အခန်း(၁၀)

84 4 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၁၀)💖

ကျောင်းတက်ရတော့မှာမို့လို့ ဆွေး တကယ်ပဲပျော်နေမိလေသည်။ ဘာပဲဖြစ်ဖြစ် ဒါ ကိုလေးရဲ့ ကျေးဇူး တွေပါပဲ။ ကိုလေး ကျောင်းပြန်တက်ခိုင်းခဲ့လို့သာ ဆွေး ပြန်တက်ရမှာ။ ဆွေး ခေါင်းဖြီးနေရင်းကနေ ပြံုးလိုက်မိလေသည်။
ဆောင်းတွင်းလည်းရောက်လာပြီဆိုတော့ ဆွေး အစိမ်းရောင်ဆွယ်တာခေါင်းစွပ်လေးကို ဝတ်လိုက်ကာ လွယ်အိတ်ကိုလွယ်လိုက်လေသည်။ ထို့နောက် အခန်းထဲကနေ ထွက်လာလိုက်၏။ ဧည့်ခန်းထဲမှာ အန်တီခင်နဲ့ ကိုလေးက စကားပြောနေကြလေသည်။ ကိုလေးကိုတွေ့လိုက်ရသဖြင့် ဆွေး အ့ံသြသွား၏။ ဒီနေ့ ကျောင်းဖွင့်ရက်ပါ ကိုလေးက ဘာလို့အိမ်မှာရှိနေရတာလဲ...။ အရင်က ဒီအချိန်ဆို ကိုလေး ကျောင်းသွားနေပြီဖြစ်သည်။ ကိုလေးမှာ တခြားကိစ္စရှိလို့ဖြစ်မယ်။
"အန်တီခင် ဆွေး ကျောင်းသွားတော့မယ်နော်..."
"နေဦး..."
အန်တီခင့်အသံက တင်းမာနေသဖြင့် ဆွေး ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်ရတော့၏။ အန်တီခင့် အကြည့်တွေက ကိုလေးဆီသို့ရောက်သွားကာ
"အဲ့လိုလုပ်ဖို့လိုလို့လား သားရယ်..."
"မေမေရယ်... သား သေချာရှင်းပြပြီးသွားပြီပဲ... ဒီကိစ္စက သားနဲ့ပဲသက်ဆိုင်တာပါ..."
သူဘယ်လောက်ပြောပြော လက်မခံနိုင်တဲ့မေမေ့ကို ရှိန်း ဘာဆက်ပြောရမှန်းမသိတော့။ သူ ရှင်းရှင်း ပြောပြီးပြီပဲ မေမေဘာလို့စိုးရိမ်နေတယ်ဆိုတာ တကယ်ပဲနားမလည်မိ။
"Taxi နဲ့ပဲ မေမေသွားခိုင်းလိုက်ပါ့မယ် သားရယ်... သားတစ်ယောက်ထဲပဲ လွတ်လွတ်လပ်လပ်သွားပါ..."
သူမ စိုးရိမ်တာတွေဖြစ်မလာဖို့ သူမ သားလုပ်နေတာတွေကို တားမြစ်နေပေမယ့် သားကတော့ နားမလည် စွာ သူလုပ်ချင်တာကိုပဲ ပြန်ရှင်းပြနေတော့သည်။
"မေမေ... ကျေးဇူးပြုပြီး သားလုပ်နေတာတွေကို မတားပါနဲ့... မဖြစ်သင့်တာတွေ ဖြစ်မလာဖို့အတွက် သားလုပ်ရမှာပဲ... အရိပ်... သွား ကိုယ့်ကားထဲမှာစောင့်နေ..."
"ရှင်..."
ဆွေး ကိုလေးပြောတာကို နားမလည်သဖြင့် ပြန်မေးလိုက်မိလေသည်။
"ဆွေးက... ကိုလေးနဲ့အတူတူ ကျောင်းသွားရမှာလား..."
အလိုက်မသိစွာ ပြန်မေးနေတဲ့အရိပ်ကို ရှိန်း စိတ်မရှည်ဖြစ်သွားကာ
"မင်း နားမလည်ဘူးလား... ကားပေါ်မှာစောင့်နေဆိုတာ..."
ကိုလေးအသံက ဒေါသသံပါလာသဖြင့် ဆွေး ခေါင်းကိုကမန်းကတန်းငြိမ့်လိုက်ကာ
"ဟုတ်... ဟုတ်ကဲ့ ကိုလေး..."
ဆွေး ကိုလေးနဲ့အန်တီခင်တို့ရှေ့ကနေ မြန်မြန်ထွက်လာလိုက်မိသည်။ သူတို့တွေ ဘာတွေဖြစ်နေကြမှန်း ဆွေးမသိပေမယ့် ဆွေးနဲ့ပတ်သက်နေတယ်ဆိုတာတော့ ဆွေးသိပါတယ်။ ဆွေး ကိုလေးရဲ့ ကားနောက်ခန်းမှာဝင်ထိုင်လိုက်လေသည်။
ကိုလေး ဘာလို့အခုလိုလုပ်တယ်ဆိုတာဆွေးမသိပေမယ့် ကိုလေး အန်တီခင်နဲ့တောင်မှ အတိုက်အခံ ပြောဆိုနေတယ်ဆိုတော့ ဆွေးအတွက် ကိုလေးဘာတွေလုပ်နေတာလဲ။ အန်တီခင်လက်မခံနိုင် လောက်အောင် ကိုလေးက ဘာတွေများလုပ်နေလို့လဲ။
"ဒုန်း..."
ရုတ်တရက် ကားပေါ်ရောက်လာကာ ကားတံခါးကိုဆောင့်ပြီးပိတ်လိုက်တဲ့ ကိုလေးကြောင့် ဆွေး လန့်သွားကာ တုန်သွားလေသည်။ ကိုလေးက ကားစက်ကိုနှိုးလိုက်ပြီး အိမ်ထဲကနေ မောင်းထွက်လိုက်၏။ ကိုလေး ကားမောင်းတဲ့နှုန်းက ပုံမှန်ကနေပြီး တဖြည်းဖြည်းနဲ့များလာသဖြင့် ဆွေး တကယ်ပဲကြောက်လာ မိသည်။ တကယ်တော့ ကိုလေးမောင်းတဲ့ကားကို ဆွေး တစ်ခါမှမစီးဖူးခဲ့ပါ။ ဒါ ပထမဆုံးအကြိမ်။ ကိုလေးကားမောင်းတာ ကြမ်းလိုက်တာ။ ဒါ မောင်းနေကျနှုန်းပဲလား။
"ကိုလေး..."
ကိုလေးက ဆွေးခေါ်တာကိုမကြားဘဲ ကားကိုသာဆက်မောင်းနေလေသည်။ ဒီကားပေါ်မှာ ဆွေး ပါလာတယ်ဆိုတာကိုရော ကိုလေးသိရဲ့လားမသိ။
"ကိုလေး... ကိုလေး..."
"ဘာလဲ..."
"ဟိုလေ... ကားကိုနည်းနည်းလျှော့မောင်းပေးပါလားကိုလေးရယ်... ဆွေး... ဆွေးကြောက်လို့ပါ..."
ဟင်... ဟုတ်သားပဲ... သူ မေမေနဲ့စကားများလာပြီး ကားမောင်းမိတာဆိုတော့ ကားအရှိန်များတာကို သိပေမယ့် သူ မလျှော့မိ။ ကားပေါ်မှာ အရိပ်ပါလာတာကိုလည်း သူ တကယ်ပဲမေ့နေမိလေသည်။ သူ ကားအရှိန်ကို ချက်ချင်းပဲ လျှော့ပေးလိုက်၏။
"ဆောရီး အရိပ်... အရမ်းကြောက်သွားတာလား..."
ဒီလောက်အေးတဲ့ဆောင်းရာသီမှာတောင် ဆွေး ချွေးပြန်သွားမိ၏။
"ဟုတ်..."
အစိမ်းရောင်ဆွယ်တာခေါင်းစွပ်လေးကြားထဲကနေ ချွေးပြန်နေတဲ့ဆွေးကိုကြည့်ကာ ရှိန်း အဲကွန်းဖွင့်ပေး လိုက်မိလေသည်။ ဒါပေမယ့် သူကိုယ်တိုင်မှာတော့ အနွေးထည်ပါမလာခဲ့ပါ။
"ကိုလေး..."
"ဘာပြောမလို့လဲ..."
"ကိုလေးကို ကျေးဇူးတင်ပါတယ်..."
"မလိုပါဘူး... ကိုယ်မှာထားတာတွေသာမမေ့နဲ့... မင်းတိမ်လွှာနဲ့ လုံးဝမပတ်သက်ပါနဲ့..."
"ဟုတ်... ကိုလေးမကြိုက်ဘူးဆိုရင် ဆွေးမပတ်သက်ပါဘူး..."
ရှိန်း သူမ မသိအောင်ပြံုးလိုက်မိ၏။ မေမေနဲ့စကားများလို့ စိတ်တိုမိတာတွေလည်း ဘယ်ရောက်သွားမှန်း မသိတော့။ ဒီလိုမျိုးလေး အမြဲတမ်းနေချင်ခဲ့မိတာပါ။
ကျောင်းရောက်တော့ ကားပါကင်မှာ သူငယ်ချင်းဖြစ်သူတွေရဲ့ကားတွေကိုတွေ့လိုက်ရသဖြင့် ရှိန်း ကားပါကင်ထိုးဖို့ တခြားနေရာလိုက်ရှာလိုက်လေသည်။ သူနဲ့အရိပ် ကျောင်းအတူလာတယ်ဆိုတာ သူတို့ တွေ့သွားလို့မဖြစ်။ တော်တော်လေးအလှမ်းဝေးတဲ့နေရာရောက်တော့မှ ရှိန်း ကားပါကင်ထိုးလိုက်လေသည်။
"အရိပ် ကားပေါ်ကဆင်း..."
"ဟုတ်..."
ဆွေး ကားပေါ်ကဆင်းပြီးတော့မှ ကိုလေးက ကားပေါ်ကဆင်းလာလေသည်။
ရှိန်း ကားကိုလော့သေချာချလိုက်ပြီးမှ ကားသော့ကို လွယ်အိတ်ထဲသို့ထည့်လိုက်၏။ မေမေ့ကိုစိတ်ဆိုး လာတာကြောင့် အပေါ်ထပ်တောင်မှမဝတ်မိခဲ့။ ကားထဲကအဲကွန်းကြောင့်ရယ် အပြင်ကလေကြောင့် ချမ်းစိမ့်စိမ့်တောင်မှဖြစ်သွားမိလေသည်။
"ရှိန်း..."
အသံတစ်သံကြောင့် ရှိန်း အလန့်တကြားလှည့်ကြည့်မိလိုက်ရာ ရတုကိုတွေ့လိုက်ရသဖြင့် အ့ံသြသွားမိ၏။
"ဆောင်းရတု... "
ရတုရဲ့အကြည့်တွေက ဆွေးဆီသို့ ရောက်သွားကာ
"ဆွေးအရိပ်ကိုခေါ်လာပေးလို့ ရှိန်းကိုကျေးဇူးတင်ပါတယ်..."
မမဆောင်းရတုပြောနေတာကို ဆွေး နားမလည်ပေ။ ကိုလေးကတော့ တစ်ခုခုကို သိနေသည့်ပုံဖြင့် ငြိမ်နေ လေသည်။ ဒါပေမယ့် ကိုလေးမျက်နှာကတော့ အလိုမကျစွာ သုန်မှုန်နေ၏။
ရတု ဆွေးရဲ့လက်ကိုဆွဲလိုက်ကာ
"ရတု ဆွေးကိုခေါ်သွားမယ်နော်... ပြီးမှ သူ့အခန်းကို လိုက်ပို့ပေးလိုက်ပါ့မယ်..."
"အရိပ်က ကန်တင်းကိုတခါမှမရောက်ဖူးဘူး... အဲ့ဒါကြောင့် သေချာပြန်ပို့ပေးပါ..."
"စိတ်မပူပါနဲ့ ရှိန်းရယ်... ရတု သေချာပို့ပေးမှာပါ..."
ရတု ဆွေးရဲ့လက်ကိုဆွဲကာ ရှိန်းရှေ့ကနေထွက်သွားတော့၏။ ဆွေးကတော့ နားမလည်စွာဖြင့် သူ့ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ရတုနောက်ကနေ ပါသွားတော့သည်။ ရှိန်းရင်ထဲမှာ စိတ်မချဖြစ်မိပေမယ့်လည်း ရတုက ကြိုပြောထားတာမို့လို့ မတားမိခဲ့ပါ။
💕💕💕💕💕💕💕
"ကိုကို... ကိုကိုက ညီတို့နောက်က စားပွဲမှာထိုင်နေနော်... ဆွေးအရိပ်နဲ့ဆောင်းရတုရောက်လာရင် ညီ ဆောင်းရတုကို ပ ထုတ်ပေးမယ်... အဲ့ဒီ့တော့မှ ကိုကို ညီတို့စားပွဲကို ပြောင်းလာခဲ့..."
ခရာ နားလည်စွာနဲ့ခေါင်းငြိမ့်ပြလိုက်ပြီး ထိုင်နေတဲ့စားပွဲကနေ ရွှေ့ကာ နောက်က စားပွဲသို့ပြောင်းထိုင် နေလိုက်လေသည်။ ညီ့ကိုလည်း ကျောပေးပြီးထိုင်လိုက်၏။ Mask တပ်ထားသလို မျက်မှန်ကိုလည်း မချွတ်ရဲခဲ့။ အချစ်နဲ့ပတ်သက်ပြီး ဒုတိယအကြိမ်စွန့်စားရတာဖြစ်ပေမယ့် ပထမအကြိမ်ကလိုပင် ခရာ ရင်တွေခုန်နေခဲ့လေသည်။
"တိမ်လွှာ... "
"ဟင်..."
ဆွေး တိမ်လွှာ့ကို တွေ့သွားတော့ လန့်သွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။ ကိုလေးက သူနဲ့မပတ်သက်ရဘူးလို့ သေချာမှာထားခဲ့တာ။ မပတ်သက်ပါဘူးလို့ ဆွေးက ကတိပေးခဲ့လို့လည်း ဒီနေ့ကျောင်းတက်ခွင့်ရခဲ့တာ။ ကိုလေးသာသိသွားခဲ့ရင်... ဆွေး တွေးကာ ခေါင်းကိုအမြန်လေး ခါရမ်းလိုက်ပြီး ဆွေးလက်ကိုဆွဲထားတဲ့ မမဆောင်းရတုရဲ့လက်ကိုခွာချလိုက်လေသည်။
"ဘာဖြစ်တာလဲ ဆွေးအရိပ်..."
တိမ်လွှာရော ရတုပါ ဆွေးကိုကြည့်နေကြလေသည်။ ဆွေး မမဆောင်းရတုကိုကြည့်လိုက်ကာ
"ဆွေးကိုပြန်ပို့ပေးပါလား မမဆောင်းရတု..."
ဆွေးကိုကြည့်နေကြတဲ့ သူတို့နှစ်ယောက်လုံးရဲ့အကြည့်တွေက နားမလည်နိုင်သော မျက်လုံးတွေဖြစ်သည်။
"ဘာဖြစ်လို့လဲ..."
"ကိုလေးက ကိုမင်းတိမ်လွှာနဲ့မပတ်သက်ရဘူးလို့ ဆွေးကိုသေချာမှာထားပါတယ်... ထပ်ပြီးပတ်သက်ခဲ့ရင် ဆွေးကို ကျောင်းလုံးဝတက်ခိုင်းမှာမဟုတ်ဘူး... ဆွေး တောင်းပန်ပါတယ်... "
ခရာ နောက်ကျောဘက်ကနေကြားနေရတဲ့ သူမအသံကြောင့် လက်သီးကိုဆုပ်ထားလိုက်မိလေသည်။ နတ်ဆိုး... မင်း ဆွေးအပေါ် ဒီလောက်အထိနိုင်တာလွန်လွန်းတယ်။ ဒီနေ့ဒီအချိန်ကစပြီး ဆွေးအပေါ် မင်း ဘယ်တော့မှ အနိုင်မကျင့်စေရတော့ပါဘူး။
"ခနလေးပါ ဆွေးရယ်... ကျွန်တော် စကားနည်းနည်းလေးပဲ ပြောမှာပါ..."
ရတုရဲ့မျက်နှာက အလိုမကျသလို ဆွေးကိုကြည့်နေလေသည်။ သူကပဲ တိမ်လွှာ့လိုလူမျိုးကို ငြင်းချင်နေသေးတယ်။
"ဆွေး... ကိုလေး တွေ့သွားရင်..."
"မစိုးရိမ်ပါနဲ့ ဆွေးရယ်... ဒို့ ရှိန်းကိုစောင့်ကြည့်နေမှာပါ..."
"ကျေးဇူးပဲ ရတု... ကျွန်တော် ဆွေးနဲ့ နာရီဝက်လောက်နှစ်ယောက်ထဲစကားပြောလို့ရမလား..."
"နာရီဝက်..."
ရတု အ့ံသြသလိုပြန်မေးလိုက်မိသည်။ နာရီဝက်တောင်မှ ဘာစကားတွေပြောမှာလဲ။ ဟိုနတ်ဆိုးသာ ရောက်လာရင် အကုန်ဒုက္ခရောက်မှာကိုတော့ မသိဘူး။ အခု ရတုနဲ့လွှတ်သာပေးလိုက်တာ ဆွေးအရိပ်ကို စိတ်ချတာမဟုတ်ဘူး။
"မိနစ်နှစ်ဆယ်လောက်ပဲပြောပါ တိမ်လွှာရယ်... အရမ်းကြာနေရင် ရှိန်းအာကာသိသွားလိမ့်မယ်..."
တိမ်လွှာ တစ်ချက်ငြိမ်ပြီးစဉ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်လိုက်ကာ
"အင်းပါ... ဒါဆိုလည်းမိနစ်နှစ်ဆယ်ပေါ့..."
"ကဲ... ဆွေးအရိပ် ခနနေခဲ့နော်... နောက်မိနစ်နှစ်ဆယ်နေရင် ဒို့ မင်းကိုလာခေါ်မယ်..."
ဆွေး လက်ဖျားတွေအေးစက်လာလေ့တောသည်။
"ဆွေး ထိုင်လေ..."
မမဆောင်းရတုကတော့ ချက်ချင်းဆိုသလို ဘယ်ရောက်သွားမှန်းမသိ။ ဆွေး သူ့မျက်နှာကိုကြည့် လိုက်တော့ သူ့အကြည့်တွေက ဆွေးအပေါ်မှာ ပကတိရိုးသားပြီး တည်ကြည်နေလေသည်။ ဆွေး မဝ့ံမရဲဖြင့် သူ့ရှေ့ကခုံမှာဝင်ထိုင်လိုက်ကာ
"ဆွေးကို ဘာပြောမလို့လဲ..."
"မင်းကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးချင်လို့ပါ..."
"ညီ... ဆောင်းရတု သွားပြီလား..."
သူ့နောက်ကနေ အသံတစ်သံထွက်လာသဖြင့် ဆွေး အသံကိုမှတ်မိသွားကာ လန့်သွားလေသည်။
"သွားပြီ ကိုကို... ဒီဘက်ဝိုင်းကိုလာခဲ့လေ..."
ဆွေး သူ့ရဲ့ကျောပြင်ကို အ့ံသြတကြီးငေးကြည့်နေရင်းနဲ့ပဲ သူကမတ်တပ်ရပ်လာကာ ဆွေးတို့ထိုင်နေတဲ့ စားပွဲဝိုင်းသို့ရောက်လာလေသည်။ ထို့နောက် ဆွေးရဲ့ဘေးမှာပဲထိုင်ကာ ဆွေးကိုကြည့်နေ၏။ သူ့အကြည့် တွေက နွေးထွေးလွန်းတယ်လို့ဆွေးထင်မိသည်။
"ဒါက ကျွန်တော့်ကိုကို အက္ခရာမောင်... မင်း သိပါတယ် မင်းနဲ့နှစ်ခါလောက်ဆုံဖူးတယ်..."
"ဆွေး... ကိုယ် မျက်မှန်နဲ့ Mask ချွတ်လို့မရတာကို နားလည်ပေးပါ..."
ဆွေး သူ့ကိုကြည့်ကာ ပါးစက်ကနေ ဘာမှပြန်မပြောမိပေမယ့် ဆွေး ရင်ထဲမှာတော့ နားလည်ပါတယ်လို့ ဘယ်နှစ်ကြိမ်ပြောနေမိမှန်းမသိတော့ပေ။
"ကိုကိုက မင်းကိုသဘောကျတယ်ဆိုလို့ မင်းကိုတွေ့နိုင်အောင် ကျွန်တော်စီစဉ်ပေးခဲ့တာပါ..."
"မဖြစ်နိုင်ပါဘူး ကိုမင်းတိမ်လွှာ... ဆွေးနဲ့ ရှင့်ကိုကိုရဲ့ဘဝက မိုးနဲ့မြေလိုကွာခြားလွန်းပါတယ်..."
"အချစ်မှာ အဲ့ဒါတွေမလိုပါဘူး ဆွေးရယ်... ကိုယ့်ဘဝမှာ ဘယ်အရာကိုမှ လိုလိုလားလားတောင်းဆို ခဲ့ဖူးတယ်ဆိုတာ မရှိခဲ့ပါဘူး... ဒါပေမယ့် ဆွေးကိုတော့ ကိုယ့်ရင်ထဲကနေ မေတ္တာစစ် မေတ္တာမှန်နဲ့ချစ်မိ သွားခဲ့တာကြောင့် ကိုယ် အခုလိုမျိုး စွန့်စွန့်စားစားတွေလုပ်နေခဲ့ရတာပါ ဆွေးရယ်... ကိုယ့်အချစ်ကို ယုံပေးပါနော်..."
ကိုကိုကတော့ သူ့ရင်ထဲက ခံစားချက်အစစ်အမှန်တွေကို ဖွင့်ဟပြောဆိုနေလေတော့သည်။ ဆွေးအရိပ် ကတော့ ငြိမ်သက်ကာ ခေါင်းကိုငုံ့နေလေသည်။
"ဆွေး... ကိုယ် ဆွေးကိုချစ်တယ်..."
"ရှင်..."
ဆွေး သူ့ကိုကြည့်ကာ ပါးစပ်ပါဟသွားမိတော့၏။ သူ့ညီရှေ့မှာ မရှက်မရွံ့ သူ တကယ်ပဲ ပြောထွက်တယ်။
"ကိုကို ညီရှောင်ပေးချင်ပေမယ့် ရှောင်ပေးလို့မရတာကို ကိုကိုနားလည်ပေးပါ..."
"ကိုကို နားလည်ပါတယ် ညီ..."
တိမ်လွှာ့အကြည့်တွေက ဆွေးဆီသို့ရောက်သွားကာ
"ဆွေးအရိပ်... ကျေးဇူးပြုပြီး အချိန်တွေဆွဲမနေပဲ ကျွန်တော့်ကိုကိုလိုချင်တဲ့အဖြေတစ်ခုကိုပေးပေးပါ..."
"ဆွေး... ဆွေးတို့က ဘယ်လိုပဲတွေးတွေး မဖြစ်နိုင်လို့ပါ... ဆွေး တောင်းပန်ပါတယ်..."
ခရာ ခုံပေါ်တင်ထားတဲ့ သူမလက်လေးတစ်စုံ မဝ့ံမရဲကြည့်လိုက်ကာ
"ဒီလိုအပြတ်တော့မငြင်းလိုက်ပါနဲ့ဆွေးရယ်... ကျွန်တော် ဆွေးကိုစဉ်းစားစေချင်ပါတယ်... ကျွန်တော့် အချစ်တွေက ဆွေးကိုအားအင်တွေဖြစ်စေဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားမှာပါ ဆွေးရယ်..."
သူ့စကားတွေကြောင့် ဆွေး ရင်ထဲကနေ တကယ်ပဲ အားရှိသွားမိလေသည်။
"ဟုတ်ပါတယ် ဆွေးအရိပ်... ကျွန်တော့်ကိုကိုက မင်းအပေါ် ဘယ်လောက်ချစ်လဲဆိုတာ ကျွန်တော် အသိဆုံးပါ... အဲ့ဒါကြောင့်လည်း ကျွန်တော်ကိုယ်တိုင် နတ်ဆိုး ဆောရီး ရှိန်းအာကာလက်ထဲကနေ ဆွေးအရိပ်နဲ့ကိုကို ဆုံနိုင်အောင်လုပ်ပေးနေတာပါ..."
ဆွေး နားလည်စွာနဲ့ခေါင်းပဲငြိမ့်ပြလိုက်မိလေသည်။ မယုံကြည်နိုင်ခြင်းတွေကတော့ ခေါင်းထဲမှာအပြည့်ပါ။ ကိုလေးကို အားလုံးက နတ်ဆိုးလို့ခေါ်နေကျဆိုတော့ အဲ့အခေါ်အဝေါ်ကတော့ ဆွေးနဲ့မစိမ်းတော့ပါ။ ကိုမင်းတိမ်လွှာက အားနာစွာပြောနေပေမယ့် ဆွေး နားလည်ပါတယ်။
"ဆွေးကို ကျွန်တော်တစ်ခုလောက်မေးပါရစေ ဆွေး..."
သူ့လို နိုင်ငံကျော်တစ်ယောက်က ဆွေးကိုခခယယပြောနေသဖြင့် ဆွေး အားမာသွားမိလေသည်။
"ဟုတ်ကဲ့ မေးပါ..."
ကိုကိုမေးမယ့်မေးခွန်းကို တိမ်လွှာသိနေသည်။ မမေးစေချင်မိတာတော့အမှန်ပါ။
"ကိုကို... ကိုကိုမေးမယ့်မေးခွန်းကို အခုမမေးပါနဲ့ဦး... ညီ သေချာအောင် ထပ်ပြီးစုံစမ်းပေးပါ့မယ်..."
ခရာ သက်ပြင်းတခုကိုအသာလေးချလိုက်ကာ သိချင်စိတ်ကိုမြိုသိပ်ပြီး လျှော့ချလိုက်ရသည်။
"အင်းပါ... ကိုကိုနားလည်ပြီ ညီ..."
သူတို့ညီအကိုနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ်လို့ ဆွေးထင်မိသည်။ တစ်ယောက်ကိုတစ်ယောက် နားလည်ကြ၏။
"ဆွေး... ဆွေးသိလား... ကိုယ့်မှာလေ နှလုံးသားနှစ်ခုရှိတယ်... တစ်ခုက ကိုယ့်ရဲ့အနုပညာကို မြတ်နိုးတဲ့နှလုံးသား... နောက်တစ်ခုက ဆွေးကိုချစ်တဲ့ ကိုယ့်ရဲ့နှလုံးသား..."
"အို..."
စကားတွေတတ်လွန်းတဲ့ သူ့စကားတွေကြောင့် ဆွေး ရှက်ရွံ့စွာခေါင်းငုံ့လိုက်မိလေသည်။ ရုပ်ရှင်မင်းသားလို့ မပြောရဘူး သူ တော်တော်စကားကြွယ်တာပဲ။ ဒါပေမယ့် ဆွေးရင်တွေခုန်နေတာတော့အမှန်ပါပဲ။
"ဆွေး ကိုယ်တကယ်ပြောတာပါ ဆွေးရယ်... ဆွေး ကိုယ့်ကိုမယုံဘူးလားဟင်..."
"ဆွေး... ဆွေး..."
ဆွေး တကယ်ပဲဆွံ့အနေမိသည်။ နောက်ပြီး ကြောက်လည်းကြောက်နေမိ၏။ ကိုလေးသာသိသွားခဲ့ရင်...
"ဆွေး... ဆွေးကိုပြန်ပို့ပေးပါနော်... ဆွေး... ဆွေး ကိုလေးကိုကြောက်လို့ပါ..."
"ကျွတ်..."
ခရာ စိတ်တိုသွားမိလေသည်။
"ဆွေး... ရှိန်းအာကာကို ဆွေး ကြောက်စရာမလိုပါဘူး... ဒီနေ့ကစပြီး ဆွေးရဲ့အရှေ့ကနေ ကိုယ် မားမား မတ်မတ်ရပ်ပြီး သူနဲ့ရင်ဆိုင်ပေးပါ့မယ်... ဆွေးကတော့ ကိုယ့်အချစ်ကို လက်ခံပေးပါနော်... ဆွေးသာ လက်မခံရင် ကိုယ့်ဘက်က ဆွေးအတွက် ဘာမှလုပ်ပေးလို့ရမှာမဟုတ်ဘူး..."
"မဖြစ်နိုင်ပါဘူး ကိုအက္ခရာမောင်ရယ်... ဆွေးကြောင့် ရှင့်ကို ဒုက္ခမရောက်စေချင်လို့ပါ..."
"ကိုယ့်ဘက်ကဘာမှဖြစ်စရာအကြောင်းမရှိဘူး ဆွေး... ကိုယ် စိတ်ပူတာဘာလဲသိလား... ဆွေး သူ့ကို ကြောက်နေတာကိုပဲ ကိုယ်စိုးရိမ်းနေတာ..."
သူ့ရဲ့စိုးရိမ်မှုတွေက တစ်ဖက်သတ်ဆန်နေတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့်လည်း သူ့ရင်ထဲက ခံစားချက်တွေကိုတော့ သူ မမြိုသိပ်နိုင်ပါ။ ဆွေးက ရှိန်းအာကာကိုကြောက်နေသလောက် သူကတော့ ရှိန်းအာကာကိုသိပ်မုန်းတယ်။
"ဆွေးအရိပ်... ကိုကို့ကိုအဖြေမပေးနိုင်သေးရင်တောင်မှ ကိုကိုကျေနပ်လောက်မယ့်အဖြေတစ်ခုကိုတော့ ပေးလိုက်ပါ..."
"ဆွေး... ဆွေး..."
"ကဲပါ ဆွေးရယ်... ဆွေး ကိုယ့်ကိုစဉ်းစားပေးမယ်လို့ပဲ ကိုယ်သတ်မှတ်လိုက်မယ်နော်..."
"ဟို... ဟို..."
"တိမ်လွှာ..."
ရတုရဲ့အသံကိုကြားလိုက်ရသဖြင့် တိမ်လွှာမျက်လုံးပြူးသွားကာ
"ဟင်... ကိုကို... သွားတော့ ဆောင်းရတုလာနေပြီ..."'
"ကျွတ်..."
ကိုကို့မျက်နှာက အလိုမကျစွာ သုန်မှုန်သွားတော့ တိမ်လွှာပြံုးလိုက်မိလေသည်။
"ကဲပါ ကိုကိုရယ်... နောက်တစ်ခါတွေ့လို့ရအောင် ညီ စီစဉ်ပေးပါ့မယ်..."
"အင်းပါ... ဆွေး ကိုယ့်ကိုစဉ်းစားပေးနော်..."
ဆွေး ထုံးစံအတိုင်း ခေါင်းငုံ့ပြီးငြိမ်နေတာလား ခေါင်းပဲငြိမ့်မိသလားမသိတော့ပါ။
ခရာ နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ ကန်တင်းထဲကနေ တရွေ့ရွေ့ထွက်သွားတော့၏။ ရတုရောက်လာ တာနဲ့ ကိုကိုထွက်သွားတာအကိုက်ပဲဖြစ်သွားတာတော်သေးသည်။
"ဆွေးအရိပ် လာသွားရအောင်..."
"ရတု ဘယ်လိုဖြစ်တာလဲ... "
"ရှိန်းအာကာ ကန်တင်းကို ရောက်လာပြီ တိမ်လွှာရယ်... တိမ်လွှာ အမြန်သွားတော့..."
"ဗျာ... ဟုတ်ကဲ့..."
တိမ်လွှာ ကြောက်လို့မဟုတ်ပေမယ့် ရေရှည်ကိုတွေးကာ ခေါင်းငြိမ့်လိုက်မိ၏။ ဒီအချိန်က ရန်ဖြစ်ရမယ့် အချိန်မဟုတ်သေး။ ကိုကိုနဲ့ဆွေးအရိပ်တို့အတွက် တွေးပေးရဦးမှာဆိုတော့ တိမ်လွှာ ထိုင်နေရာကနေ ထလိုက်ပြီး ဆွေးကိုကြည့်လိုက်ကာ
"ဆွေး... စဉ်းစားပေးဖို့မမေ့နဲ့နော်..."
ဆွေး ကြောက်လန့်တကြား ယောင်ယမ်းပြီး ခေါင်းငြိမ့်လိုက်မိလေသည်။
"ဆွေးအရိပ် လာ သွားရအောင်... "
"ဟုတ်... မမရတု..."
ဆွေး ရင်တွေတုန်နေတာလား ခုန်နေတာလားတော့မသိ။ သေချာအောင်ပြောရမယ်ဆိုရင်တော့ ကိုလေး အကြောင်းတွေးမိရင် ရင်တွေတုန်ပြီး ကိုအက္ခရာမောင့်အကြောင်းတွေးမိရင် ရင်တွေခုန်လာတယ်လို့ပဲ ထင်မိလေသည်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာကိုတော့ စိတ်ထဲကနေ အလိုလိုသိနေပါတယ် ရှင်ရယ်...
💕💕💕💕💕💕💕

###
Eain Mat Kyal

ချစ်​သောကိုကို (Completed)Wo Geschichten leben. Entdecke jetzt