အခန်း(၂၀)

159 2 0
                                        

💕ချစ်သောကိုကို💕
💖အခန်း(၂၀)💖

"မဟုတ်သေးပါဘူး ညီရာ..."
ကိုကို့မျက်နှာအလိုမကျဖြစ်နေပုံမှာ တော်တော်လေးစိတ်ပျက်နေသည့်ပုံပင်။ အခန်းထဲမှာ ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်နေပေမယ့် မျက်နှာကတော့ စိုးရိမ်ပူပန်နေ၏။
"ကိုကိုရယ်... ညီလည်း လိုက်ရှာနေတာနှံ့နေပြီ... ဘယ်နေရာမှာမှ မတွေ့ဘူး..."
"ဒါ တစ်ခုခုမှားနေပြီဆိုတာတော့ ကိုကိုသိတယ် ညီ... ဒါပေမယ့် အဲ့ဒီ့အမှားက... ဘာလဲဆိုတာကို စဉ်းစားလို့မရတာ..."
ခရာ ညီ့ဘေးမှာဝင်ထိုင်လိုက်တော့ ညီက သူ့မျက်နှာကို သေချာကြည့်လိုက်ကာ
"ကိုကို... ညီ ကိုကို့ကိုလာခေါ်တော့ သူတို့တွေရှိသေးတယ်..."
"ဒါဆို..."
ခရာ မျက်မှောင်ကြုတ်သွားကာ ညီ့မျက်နှာကို အလန့်တကြားကြည့်လိုက်ကာ
"ညီ... ကိုကို့ကို ရှိန်းအာကာရဲ့ဖုန်းနံပါတ်စုံစမ်းပေးလို့ရမလား..."
တိမ်လွှာ ကိုကို့အမေးကြောင့် မျက်မှောင်ကြုတ်သွားမိလေသည်။
"နတ်ဆိုးရဲ့ဖုန်း ဟုတ်လား ကိုကို..."
"ဟုတ်တယ် ညီ... ဒါ သူနဲ့ပဲပတ်သက်နေလိမ့်မယ်... ကိုကို့ကို ခုချက်ချင်းစုံစမ်းပေးပါ ညီရယ်..."
တိမ်လွှာ နတ်ဆိုးရဲ့ဖုန်းနံပါတ်ရမယ့်နည်းလမ်းကို အမြန်စဉ်းစားလိုက်မိလေသည်။
"ညီ သူငယ်ချင်းတစ်ယောက်ကို ပြောကြည့်လိုက်မယ် ကိုကို ခနလေး..."
"အင်း..."
ပြောလည်းပြော ညီက သူ့သူငယ်ချင်းကို ဖုန်းဆက်နေလေသည်။ သူလည်းစိတ်တွေလှုပ်ရှားလွန်း၍ ဘာကိုအရင်လုပ်ရမှန်းမသိဖြစ်သွားမိ၏။ မနက်ဖြန် ဆွေးရဲ့မိဘတွေနဲ့ ဆွေးကိုတွေ့ပေးမယ်လို့ပြောထားခဲ့။ အိမ်ပြန်ရောက်တော့ ဆွေးမိဘတွေမရှိတော့ပေ။ ဘယ်သူ့ကိုမှလည်းမေးလို့မရခဲ့။
"အင်း ဟုတ်တယ်... မင်း ငါ့ကို မက်ဆေ့စ်ပို့ပေးလို့ရမလား..."
"......."
"Ok လေ... ငါ စောင့်နေမယ်..."
"......."
"အင်း... သင့်(ခ်)ယူ..."
ဖုန်းပြောနေတဲ့တိမ်လွှာ့ကို ခရာ စိတ်မရှည်စွာကြည့်လိုက်မိလေသည်။
"ညီ့သူငယ်ချင်းက မက်ဆေ့စ်ပို့ပေးမယ်တဲ့ ကိုကို..."
"ဟုတ်လား... ညီရော ဘယ်လိုထင်လဲ... ဒါ သူနဲ့ပဲပတ်သက်နေမယ်မို့လား..."
တိမ်လွှာ ဖုန်းကိုစားပွဲပေါ်တင်လိုက်ကာ ကိုကို့ကိုကြည့်ပြီး ခေါင်းကုတ်လိုက်မိလေသည်။
"ညီ မပြောတတ်ဘူး ကိုကို... ဘာလို့လဲဆိုတော့ ကိုကိုရော ညီရော နတ်ဆိုးနဲ့တွေ့ပြီး မေမေ့ကြောင့် ချက်ချင်းပြန်လာခဲ့ကြတာပဲလေ... နတ်ဆိုးတို့ကျန်ခဲ့တာပဲလေ..."
ခရာ့မျက်ခုံးတွေ ကျံု့တက်သွားကြကာ
"ဒါဆို ညီပြောချင်တာက မေမေနဲ့..."
"တွီ..."
မက်ဆေ့စ်သံကြောင့် ပြောလက်စစကားကိုရပ်လိုက်ကာ ခရာ ညီ့ရဲ့ဖုန်းကို ကောက်ယူကြည့်လိုက်လေ သည်။ ထို့နောက် သူ့ဖုန်းကိုပါယူလိုက်ကာ
"ကိုကို သူ့ကိုဖုန်းဆက်သင့်ရဲ့လား ညီ..."
"ကိုကိုစိတ်ထဲမှာမရှင်းမလင်းဖြစ်နေရင် ဆက်လိုက်ပါ... ညီက သေချာမပြောနိုင်သေးလို့ စဉ်းစားနေတာ..."
ခရာ ခေါင်းငြိမ့်လိုက်ကာ တိမ်လွှာ့ဖုန်းထဲက ရှိန်းရဲ့ဖုန်းနံပါတ်ကိုကြည့်လိုက်ပြီး သူ့ဖုန်းနဲ့ခေါ်လိုက်လေ သည်။
ကိုကို့ကို တိမ်လွှာ စိုးရိမ်စွာကြည့်နေမိ၏။ ဒီကိစ္စက နတ်ဆိုးနဲ့ပတ်သက်နေမယ်လို့ သူ မထင်မိပါ။ တော်ကြာ နတ်ဆိုးကပြဿနာရှာနေရင် ကိုကိုဒုက္ခရောက်နေဦးမယ်။
"ဟယ်လို..."
"ဟယ်လို ရှိန်းအာကာ..."
"ဟုတ်ပါတယ်... အခုပြောနေတာက... ဟင်..."
ရှိန်း အသံကိုနားထောင်ကာ အ့ံသြသွားလေတော့သည်။ ဘယ်လိုလုပ်ပြီး အက္ခရာမောင်က...
"ဟုတ်ပါတယ် အက္ခရာမောင်ပါ... မင်းကိုပြောစရာရှိလို့..."
"ခင်ဗျားလိုလူမျိုးက ဖုန်းဆက်လာတော့ ကျွန်တော် ကိုယ့်ကိုကိုယ်ဂုဏ်ယူရမလားတောင် မပြောတတ်တော့ဘူးဗျာ..."
ခရာ နှုတ်ခမ်းကို အသာရွဲ့လိုက်မိကာ
"မင်း အပိုတွေပြောမနေနဲ့ ရှိန်းအာကာ... ငါ ဆွေးကို ကတိပျက်အောင်လို့ မင်း တမင်လုပ်တာမို့လား..."
သူ ဘာပြောတယ်ဆိုတာကို ရှိန်း တကယ်နားမလည်မိသဖြင့် နဖူးပေါ်ကျလာတဲ့ဆံပင်တွေကို သပ်တင် လိုက်ကာ
"ဟာ ဘလိုင်းကြီးပါလား... ကျုပ်က ခင်ဗျားကို ဘာတွေများလုပ်နေလို့လဲ..."
"ငါ့အိမ်မှာရှိနေတဲ့ အရိပ်ရဲ့မိဘတွေကို မင်း ခေါ်သွားတယ်မို့လား..."
တိမ်လွှာ ကိုကို့မျက်နှာကိုပဲကြည့်နေမိလေသည်။ ရှိန်းအာကာလက်ချက်မဟုတ်မှန်း သူသိနေမိသည်။
"ဘာလဲ... အရိပ်ရဲ့မိဘတွေ ခင်ဗျားအိမ်မှာမရှိတော့လို့လား... အစကတည်းက မရှိတာမဟုတ်ဘူးလား ကိုအက္ခရာမောင်ရာ..."
"ဒီမှာ ရှိန်းအာကာ... မင်းရဲ့ကောက်ကျစ်တဲ့ဉာဏ်ကို ငါမသိဘူးများ အောက်မေ့နေလား..."
"ခင်ဗျား သိနေတယ်ဆိုလည်း ပြောပြလေဗျာ..."
"ပြောပြနေစရာလိုသေးလို့လား... မင်း ဆွေးကိုတကယ်ချစ်ရင် ငါ့ကို မှန်မှန်ကန်ကန်နဲ့ယှဉ်ပြိုင်လေ... အဆင့်မရှိတဲ့လုပ်ရပ်တွေနဲ့တော့ လာမပြိုင်နဲ့..."
သူ ဒေါသတွေဘယ်လောက်တောင်မှ ထွက်လာမိမှန်းမသိတော့။ သူ့အနားမှာ ရှိန်းအာကာသာရှိနေရင် မျက်နှာတစ်ခုလုံး ဒဏ်ရာဗလပွဖြစ်နေလောက်ပြီ။
"အဆင့်မရှိတဲ့လုပ်ရပ် ဟုတ်လား..."
နဂိုကတည်းက ညိုနေတဲ့ ရှိန်းရဲ့နှုတ်ခမ်းအစုံဟာ တွန့်ကွေးသွားလေသည်။
"ကျုပ်သာ အရိပ်ကိုပိုင်ဆိုင်ချင်ရင် ဒဿဂီရိ မယ်သီတာကို ပန်းရထားနဲ့ခိုးပြေးသလို ခိုးပြေးစရာမလိုဘူး... ကျုပ်တို့ကတစ်အိမ်ထဲမှာ နေနေကြတဲ့လူတွေဆိုတာ ခင်ဗျား သိပါတယ် ကိုအက္ခရာမောင်..."
"ဘာ... ရှိန်းအာကာ မင်း ဆွေးကို သတ္တိရှိရင် လက်ဖျားနဲ့ထိကြည့်လိုက် ငါ မင်းကိုခွင့်မလွှတ်ဘူး..."
"ဟား....ဟား...ဟား... ကိုအက္ခရာမောင်ရယ်... ခင်ဗျားက အရိပ်နဲ့ ဘာပတ်သက်မှုမှမရှိသေးဘူးဆိုတာ မေ့မထားပါနဲ့..."
"ဆွေးက ငါ့ကိုချစ်တယ် ရှိန်းအာကာ..."
"ထပ်ပြီးဆုတောင်းလိုက်ပါဦးဗျာ... ကဲ ကျုပ် ခင်ဗျားကို စကားပြောချင်စိတ်မရှိတော့ဘူး... အရိပ်ရဲ့ မိဘတွေကိုခေါ်ပြီးတော့ မနက်ဖြန်လာခဲ့ပါ..."
"နေဦး ရှိန်းအာကာ..."
သူပြောနေတာကိုဆက်နားမထောင်တော့ဘဲ ရှိန်း ဖုန်းကိုချပစ်လိုက်လေသည်။ ဘာဖြစ်တယ်... အရိပ်က ခင်ဗျားကိုချစ်တယ်တဲ့လား... အဲ့လိုဖြစ်ခဲ့ရင် ခင်ဗျားနဲ့ကျုပ် ကမ္ဘာမကြေတဲ့ရန်သူတွေတောင်ဖြစ်သွား ဦးမယ်။
"တောက်...
ခရာ စိတ်တိုစွာဖြင့် ဖုန်းကို စားပွဲပေါ်တင်လိုက်လေသည်။ စကားပြောတာကိုက အဆင်မပြေဘူး။
"ဘာတဲ့လဲကိုကို... ဆွေးအရိပ်ရဲ့မိဘတွေကို သူခေါ်သွားတာမဟုတ်ဘူးတဲ့လား..."
ခရာ ခေါင်းရမ်းလိုက်ကာ
"မဟုတ်ဘူးတဲ့ ညီ... ကိုကိုတော့ ခေါင်းတွေရှုပ်လာပြီ ဘယ်လိုမှစဉ်းစားလို့မရတော့ဘူး..."
ခရာ စိတ်ညစ်စွာဖြင့် သက်ပြင်းချလိုက်မိလေသည်။
"ခေါင်းရှုပ်ခံပြီး စဉ်းစားမနေနဲ့သား..."
မေမေ့အသံကြောင့် သူတို့ညီအကိုနှစ်ယောက် ခေါင်းထောင်လာကြလေသည်။
"မေမေ..."
ဒေါ်နှင်းဆီ ဆလင်းဘတ်အိတ်ကို စားပွဲပေါ်တင်လိုက်ကာ ခရာ့ကိုသေချာကြည့်လိုက်ပြီး
"ဟုတ်တယ် သား... သူတို့ကို သုံးလစာပေးပြီး မေမေကိုယ်တိုင် အလုပ်ထုတ်လိုက်တာ..."
"ဗျာ..."
ခရာ မေမေ့စကားကြောင့် ထိတ်လန့်အ့ံသြသွားမိ၏။
"ဘာလို့လဲ မေမေ..."
မေမေ့မျက်နှာက အနည်းငယ်ခက်ထန်နေတယ်လို့ တိမ်လွှာထင်မိသည်။ အဲ့ဒါကြောင့် သူ ဘာမှဝင်မပြောဘဲ နားထောင်နေတာဖြစ်သည်။
"ဘာလို့လဲ ဟုတ်လား သား..."
မေမေက နားမလည်စွာပြန်မေးလာသဖြင့် ခရာ ဘာပြန်ပြောလိုက်ရမှန်းမသိဖြစ်သွားလေသည်။
ဒေါ်နှင်းဆီ ခရာ့ဆီကနေအကြည့်တွေကိုလွှဲလိုက်ကာ ခါးကိုမတ်မတ်ထားလိုက်ပြီး
"ကောင်းပြီလေ ဒါဆိုမေမေပြောပြရတာပေါ့... အဓိကကတော့ သူတို့က ဆွေးအရိပ်ရဲ့မိဘတွေ ဖြစ်နေလို့ပဲ..."
"ဗျာ..."
ဒေါ်နှင်းဆီ သားဖြစ်သူကို စူးရဲစွာကြည့်လိုက်ပြီး
"ဗျာလုပ်မနေနဲ့ သား... မေမေ အရှင်းဆုံးပြောထားပြီးသားပဲ... အဲ့လိုမိန်းကလေးမျိုးနဲ့ သားကို ဒီဘဝမပြောနဲ့ ဘယ်ဘဝပဲဖြစ်ဖြစ် မေမေ သဘောမတူဘူး သား..."
"မေမေရယ်... ဆွေးကဘာဖြစ်နေလို့လဲ..."
"ဘာပိုင်ဆိုင်မှုမှမရှိတဲ့လူတစ်ယောက်မို့လို့ပဲ..."
"အချစ်မှာ ပိုင်ဆိုင်မှုကအရေးကြီးလို့လား မေမေရယ်... သားတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နားလည်စွာ ချစ်နေကြဖို့ပဲမဟုတ်ဘူးလား..."
"ရိုမန်တစ်ဆန်တဲ့စကားလုံးတွေနဲ့ မေမေ့ကို လာမပြောနဲ့သား... ဘဝဆိုတာ အချစ်ဝတ္ထုတွေလောက် ကဗျာဆန်ကြတာမဟုတ်ဘူး..."
ရင်ထဲမှာ အနည်းငယ်တော့ နာကျင်သွားမိလေသည်။
"ချစ်မိတာအပြစ်ရှိခဲ့တာလား... ဘဝတွေမတူတာအပြစ်ရှိခဲ့တာလား... ဘယ်လိုပဲဖြစ်ဖြစ် သား ဆွေးကိုပဲချစ်တယ် မေမေ..."
"တော်စမ်း... အက္ခရာမောင်... မင်း ဒီအမေကို အာခံဖို့စဦ်းစားပြန်ပြီလား..."
"အာခံတာမဟုတ်ဘူး မေမေ... သားဘဝကအရာရာပြည့်စုံလုံလောက်နေပြီပဲ... သားဘဝမှာ ငွေကြေးဥစ္စာဆိုတာလည်း မလိုအပ်တော့ဘူး... အဲ့ဒီ့အတွက် ဆွေးမှာ ဘာမှမရှိတော့ရော ဘာမှမဖြစ်ပါဘူး မေမေရယ်..."
ဒေါ်နှင်းဆီ တော်တော်လေးဒေါသထွက်သွားကာ မတ်တပ်ရပ်လိုက်ပြီး
"မေမေ အပြတ်ပဲပြောလိုက်တော့မယ် သား... မင်းကို ရတုနဲ့ မြန်မြန်လက်ထပ်ပေးတော့မယ်... မင်းရဲ့ဂုဏ်သိက္ခာ... ဒါမှမဟုတ် မေမေ့ရဲ့အသက်ကို ဂရုမစိုက်ဘူးဆိုရင် မင်း လုပ်ချင်တာသာလုပ်တော့..."
"မေမေ..."
သားအမိနှစ်ယောက်ကြားက စကားလုံးတွေဟာ တဖြည်းဖြည်းနဲ့ ပြင်းထန်လာကြလေသည်။ တိမ်လွှာ မေမေ့မျက်နှာကိုတစ်လှည့်... ကိုကို့မျက်နှာကိုတစ်လှည့်ကြည့်လိုက်မိ၏။ တကယ့် ကျောက်ဆောင်နဲ့ လှိုင်းလုံးတို့လို့ပါပဲ မေမေ့ဘက်က ဘယ်လောက်ပဲအရှိန်ပြင်းပြင်းနဲ့ရိုက်ခတ်ရိုက်ခတ် ကိုကိုကတော့ ကျောက်ဆောင်ကဲ့သို့ တင်းမာနေတော့၏။
"နောက်ပြီးမှ မေမေရက်စက်တယ်လို့တော့ လာမပြောနဲ့... ကိုယ့်သားသမီးကောင်းစားဖို့အတွက် မိဘတိုင်းက ဘာမဆိုလုပ်မှာလဲ..."
ဒေါ်နှင်းဆီ တိမ်လွှာ့ကိုတစ်ချက်ကြည့်ကာ ထွက်သွားတော့၏။ သတိထားဆိုသည့်အကြည့်မို့ တိမ်လွှာ ခေါင်းလေးပုသွားမိ၏။
💕💕💕💕💕💕💕
"ဟယ်လို... ဘာတဲ့လဲ ကိုဖြိုး..."
"အခြေအနေက ချက်ချင်းကြီး ရှုပ်ထွေးသွားတယ် ရှိန်း..."
ရှိန်း ဧည့်ခန်းထဲက ဆိုဖာပေါ်မှာတင်ထားတဲ့သတင်းစာကို ယူနေရင်းကနေ မျက်မှောင်ကြုတ်သွားကာ
"ဘယ်လိုမျိုးလဲ..."
"ကြည့်ရတာ ဆွေးအရိပ်ရဲ့မိဘတွေ အဲ့ဒီ့အိမ်မှာ ရှိတဲ့ပုံပဲ..."
"ဘာ..."
လက်ထဲက သတင်းစာတောင်မှ အောက်ကို လွတ်ကျသွားမလို ဖြစ်သွားလေသည်။
"ဟုတ်တယ် ရှိန်း... ဒါပေမယ့် အခုတော့မရှိဘူးကွ..."
ကိုဖြိုးရဲ့စကားကြောင့် သူ နားရော ခေါင်းရော ရှုပ်သွားမိလေသည်။ သတင်းစာကို စားပွဲပေါ်တင်လိုက်ကာ
"ကိုဖြိုး... ငါ့ကို သေချာနားလည်အောင် ပြောပြစမ်းပါကွာ..."
"ဒီလို ရှိန်း... အရင်နေ့တွေက အဲ့ဒီ့အိမ်မှာ ရှိသေးတယ်... ဒီနေ့မှမရှိတော့တာ...'
"ဟင်... မင်းပြောတာကို ငါမရှင်းဘူး ကိုဖြိုး..."
"ကိုအက္ခရာမောင်က ဆွေးအရိပ်ကို ကြိုက်နေတယ်ဆိုတာကို ကိုအက္ခရာမောင်ရဲ့အမေက သိနေခဲ့တာ လေ... အဲ့ဒါကြောင့်လည်း ဆောင်းရတုနဲ့ စေ့စပ်ပေးခဲ့တာ... အခုကိစ္စမှာလည်း သူ့အမေရဲ့လက်ချက်လို့ပဲ ငါထင်တယ် ရှိန်း..."
"ဒါဆို မင်း သေချာမသိဘူးပေါ့..."
"သေချာတာနှစ်ခုရှိတယ်... ပထမတစ်ခုက အဲ့ဒီ့အိမ်မှာ ကိုအက္ခရာမောင်ပြောသလိုပဲ ဆွေးအရိပ်ရဲ့ မိဘတွေ ရှိခဲ့တယ်... နောက်တစ်ခုက ဒီနေ့ပဲ သူတို့တွေမရှိတော့ဘူး..."
ရှိန်း သဘောကျစွာပြံုးလိုက်ပြီး
"ကောင်းတယ်... ငါလည်း အဲ့လိုဖြစ်စေချင်တာ..."
"မင်းက ဆွေးအရိပ်ကို သူ့မိဘတွေနဲ့ ပြန်မတွေ့စေချင်လို့လား ရှိန်း..."
သူ့စိတ်ထဲမှာ အနည်းငယ်တော့ နာကျင်သွားမိလေသည်။
"ငါ မတွေ့စေချင်တာမဟုတ်ဘူး... အရိပ်နဲ့ သူ့မိဘတွေပြန်ဆုံတွေ့သွားရင် အရိပ် ငါ့ကိုထားခဲ့မှာကြောက်တာ..."
လှေကားပေါ်ကနေဆင်းလာတဲ့ ဒေါ်ခင်ခင့်ခြေလှမ်းတွေ ရပ်တန့်သွားလေတော့သည်။ ဧည့်ခန်းထဲမှာ ဖုန်းပြောနေတဲ့ ရှိန်းကိုလှမ်းကြည့်လိုက်ကာ စိတ်ထဲကနေပြီး ဘုရားတလိုက်မိ၏။
"ဘုရား... ဘုရား... သားက မိဆွေးကိုသဘောကျနေခဲ့တာလား... ဟင့်အင်း အဲ့လိုအဖြစ်မခံနိုင်ဘူး..."
"ငါ နားလည်ပါတယ် ရှိန်းရာ... တကယ်ဆိုရင် မင်း ဆွေးအရိပ်ကို ဖွင့်ပြောသင့်နေပြီ ရှိန်း... ဒီစကားကို ငါတို့ခနခနပြောရလွန်းလို့ မင်းလည်းနားညီးနေပြီဆိုတာ သိပါတယ်ကွာ..."
နားငြီးတာမဟုတ်ပေမယ့် သူငယ်ချင်းတွေက အဲ့လိုပြောလာတိုင်း သူလည်း နာကျင်စွာခံစားရတာ အမှန်ဖြစ်သည်။
"ငါ အရိပ်ကိုချစ်တယ် ကိုဖြိုး... ငါ ဖွင့်ပြောမှာပါ... "
"ငါတို့ဝမ်းသာတယ် ရှိန်း... မင်းပြောသလိုသာဆိုရင် ဆွေးအရိပ်က ကိုအက္ခရာမောင်ကို သဘောကျနေတာ မို့လို့ ငါတို့လည်းစိတ်ပူနေတာ..."
"ငါ ဘယ်တော့မှ အဲ့လိုအဖြစ်မခံနိုင်ဘူး ကိုဖြိုး... အရိပ်ကို ငါကလွဲပြီး ဘယ်သူမှ မပိုင်ဆိုင်စေရဘူး..."
"ငါတို့လည်း အဲ့လိုဖြစ်စေချင်တာ ရှိန်း..."
"အင်းပါ... ငါ မင်းတို့ကို ကျေးဇူးတင်ပါတယ်... အရိပ်ရဲ့မိဘတွေကို ငါ့ကိုယ်စား မင်းတို့လည်း ကူရှာပေးကြပါ..."
ဒေါ်ခင်ခင် အ့ံသြသွားကာ
"ဟင်... ဒါဆို ခင်ပိုးတို့လင်မယား ပြန်ရောက်လာကြတာလား..."
"အင်းပါ... ငါ့အသိတွေကိုလည်း ငါပြောထားတယ် ရှိန်း... ဝဏ္ဏတို့လည်း ရှာနေကြတာ..."
"ငါ မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ...."
"မလိုပါဘူး သူငယ်ချင်းရာ... ငါတို့က သူငယ်ချင်းတွေပဲ..."
"အေးပါကွာ... ဒါဆို ငါ ဖုန်းချလိုက်တော့မယ်..."
"အင်း..."
ရှိန်း ဖုန်းချလိုက်ကာ ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားလိုက်လေသည်။ အခြေအနေအရ အက္ခရာမောင်ပြောသလိုပဲ အရိပ်ရဲ့မိဘတွေက သူ့အိမ်မှာတကယ်ရှိခဲ့တာ။ အခု သူ့အမေက သိသွားလို့ အရိပ်ရဲ့မိဘတွေကို အိမ်ကနေနှင်ထုတ်လိုက်တာဖြစ်ရမယ်။
"သား..."
ရှိန်း မေမေ့ကိုလှည့်ကြည့်လိုက်ကာ
"မေမေ..."
ဒေါ်ခင်ခင် ရှိန်းရဲ့ဘေးမှာထိုင်လိုက်ကာ
"ခုနက မေမေကြားခဲ့ရတဲ့စကားတွေက အမှန်တွေလား..."
"ဗျာ... မေမေ..."
မေမေကြားသွားသဖြင့် သူ စိုးရိမ်သွားမိတော့၏။ သူ အရိပ်ကိုချစ်နေတာကိုပါ မေမေသိသွားခဲ့ပြီလား။
"မေမေ ကြားထားတွေကအမှန်လား ရှိန်းအာကာ..."
သူ နားလည်သွားကာ ခေါင်းကိုငြိမ့်ပြလိုက်မိလေသည်။
"မိဆွေးရဲ့မိဘတွေဘယ်မှာလဲ..."
"သားလည်း လိုက်ရှာနေတာ မေမေ..."
"မင်းက ဘာလို့လိုက်ရှာနေတာလဲ..."
သူ မေမေ့ကိုမော့ကြည့်လိုက်မိကာ
"မေမေ သား အရိပ်ကိုချစ်တယ်..."
"ဘာ... မင်း ရူးနေတာလား ရှိန်း..."
မေမေသည်လည်း ခါးခါးသီးသီးငြင်းဆန်နေလေသည်။
"ချစ်တာပဲမေမေရယ်... ရူးတာတဲ့လား... မေမေပြောတဲ့အတိုင်းသာဆိုရင် သား ရူးနေပြီ မေမေ..."
"ရှိန်း... မေမေ သဘောမတူဘူး...."
"ဘာလို့လဲလို့တော့ သားမမေးတော့ဘူး မေမေ... ဒါပေမယ့် သား တစ်ခုပြောချင်တာက မေမေတို့လူကြီးတွေဖြစ်ခဲ့တဲ့ပြဿနာထဲ သားတို့လူငယ်တွေကို ဆွဲမထည့်ပါနဲ့..."
"သား... မေမေပြောတာ သေချာနားထောင်... သူ့မိဘတွေကလည်း သားနဲ့သဘောတူမှာမဟုတ်ဘူး..."
"ဘာလို့လဲ မေမေ..."
"သားက မေမေတို့ရဲ့သားဖြစ်နေလို့ပဲ..."
"ဟင်..."
"ဟုတ်တယ်... သူတို့ ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး သား... အဲ့ဒါကြောင့် မေမေလည်း သဘောမတူဘူး... သူတို့ပိုက်ဆံပြန်ပေးပေး မပေးပေး... မေမေ သူတို့နဲ့မပတ်သက်တော့ဘူး သား... မင်း မိဆွေးကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့..."
မေမေဆက်ပြောမယ့်စကားကို သူ နားမထောင်တော့ဘဲ ခေါင်းရမ်းလိုက်ကာ
"အရုပ်လေးတစ်ရုပ်လိုမဟုတ်ဘဲနဲ့ ဘဝလက်တွဲဖော်အဖြစ် ကျွန်တော် အရိပ်ကိုချစ်တယ်... အရိပ်ကို ပိုင်ဆိုင်ချင်တယ် မေမေ..."
"အဲ့ဒီလိုကတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး သား..."
"ဘာလို့လဲ မေမေ..."
"သူ့မိဘတွေက မေမေ့ပေါ်မှာ အငြိုးတွေရှိခဲ့တာ... "
"ဒါ သားတို့လူငယ်တွေနဲ့ဘာဆိုင်လို့လဲ မေမေရာ..."
ဒေါ်ခင်ခင် သားဖြစ်သူကို ဂရုဏာသက်စွာ ကြည့်လိုက်ကာ
"မေမေ သားကိုမပြောရက်ပါဘူး သားရယ်... သားခံစားနေရမှာကိုလည်း မေမေမကြည့်ရက်ဘူး..."
"သား အရိပ်ကို ဘယ်လိုအကြောင်းနဲ့မှ စွန့်လွှတ်မှာမဟုတ်ဘူး မေမေ..."
"သားရယ်... သားရဲ့ဘဝအတွက် သားကိုယ်တိုင်ပဲ စဉ်းစားပါကွယ်..."
မေမေကတော့ ပြောချင်တာပြောပြီး ထထွက်သွားပေမယ့် သူ့ရင်ထဲမှာတော့ နာနာကျင်ကျင်နဲ့ ကျန်ခဲ့လေ တော့သည်။ ဘာလို့လဲ... မေမေတို့လူကြီးတွေကြားမှာ ဘယ်လိုပြဿနာတွေများဖြစ်ခဲ့ကြလို့လဲ။ ဒါပေမယ့် မေမေပြောသလိုပဲ အရိပ်ရဲ့မိဘတွေက သဘောမတူဘူးဆိုရင်တောင်မှ သူ ကြိုးစားသွားမှာပါ။ အရိပ်ကိုတော့ သူ မချစ်ဘဲ နေနိုင်မှာမဟုတ်။ အရိပ်ရဲ့မိဘတွေကို အက္ခရာမောင်ထက် သူ အရင်ရှာ တွေ့အောင် ကြိုးစားမယ်။ ပြန်တွေ့ရင် မေမေတို့မှားခဲ့တာတွေအတွက် သူ ဒူးထောက်တောင်းပန်မယ်။ တောင်းပန်ပြီးရင် အရိပ်ကိုဖွင့်ပြောမယ်။ သူ့ရဲ့အနာဂတ်မှာ အရိပ်နဲ့ပတ်သက်ပြီး အဲ့လိုစဉ်းစားထားတယ်။ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးတစ်ခုကို အရိပ်နဲ့အတူ ဖြတ်သန်းချင်တာ ဆန္ဒတစ်ခုပါပဲ... ချစ်တယ် အရိပ်ရယ်...။
💕💕💕💕💕💕💕

###
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Место, где живут истории. Откройте их для себя