဘူး ဆိုတာနဲ့ ဒီအတိုင်းသိမ်းထားတဲ့ ဖိနပ်ပါ
ရော့ ဒီမွာရျပီ .ခြေအိတ်ကရှိတယ်မလား ကျွန်တော်
အောက်မှာ စောင့်နေမယ်နော် "

"ဟုတ်ပါပြီဗျာ အခုလိုက်ခဲ့မယ်နော် "

ရောင်နီကတော့ ညနေဆေးခန်းကပြန်လာပြီဆို ရေချိုးပြီးရင်
ပေါ့ပေါ့ပါးပါးဝတ်နေကျက ဘောင်းဘီရှည် နဲ့ တီရှပ်နဲ့ပဲမို့
အနွေးထည်အပါးတထည်ကောက်ထပ်ပြီး ဆင်းလာခဲ့
လိုက်တယ် ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora