Part ( 28 ) ( Unicode )

1.3K 48 17
                                    

~ ~ ~ ~ ~

San Francisco မြို့ရဲ့ညနေခင်းဟာ မီးရောင်စုံတွေ နဲ့
အပြိုင်လှပနေလေတယ် Golden Gate တံတားရဲ့တနေရာမှာအနက်ရောင်ကားလေးတစီး ရပ်တန့်သွားလေတယ်
ခဏကြာတော့ ကားပေါ်ကနေ လူတဦးဆင်းလာတယ် ။

ဖြူလွလွ T-Shart နဲ့ Style-Pant အနက်ရောင်ကို
ဝတ်ဆင်ထားပြီး အနက်ရောင် Coat ရှည်တထည်ကို
ထပ်ဝတ်ထားတဲ့ ထိုလူဟာ ကြည့်ကောင်းလွန်းနေတယ်
လက်မှအကျောစိမ်းလေးများမြင်နေရလေသည်အထိ
အသားအရည်ဟာကြည်လင်နေတယ် မျက်ခုံးတန်းလေး
ထူပြီးမျက်တောင်လေးတွေကော့ညွှတ်နေတဲ့အောက်က
မျက်ဝန်းစူးရှတဲ့မျက်ဝန်းတစုံကို ထိုလူတပ်ထားတဲ့
မျက်မှန် တလက္က မတားစီးထားနိုင်ပါဘူး
နှုတ်ခမ်းပါးလေးတစုံက ပွင့်ကာဟလာရင်း မှုတ်ထုတ်
လိုက်တဲ့စီးကရက်ငွေ့တွေက  ထိုလူ့နှုတ်ခမ်းပါးလေးရဲ့အရောင်ကိုဖုံးကွယ်သွားလေသည် ထင် ။
နှုတ်ခမ်းပါးလေးဟာ ရဲမေနေလ ။

"နာကျင်မှုတွေလည်း ဆေးလိပ်ငွေ့တွေလို အငွေ့ပျံသွား
နိုင်ရင်လည်းကောင်းမယ် အင်း ! ဒီနာကျင်မှုတွေကိုပဲ
ကိုယ္က အခုချိန်ထိ ဖမ်းဆုပ်ထားချင်နေတုန်းပါပဲ "

ခပ်တိုးတိုးရေရွတ်လိုက်ရင်း သောက်လက်စ စီးကရက္ကို
နင်းချေလိုက်တယ် ဖုန်းကိုထုတ်ရင်း Post တခုကိုတင်ကာ
ကားလေးဆီသွားပြီး မောင်းထွက်သွားလေတယ် . . .

" Live without a heart "
( နှလုံးသားမရှိပဲ နေထိုင်သည် )

လူပေါင်းသောင်းချီ follow လုပ်ထားကျတဲ့ အေထြေထြ
ကျန်းမာရေးဆိုင်ရာ ဗဟုသုတေတြကို တင်ပေးတတ်တဲ့
fb အကောင့်လေးကမကြာခဏ အခုလိုတကြောင်းတည်း
သော Post လေးတွေ တင်တတ်လေတယ်  ကျန်းမာရေးဆိုင်ရာမေးခွန်းတွေကိုအချိန်ရရင်ရသလို ဖြေကြားပေးတတ်
ပေမဲ့ ဒီလိုတစ်ကြောင်းတည်းသာ တင်တတ်တဲ့ Post
တွေမှာတော့ Reply ပြန်ထားတာမရှိဘူး ။

ကမ်ဘာကျော် Golden Gate တံတားကြီးကိုဖြတ်ရင်း
မောင်းလာတဲ့ အနက်ရောင်ကားလေးဟာ အထပ်မြင့်မိုးမျှော်
တိုက်တွေရှိရာနေရာမဟုတ်ပဲ လုံးချင်းနှစ်ထပ်တိုက်လေးတွေ
စီရီကာဆောက်ထားတဲ့ အဆင့်မြင့်အိမ်ရာဝန်းလေးထဲကို
ဝင်ရောက်လာလေတယ် ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Onde histórias criam vida. Descubra agora